Monday, 23 December 2019

Customs Clearance Agent ရဲ့ လုပ်ငန်း ဆောင်တာများ

🙋🏻‍♂️🙋🏻‍♂️ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိများအားလုံးမင်္ဂလာပါဗျ ကျွန်တ်ောတစ်နေ့က customs Clearance Agency အကြောင်း​လေးပိုမျှဝေပေးဖို့အချိန်ကိရောက်လာပြီးဖြစ်တဲ့အတွက်ကျွန်တော်တင်ပြသွားပါ့မယ်ဗျ ကျွန်ော်ကို မေးသူအရမ်းများနေတဲ့အတွက် ရှင်လင်းအောင်အဓိအကြောင်းရာလေးများပဲ sharing လုပ်ပေးမှာဖြစ်ပါတယ်ဗျ ကဲဗျာ အလုပ်နဲ့သက်သေပြရအောင်😁😁
❓❓Customs Clearance Agent ဆိုတာဘာလဲဗျ❓❓
🤷‍♂️🤷‍♂️ဟုတ်ကဲ့ Customs Clearance Agent ဆိုတဲ့ အကောက်ခွန်ဝန်ဆောင်မှူ့ကိုယ်စားလှယ် ဟာ မြန်မာနိုင်ငံအကောက်ခွန် မှအသိမှတ်ပြုထားသော အကောက်ခွန်မှ စည်းမျဉ်းအတိုင်းပြုလုပ်ရန်သဘောတူညီမှု့ရထားတဲ့ တရားဝင်ကိုယ်စားလှယ်တွေလို့ အဓိပါယ်ရပါတယ်ဗျ။
❓❓အကောက်ခွန်ဌာနကမည်သို့မည်ပုံအသိပြုသလဲဗျသူတို့ကဘာတတ်လို့လဲဗျ❓❓
🤷‍♂️🤷‍♂️ဟုတ်ကဲ့ အကောက်ခွန်ဌာနမှ သတ်မှတ်ထားသော သင်ရိုးညွှန်းတန်းတွေ နဲ့ကိုက်ညီတဲ့ ၄င်းအကောက်ခွန်ဌာနမှဖွင့်လှစ်တဲ့ သင်တန်းတွေကို တက်မြောက် အောင်မြင်ထားသူမှသာ ထိုကိုယ်စားလှယ် အဝါကတ်ဆိုတာကိုရပါမည်။သင်တန်းတက်ဖို့မပြောနဲ့ နာမည်စာရင်းပါပြီး interview အဆင့်ရောက်ဖို့မလွယ်ကူပါဘူး လူကန့်သတ်ချက်ရှိလို့ပါ😁😁
ဘာတတ်လို့လဲဆိုရင်တော့ဗျာ
👉ပို့ကုန်သွင်းကုန်
👉Incoterm
👉Dutyfree shop
👉Bonded Warehouse
👉ဖမ်းဆီးတားဆီး
👉ထုခွဲ/လေလံ
👉ယာဉ်ယန္တယား
👉Drawback
👉 Temporary Admission
👉Special Order
👉ထုတ်ကုန်
👉PCA
👉ဥပဒေ
👉Transist
👉CMP
👉ပင်ရင်းနိုင်ငံစည်းမျဉ်း
👉Valuation
👉AEO
👉HS
👉AFTA
👉MACCS
😁😁👆👆တွေ့တဲ့အတိုင်းဘာသာရပ်တွေသင်ရပါတယ်ဗျ ဒါတွေအကုန်သိမှသာလျှင် Customs Agent ကောင်းဖြစ်မှာပါဗျ။
❓ဟုတ်ပြီဗျာ အာ့ဆို အခုအဲ့သင်တန်းတွေဖွင့်ဖို့ရှိသေးလား ဘယ်မှာတက်ရမလဲဘယ်မှာစုံစမ်းရမလဲ❓❓
🤷‍♂️🤷‍♂️လက်ရှိတော့ဖွင့်မယ်မကြားသေးပါဘူးဗျ အရင်တစ်လောကတော့ MIFFA မှာဖွင့်ဖို့တိုင်ပင်နေတယ်တော့ကြားတယ် ကျွန်တော်တို့ MCBA မှာအမြဲစုံစမ်းနေလို့ရပါတယ်ဗျ ဥက္ကဌ ကလည်း ကိုမင်းမောင်ဆိုတော့ သူကတော့ ကြေညာပေးပါလိမ့်မယ်ဗျ သူ့ page ကို follow လုပ်ထားကြပါ ။
❓❓အပတ်စဉ်ဘယ်လောက်ရောက်ပြီလဲဗျ❓❓
🤷‍♂️🤷‍♂️ကျွန်တ်ောကြားမိသလောက်ကတော့မူဆည်နောက်ဆုံးဖွင့်သွားတာနဲ့ဆို့ အပတ်စဉ် ၄၁ လောက်တော့ရောက်ပြီကြားပါတယ်ဗျ။
