Saturday, 14 December 2019

Logistics အကြောင်းလေ့လာချင် သော သူများအတွက်

ဟုတ်ကဲ့ ကျွန်တော့ရဲ့ ကိုယ့်ဆရာ ကိုယ့်အမိတို့မင်္ဂလာပါခင်ဗျ ကျွန်တော် လည်း #MDY #RG #DRYPORT ကိုတစ်ပတ်သွားတာဝန်ထမ်းဆောင်ရတဲ့အတွက်အဆက်သွယ်ပြတ်သွားရတာဖြစ်ပါတယ်ဗျ ဒါပေမယ့် မအားကြားက မိတ်ဆွေ ကိုယ့်ဆရာကိုယ့်အမိတို့မေးသော မေးခွန်းများကို တတ်နိုင်သမျှ ကျွန်တော်ဖြေပေးခဲ့ပါတယ်ဗျ အားလုံးက ယုံကြည်ကြသောစိတ်ဖြင့်မေးမြန်းတာကို မဖြေမိတာရှိရင်ဆောရီးပါဗျ နားလည်ပေးဖို့တောင်းဆိုပါရစေဗျ ။ဒီနေ့ ကျွန်တော်ပြောမှာကတော့ အမေးများဆုံးဖြစ်တဲ့ .......
1️⃣ LOGISTICS လုပ်ချင်လို့ ဘယ်လိုစတင်ရမလဲဗျ ဘယ်သင်တန်းတွေစတင် join ရမလဲ❓❓
2️⃣ LOGISTICS နယ်ပယ်မှ ကဏ္ဍတစ်ခုကနေ supply chain တစ်ခုလုံးလေ့လာချင်သူ(ဘယ်ကစရမလဲ)❓❓
3️⃣ LOGISTICS စတင်နေပါတယ် ဘယ်လိုလူမျိုးတွေကို ဝန်ထမ်းအဖြစ်ခန့်သင့်လဲ ပြီး ဝန်ထမ်းကိုဘယ်လို Training တွေပေးသင့်လဲ ❓❓❓
😁😁ကျွန်တော်လည်းသင်ယူနေဆဲပါ ဆရာတစ်ယောက်မဟုတ်ပင်မယ့်လဲ ဆရာတစ်ယောက်လိုသဘောထားသော ကိုယ့်ဆရာ ကိုယ့်အမိ များကို ကိုယ့်အမြင်လေးတွေမျဝေပေးခဲ့ပါတယ်ဗျ။
❓❓ဘယ်လိုစတင်ရမလဲ လုပ်ကောလုပ်သင့်လား❓
🤷‍♂️🤷‍♂️ဟုတ်ကဲ့ ဒီမေးခွန်းအတွက်တော့ ကျွန်တော့ကိုမေးရမယ်လို့မထင်ပါဘူး အဓိကဝင်ငွေအတွက်လား ဝါသနာပါလို့လား ဘာပဲဖြစ်ဖြစ် သေသေချာချာ တစ်စိုက်မက်မက်လုပ်မယ်လို့ဆုံးဖြတ်ချက်ချပြီးပြီလားကိုယ့်ဘာသာပြန်မေးကြည့်ပါ ကြေလည်တဲ့ အဖြေရအောင်ထိ ok ? ကိုယ့်ဆရာ ဘာလို့လဲဆိုတာ Logistics ကတစ်စိုက်မတ်မတ် လုပ်ဖို့ ဘာဖြစ်ဖြစ်လုပ်မယ်ကွာဆိုတဲ့ Force လိုအပ်နေလို့ပါဗျ👌👌
❓❓ဟုတ်ပြီဗျာ ဆုံးဖြတ်ပြီးပြီဘာဆက်လုပ်ရမလဲ ဘယ်သင်တန်းတွေစတင်တက်ရမလဲ ❓❓
🤷‍♂️🤷‍♂️ဟုတ်ကဲ့ အင်း သင်တန်းဆိုလို့ သင်တန်းဆိုတာက အခုခေတ်မှခေတ်စားလာတာဗျ ပြီးသင်တန်းတက်တယ်ဆိုတာလည်းကိုယ့်အပေါ်ပဲမူတည်ပြန်တယ်ဗျ သင်တန်းတက် ပိုက်စံတွေကုန် ဘွဲ့တွေယူ တကယ်တတ်လားဆိုတော့မတတ်ဘူး ဘာလို့လဲဆိုတော့ သီအိုရီသင်ပေးတယ်ပဲထား သီအိုရီကို သင်တန်းပြီး 25% လက်တွေ့နယ်ပယ်မှာ အသုံးချတာတွေ့ရရင် ဒီလူအကောင်ပဲဗျ 😁😁ဟုတ်တယ် ဒါကဆရာ့ဆရာကြီးတွေရဲ့ကောက်နုတ်ချက်ဗျ မှန်တယ် အဲ့တော့ ဘာလုပ်သင့်လဲဆိုရင် သင်တန်းမှမဟုတ်ဘူးဗျ လက်တွေ့ Operation နယ်ပယ်မှာ လုပ်နေသူနောက်လိုက် ပြီးပညာသင်သူပြောတာတွေနားထောင် ပြီး experience အတန်သင့်ရပြီ ကိုယ်တိုင် Operation အကြောင်းသိရပြီဆို အခုခေတ်စားနေတဲ့ သီအိုရီသင်တဲ့ကျောင်းတွေသွားတက် လုံးဝ မတက်ဘူးဆိုတာမရှိတော့ပါဘူးဗျ အခုခေတ်ကလေးတွေက ဘွဲ့တွေရပြီး Operation ကိုအထင်သေး Logistics ကဒါလေးများဆိုသူများကြောင့် နာမည်ပျက်ခဲ့သော မြန်မာနိုင်ငံ Logistics ထို့ကြောင့် ဘယ်မှာပဲဖြစ်ဖြစ် Opeation နဲ့ သီအိုရီ တွဲ၍ အသုံးချတက်အောင်ကြိုးစားပါ။👌👌
❓❓ဥပမာ ကျွန်တော်က Transporation လုပ်တယ်ဗျ ဒါပေမယ့်အခု Logistics Supply Chain တစ်ခုလုံးသိချင်တယ် ဘယ်လိုလေ့လာရမလဲဗျ ❓❓
🤷‍♂️🤷‍♂️ဟုတ်ကဲ့ ဒီမေးခွန်းက ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့အဖြစ်အပျက်ပဲဗျ ကျွန်တော်ပြောပြပါ့မယ် ကျွနိတော်ဟာ Customs Agent yellow Card ရထားသူတစ်ယောက်ပါ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကျွန်တော်ဟာ Customs Clearance Agent ဖွဲ့ပြီး One Stop Service ကုန်ကုန်ပြောရရင် turnkey project ကစ handle လုပ်နိုင်ခဲ့တယ်ဗျ ကုန်သည်စီက document ရတာနဲ့ သူတို့ သတ်မှတ်ထားတဲ့ နေရာ နယ် နေရာအစုံ ကို ကုန်သည်ကဘာမှစွတ်ဖတ်မှူ့မရှိ အကုန်တာဝန်ယူခဲ့ရတယ်ဗျ ကျွန်တော်ထင်တာ အဲ့တုန်းက အဲ့လိုလုပ်နိုင်တဲ့သူရှားတော့ ငါကွပေါ့ သူများထက်လည်းသာတယ်ဆိုပြီး Logistics ဆိုတာဒါပဲပေါ့ဗျာ အဲ့တုန်းကတကယ်မသိတာပါ အလုပ်ထဲမှာ နစ်နေတာဗျ ဒါပေမယ့် ကျွန်တော် ငါကျောင်းတက်မယ်ဆိုပြီး Logistics ကိုသေချာလေ့လာလိုက်မှ ကိုယ်သိတာတွေက သေးသေးလေးဆိုတာသိလိုက်ရတယ်ဗျ ဒါကြောင့် Logistics ကဏ္ဍနှင့်မစိမ်းတဲ့ကျွန်တော် လေ့လာဖြစ်ခဲ့တာပါဗျ ကျွန်တော်အကြံပေးချင်တာကတော့ အလုပ်သစ်တွေလက်ခံပါ ရှေ့တိုးတောင်ရွက်ပါ 1. Customs Agent
2.Freight Forwarder
3.Shipping Line
4.Port
5.Customs Law
6.Trade
7.Warehousing
8.Insurance
9. DG
10.Update Trade Policy
