#HS ဆိုတာ Harmonized System tariff ဟုအဓိပါယ်သက်ရောက်ပါတယ်ဗျ ကျွန်တော်တို့ HS code ဆိုတာဘာလဲမသိရင် Trade လုပ်လို့မရပါဘူးဗျ ဒါကိုနားလည်မှသာ ကိုယ် Trade လုပ်မဲ့ ကုန်ပစ္စည်းကို ဘယ်လောက် Duty ဆောင်ရမလဲဆိုတာ အသေးစိတ်သိမှာဖြစိပါတယ်ဗျ။ ကျွန်နော်အားလုံးသဘောပေါက်လွယ်အောင် အကြမ်းဖျင်းရှင်းပြပါ့မယ်ဗျ။

လက်ရှိကျွန်တော်တို့ ပစ္စည်းတစ်ခုသွင်းလာရင် သူ့ပစ္စည်းနဲ့ပတ်သတ်တဲ့ သတ်မှတ်ထားတဲ့ code အလိုက် Customs duty 3% လား 20% လားစသဖြင့်ပေါ့ဗျာ duty အကြမ်းသိရမယ် ပြီး logistics cost ဘယ်လောက် စသဖြင့်အကြမ်းဖျင်းသိမှ စျေးကွက်ကိုချိန်ဆ တွက်ချက်လို့ရမှာဖြစ်တဲ့အတွက်အလွန်ကိုအရေးပါပါတယ်ဗျ။

Section

21

Chapter

98

Headings

1222

Sub headings

5367

Statistics.

572

Total tariff line

10813 လိုင်းစသဖြင့်ရှိတယ်ဗျ။

ရှုပ်သွားကြပြီလား မရှုပ်ပါနဲ့ဒါကသိထားသင့်လို့ပါဗျ ကဲအဲ့တော့ကျွန်တော် Section 21 ခုမှာ ဘာတွေဘယ်လိုခွဲထားလဲရှင်းပြပေးပါ့မယ်ဗျ
သက်ရှိတိရိစ္ဆာန်များနှင့်တိရိစ္ဆာန်ထွက်ပစ္စည်းတွေပေါ့ဗျာ

Section 2
ဟင်းသီးဟင်းရွက်နှင့်သီးနှံထွက်ပစ္စည်းတွေပေါ့ဗျာ
တိရိစ္ဆာန်(သို့)ဟင်းသီးဟင်းရွက်အဆီနှင့် ဆီများ၊ပြုပြင်မွန်းမံထားသောစား၍ရသော အဆီများ တိရိစ္ဆာန် (သို့)ဟင်းသီးဟင်းရွက်မှရသော ဖယောင်းများ
ပြုပြင်မွန်းမံထားသောသားသောက်ကုန်များ၊အရက်၊ရှလကာရည်၊ဆေးရွက်ကြီး၊ဆေးလိပ်နှင့်ထုတ်လုပ်ရရှိသော ဆေးရွက်ကြီးအစားထိုးပစ္စည်းများ
တွင်းထွက်ပစ္စည်များ
ဓာတုပစ္စည်းများ (သို့)ယင်းနှင့်ဆက်စပ်နေသောစက်မှု့ထုတ်ကုန်ပစ္စည်များ
Plastics နှင့် plasticsဆိုင်ရာပစ္စည်းများ
တိရိစ္ဆာန်သားရေစိမ်း၊သားရေသားမွှေးနှင့်ဆက်စပ်နေသောပစ္စည်းများ၊မြင်းကုန်းနှီးနှင့်ထိန်းကြိုး
သစ်အခြေခံပစ္စည်းများ၊သစ်မီးသွေး၊ဖော့နှင့်ဖော့ပစ္စည်းများ၊မြက် (သို့) ကောက်ရိုးမှထုတ်လုပ်ပစ္စည်းများ ရက်ထည်နှင့် ကြိမ်ထည်ပစ္စည်းများ
ပျော့ဖတ် (သို့)အခြားအမျှင်ကော်စေးပစ္စည်း စွန်ပစ်ပစ္စည်းမှထုတ်လုပ်သောပစ္စည်း
အထည်အလိပ်များ
ဖိနပ်၊ဦးထုတ်(အဆောင်း)ထီးများ၊နေကာပစ္စည်း၊လမ်းလျှောက်တုတ်၊ထိုင်ခုံကဲ့သို့ပြုလုပ်နိုင်သောတုတ်၊မြင်းစီးနှင်တံ များနှင့် ယင်းအစိတ်အပိုင်းများ
ကျောက်တုံး၊ပလာစတာဘိလပ်မြေ၊မီးခံပြား၊ကြွေထည်မြေထည်ပစ္စည်းနှင့် ဖန်နှင့်ဖန်ထည်ပစ္စည်များ
သဘာဝမွေးမြူရေးပုလဲများ(သို့)အဖိုးတန်ကျောက်များ၊အဖိုးတန်သတ္ထုများ၊လက်ဝတ်ရတနာအတုများ၊ဒင်္ဂါးများ
အခြေခံသတ္ထုများနှင့်သတ္ထုဖြင့်ပြုလုပ်ထားသောပစ္စည်းများ
ယန္တယား၊စက်ပစ္စည်းများနှင့်ယင်းတို့၏အစိတ်အပိုင်းများ၊လျှပ်စစ်ပစ္စည်းများ၊အသံဖမ်းစက်များ
မော်တော်ယာဉ်များ၊လေယာဉ်များ၊သင်္ဘောများနှင့်သယ်ယူပို့ဆောင်ရေးပစ္စည်းများ
မျက်မှန်၊ဓာတ်ပုံနှင့်ရုပ်ရှင်ရိုက်ကူးရေးပစ္စည်းများ၊တိုင်းတာရေးပစ္စည်းများ၊ခွဲခန်းသုံးပစ္စည်းများ၊နားီနှင့်လက်ပတ်နာရီအပိုအစိတ်ပိုင်းများ
လက်နက်ခဲယမ်းမီးကျောက်များနှင့်ယင်းတို့၏အစိတ်အပိုင်းများ
အထွေထွေထုတ်ကုန်များ၊ပရိဘောဂပစ္စည်းများ၊ကစားစရာအရုပ်များနှင့်ယင်းအစိတ်အပိုင်းများ
အနုပညာလက်ရာများ၊ရှေးဟောင်ူပစ္စည်းနှင့်စုဆောင်းသူတို့၏ပစ္စည်းများ၊အထူးကုန်စည်များ။
မှတ်ချက်-ကျွန်တော့်Pageတွင်ဒီပစ္စည်းဘာHSလဲရာခိုင်နှုန်းဘယ်လောက်လဲဆိုပြီးခဏခဏလာလာမမေးကြေးကြိုးစားရှာကြည့်ပါ