❓❓ဒါနဲ့အဝါကတ်ဆိုတာကရောသင်တန်းဆင်းပြီးတန်းရတာလား❓❓
🤷‍♂️🤷‍♂️မဟုတ်သေးဘူးဗျသူက သင်တန်းအားလုံး pass ဖြစ်သွားပြီးရင်အောင်မြင်သူစာရင်းList ထွက်လာမယ် အဲ့List နဲမှ အကောက်ခွန် Agency လုပ်ငန်းရှင်အဖြစ်ထူထောင်ပြီးမှ အဝါကတ် MACCS E-Stick ရတာပါဗျ။
❓❓အဲ့Agency ဖြစ်ဖို့ကောဘာတွေလိုအပ်သေးတာတုန်းဗျ❓❓
🤷‍♂️🤷‍♂️ဟုတ်ကဲ့ Customs Agency ဖြစ်ဖို့ သင်တန်းအောင်ထားသူ အလားတူ ၃ယောက်လိုပါတယ် အဝါကတ်သုံးယောက်ပေါ့ဗျာ အဲ့အဝါကတ် ၃ ယောက်က အကောက်ခွန်ကသတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီမှ Deposit သွင်း Deposit က အဝါ ၃ယောက်ဆိုတော့ တစ်ယောက် ၁၅ သိန်း total ၄၅ သိန်းပေါ့ဗျာ ပန်းရောင်ကတ်က ၁သိန်းခွဲ ဒီလို deposit တွေထည့်ပြီးခံဝန်ကတိအထပ်ထပ်နဲ့ ကျွန်နော် တို့ Agent ဖြစ်ကြလေသတည်းပေါ့ဗျာ😁😁
❓❓ခင်ဗျားကလဲ အဝါကတ်နားလည်လို့မှမပြီးသေးဘူးဘာလဲပန်းရောင်ကတ် ❓❓
🤷‍♂️🤷‍♂️အဲဟုတ်သား😁😁ဒီလိုဗျ ကျွန်တော်တို့ အဝါကတ်သများတွေကို ကူညီပြီး ဆိပ်ကမ်းဆင်းတာတို့ တစ်ခြားကိစ္စရပ်တွေတရားဝင်လုပ်နိုင်အောင် အဝါတစ်ယောက်ကို ပန်းရောင် လုပ်သား ၃ ယောက်စီယူခွင့်ရှိတယ်ဗျ အဝါ ၃ ယောက်ဆိုတော့ ၉ယောက်ပေါ့ဗျာ သုံးယောက်ထက် ပိုယူချင်ရင်တော့ ပိုတဲ့သူ Deposit ၃သိန်းလို့သိရပါတယ်ဗျ လိုအပ်ချက်အရပေါ့ဗျာ 😁😁
❓❓Ok ရှင်းပါပြီ ဒါနဲ့ အဲ့အဝါကတ်သင်တန်းကဘယ်လောက်ကြာအောင်တက်ရသလဲရယ် ပြီးအလားတူသင်တန်းလေးရှိရင် share ပေးပါအုန်း😁😁
🤷‍♂️🤷‍♂️ok noproblem အဝါကတ်က တစ်လခွဲ တစ်လတော့ နေ့တိုင်းတက်ရတယ်ဗျ သူကအခုမဖွင့်သေးဘူးဆိုတော့ MCBA ကကြီးမှုးဖွင့်လှစ်တဲ့ Cargo Clearance Course တွေတက်လို့ရပါတယ်ဗျ အပေါ်က ကျွန်တော်ပေးခဲ့တဲ့ MCBA page မှာစုံစမ်းလို့ရပါတယ်ဗျ။
👌👌ok ပါဗျ အခုလောက်ဆိုရင်တော့ ကျွန်တော့်ကိုလာလာမေးနေတဲ့ ကိုယ့်ဆရာများရှင်းလောက်ပြီလို့မျှော်လင့်ပါတယ် ဗျ ကျွန်တော်တို့ Logistics ၏အခန်းကဏ္ဍများတွင် Customs Clearance သည်လည်းအလွန်အရေးပါသော ကဏ္ဍဖြစ်လို့ လေ့လာပြီး နိုင်ငံတော်အတွက် Logistics အရွေ့တစ်ခုသို့လျှောက်လှမ်းနိုငိကြပါစေလို့ဆုတောင်းရင်း GOOD NIGHT ဗျာ🙏🏻🙏🏻🙏🏻
လေးစားလျှက်
ကျွန်တော်ရေးသားခဲ့သောအပေါ်မှဘာသာရပ်များ

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...