😁😁ဒါကအကြမ်းနော်အသေးစိတ်အများကြီးရှိပါသေးတယ် ဒါတွေကို LOGISTICS SUPPLY CHAIN လိုသတ်မှတ်ထားတာပါ တစ်ခုခြင်းစီလေ့လာပါအကို တစ်နေ့ဖြစ်လာဖို့မျှော်လင့်ပါတယ် logistics သမားကောင်းတစ်ယောက်ထွက်ပေါ်လာဖို့ပါ 👌👌
❓❓Logistics လုပ်မယ်ဗျာ ဘယ်လိုဝန်ထမ်းခန့်သင့်လဲ❓❓
🤷‍♂️🤷‍♂️ဒီမေးခွန်းကတော့ရှင်းပါတယ် တကယ်တတ်တဲ့ဝန်ထမ်းခန့်ပေါ့ တကယ်တတ်မတတ်ရွေးဖို့ခင်ဗျားလဲတကယ်တတ်ဖို့လိုတယ်ပေါ့ဗျာ 😁😁
❓❓တကယ်တတ်တဲ့လူကစျေးကြီးတယ်ဗျ အသစ်ခေါ်ပြီးသင်ပေးရင်ကော ❓❓
🤷‍♂️🤷‍♂️ဒါကတော့ အကို ကဘယ်အပိုင်းကို specialist လုပ်မှာလဲ အဲ့ဒါဆိုရင်တော့ တကယ်ကြိုးစားသူဆို 2 year လောက်ဆိုအဆင်ပြေနိုင်ပါတယ် ဒါပေမယ့်တစ်ခုက Logistics တစ်ခုလုံး One Stop လုပ်မယ် ဆိုရင်တော့အခြေခံ Logistics မရှိပဲမလုပ်နဲ့ဗျ အခြေခံဆိုတာ သိန်းဂဏန်းပေးထားတဲ့ Certificate ကိုပြောတာမဟုတ်ပါဗျ Experience ရှိသူကိုခေါ်ပါတယ်ဗျ အဲ့လူကလည်းဆက်ပြီးလေ့လာနေသူဖြစ်ဖို့လဲလိုမယ်ဗျ သူငယ်ချင်း Company တွေနဲ့ ကျွန်တော်ကိုတိုင်ခံရလို့ပါ သင်ပေး ၄ နှစ်လာက်လဲရရော ပြောင်းရော မခိုင်းလိုက်ရဘူး😁😁
❓❓ဘယ်လို Training ပေးသင့်လဲ ❓❓
🤷‍♂️🤷‍♂️ကျွန်တော်အရမ်းပြောချင်သော မေးခွန်းပါ ကျွန်တော်တို့နိုင်ငံက တစ်ခြားနိုင်ငံလိုမဟုတ်ပါ Logistics မဆိုနှင့် အလုပ်ဒီနေ့ဆင်း ချက်ချင်းခိုင်းနောက်တက်သွားလိမ့်မယ်ပေါ့🤣🤣🤣
တော်တော့တော်ကြတယ်ဗျ အားလုံးလုပ်ကြတယ် အဲ့မှာစလွဲတာပဲလေ ဘာ SOP မှမရှိ ဘာ Process Flow မှမရှိ တိကျတဲ့ ဒါတွေကိုသင်တဲ့ Training ကို တတ်တဲ့အချိနထိသတ်မှတ်ပြီးပေးသင့်တယ် ဒါမှ စိတ်ဓာတ် ရဲရင့်မှု့ စနစ်ကျမှု့ တွေရှိမှ Company Brand တက်မှာဗျ စကားအ​ပြောဆို ကစသင်ပေးရမယ်ဗျ လိုချင်တဲ့ပုံစံကိုပေါ့ဗျာ
ကိုယ့်ဘက်က ဘယ်လောက်မျှော်လင့်ထားလဲပေါ်မူတည်ပြီး Training တွေပေးသင့်ပါတယ်ဗျ ပြီးမှ Opeation ထဲထည့်ပြီး စာမေးပွဲစစ်သလိုစစ် ဒါမျိုးလုပ်ပေးသင့်တယ်လိုမြင်တယ်ဗျ profectional ခေါ်ရင်တစ်မျိုးပေါ့ဗျာ👌👌👌
🤝🤝ဟုတ်ကဲ့ ကျွန်တော့်အမြင်အရ အခုလောက်ဆိုနားလည်မယ်ထင်ပါတယ်ဗျ ကိုယ့်ဆရာ ကိုယ့်အမ အားလုံး Logistics နယ်ပယ်မှာ အောင်မြင်သောသူများဖြစ်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်ဗျ။

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...