
ဟုတ်ကဲ့ကိုယ့်ဆရာ ကိုယ့်အမိများ အားလုံးမင်င်္ဂလာပါဗျ ကျွန်တော် ဒီနေ့တော့ အားလုံးအတွက် Logistics Knowledge မဟုတ်ပဲ ကားနာမည်ပေါက် အခွန် 3% သွားဆောင်မည့်ပုံစံအဆင့်ဆင့်ကို ကိုယ့်ဆရာများအတွက် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျ။


ဟုတ်ကဲ့ ကျွန်တော်လိုအပ်ချက်လေးတွေတင်ပြသွားပါ့မယ်ဗျ။

NRC (original/Copy)

ပုံစံ ၁၀ အိမ်ထောင်စုဇယား(original/Copy)

ကား Owner Book (original/Copy)

ကားဝီးတက် (original/Copy)

ကားဓာတ်ပုံ (ရှေ့/နောက်/ဘေး ဘယ်/ညာ/ခါ:ပတ် Mdl )၄”၆”ဆိုဒ်

ကားအရောင်းအဝယ်စာချုပ် (original/Copy)


အဲ့ဒါဆိုလုံလောက်ပြီ ကဲလုပ်ပုံလေးအဆင့်ဆင့်ပြောရအောင်ဗျာ

အချက်

အပေါ်ကပြောထားသော ၆ မျိုး Copy တစ်စုံ ကိုတွဲ

Original တစ်စုံကိုသက်သက်တွဲ

သက်ဆိုင်ရာ ကိုယ့် အိမ်ထောင်စုစာရင်းပေါက်ထားတဲ့ မြို့နယ် အခွန်ရုံးကိုသွား ပြီး Form တစ်စုံတောင်း Free ပါ ပြီး အဲ့အခွန်ရုံးက သတ်မှတ်တဲ့ စာရေးစီမှာစစ် ပြီးသူကနေမှတစ်ဆင့် မြို့နယ် ဦးစီးစီ သို့ ဝင်တွေ့ရပါတယ် ကျွန်တော်ကတော့ သာကေတကဆိုတော့ သာကေတအခွန်ရုံးမှာတော့ အခွန်ဦးစီးမှူးကတော့အလွန်သဘောကောင်းပါတယ် သူကားမေးတယ် ဘယ်ကဝယ်တာလဲ ပြီး ဝယ်စျေးနဲ့ အခုပေါက်စျေးနဲ့ချိန်တယ် လက်ရှိပေါက်စျေးနဲ့ သတ်မှတ်စျေးနဲ့ များတာကိုယူပါတယ် သတ်မှတ်စျေးများရင် သတ်မှတ်စျေး ယူပြီး စာချုပ်ထဲက ဝယ်စျေးများရင်တော့ ဝယ်စျေးနဲ့စည်းကြပ်ပါတယ်ဗျ သူမှတ်ချက်ချပေးလိုက်ပါတယ် မြန်ပါတယ် ၅ မိနစ်လောက်ပါပဲ ပြီးရင် စာရေးစီပြန်သွားပြီးငွေ သွင်းဖောင် Computer နဲ့ထုတ်တာ ၁၅ မိနစ်လောက်စောင့်ရပါတယ် ပြီးတာနဲ့ နာမည်ခေါ်ပြီး နီးစပ်ရာ မြန်မာ့စီးပွါးရေးဘဏ်မှာငွေသွင်းရပါတယ် ကျွန်တော်ကတော့ မတ္တာညွန့်


ဦးစီးက ဖြေတယ်ဗျ ရတယ်ကျွန်တော်တို့အခွန်ရုံးကိုပဲလာခဲ့ပါ ဘာတွေယူပြီး ဘာတွေသိမ်းထားရမလဲဆိုရင်

အခု ရောင်းလိုက်တဲ့ ကားစာချုပ်

လဲလိုက်တဲ့ကား ဝယ်လိုက်တဲ့စာချုပ်

ယခင်ရောင်းတဲ့ကား ကိုယ့်နာမည်ပေါက်ထားခဲ့တဲ့ အခွန်စိမ်းစာရွက်

ရောင်းလိုက်တဲ့ကား ကိုယ့်အမည်ပေါက်ထားတဲ့ Owner Book Copy တစ်စုံ

ပြီး ရောင်းလိုက်တဲ့ကား ဓါတ်ပုံ

အပေါ်ကလိုအစုံ

ဝယ်လဲလိုက်တဲ့ကား ဓါတ်ပုံအစုံ

လဲလိုက်တဲ့ကား Owner book


ကဲအဲ့ကောင်တွေစုံပြီးဆိုရင်လာခဲ့ပါ ငွေသွင်းချလံထွက်ဖို့ ၂ ပတ်လောက်အကြမ်းမျဉ်းတော့ကြာမယ် လူကြီးမင်းဆောင်ချင်တဲ့ ပိုတဲ့ငွေ သိန်း ၅၀ရဲ့ 3% ဆောင်လို့ရမှာဖြစ်တယ်တဲ့ဗျ ok ဒီလောက်ဆိုအားလုံသိလောက်ပြီထင်ပါတယ်ဗျ
အောက်တွင်လည်းကားတန်ဖိုးသတ်မှတ်ထားတဲ့ link share ပေးလိုက်ပါမယ် ဗျ အားလုံးပူးပေါင်းပြီးခေတ်မှီတဲ့နိုင်ငံတစ်နိုင်ငံရဲ့အရွေ့ကိုရောက်ဖို့တစ်ဦးတစ်ယောက်ချင်းစီကြိုးစားကြရအောင်ဗျာ။
No comments:
Post a Comment