Friday, 27 December 2019

အခွန်ဆိုင်ရာ အာမခံစပေါ် ငွေ ဆိုတာ ရှိပါသလား။

ဟုတ်ကဲ့ ကိုယ့်ဆရာ ကိုယ့်အမိတို့မင်္ဂလာပါဗျ အားလုံးပျော်ရွှင်သော ပိတ်ရက်ဖြစ်မယ်လို့ယုံကြည်ပါတယ်ဗျ ဒီနေ့တင်ပြမှာကတော့အမေးအများဆုံးဖြစ်တဲ့ ကျွန်တော် အရင်ကပြောထားခဲ့တဲ့ SO DEPOSIT တစ်ခြား အကောက်ခွန်က ကောက်ခံတဲ့Deposit စသော အခွန်ဆိုင်ရာ အာမခံစပေါ်ငွေ အကြောင်းရှင်းပြမှာဖြစ်ပါတယ်ဗျ။
❓❓ဘာလဲဗျ အာမခံ စပေါ်ငွေ #REVENUE DEPOSIT❓❓
🤷‍♂️🤷‍♂️အာမခံစပေါ်ငွေဆိုတာဗျာ နိုင်ငံတော်အခွန်ကောက်ခံမှု့မဆုံးရှုံးစေရန် အကောက်ခွန်ကဘကြိုတင်ကောက်တဲ့ငွေကို အာမခံစပေါ်ငွေလို့ခေါ်တယ်ဗျာ ကဲရှင်းရောပြီးပြီ bye 😁😁 ok နောက်တာပါ😀😀
❓❓နားမလည်သေးဘူးဗျာ အဲ့ဒါတော့ ဆရာပြောမှလား သေချာအသေးစိတ်နဲ့ ဘယ်လိုအမျိုးစားတွေကောက်တာလဲပါသေချာရှင်းပြပါဆရာ ❓❓
🤷‍♂️🤷‍♂️ok ပါ ဟုတ်ကဲ့ ဒီလိုကောက်ခံရတဲ့သဘောကတော့ဗျာ နိုင်ငံဘဏ္ဍာများ မဆုံးရှုံးစေရန်ပေါ့ဗျာ ပြီးတော့ ရှင်းလင်းရေးလုပ်ငန်းများမြန်ဆန်ရေးပေါ့ဗျာနော် deposit မပြောနဲ့ Duty ဆောင်ပြီးသွားတဲ့ file တွေတောင်မနည်းပြီးအောင်လုပ်နေရတယ်နော်😁😁အကောင်းဘက်ကပါဗျာ ဒါကြောင့် ကုန်သည်+အကောက်ခွန် ပူးပေါင်းပါဝင်ကြဖို့လိုတယ်ဗျ 😁😁ကဲထားပါ ဆက်ရအောင် အမျိုးစားတွေပြောမယ်ဗျာ အကိုရှင်းသွားအောင်.....
1️⃣SO Deposit
2️⃣Post Valuation Revenue Deposit
3️⃣Broker Agency Deposit
4️⃣Bonded Warehouse Deposit
5️⃣Temporary Admission Deposit
1️⃣Special Order DEPOSIT ကိုအကောက်ခွန်မှ ကျသင့်အခွန်အခထက်ပိုယူထား၍ နောက်မှ ပစ္စည်းရှင်းလင်းထုတ်ယူပြီးမှ လက်ကျန်ငွေကိုပြန်အမ်းခြင်းကိုဆိုလိုပါသည်။
2️⃣PVRD ဆိုသည်မှာ အကောက်ခွန်မှ ကုန်ပစ္စည်းတန်ဖို့မသတ်မှတ်ရသေးခင် အလျှင်အမြန်ထုတ်ယူလိုသူများအတွက် အကောက်ခွန် ကသတ်မှတ်တဲ့ အာမခံစပေါ်ငွေကို ပေးဆောင်စေပြီး ပစ္စည်းရှင်းလင်းထုတ်ယူ စျေးကွတ်ထဲစုံစမ်းပြီးမှအတည်ပြု ပြီးမှ ကျသင့်ခွန်တွက်ချက် ပေးဆောင်စေပြီး ကျန်ငွေကို ပြန်လည်ထုတ်ယူနိုင်သည်။
3️⃣Broker Agency Deposit ဆိုတာကတော့သိတဲ့အတိုင်း ကျွန်တော် တစ်နေ့ကရေးသားထားတဲ့ ငွေများကို အာမခံစပေါ်ငွေအနေနဲ့ ပေးသွင်းထားရတာကိုဆိုလိုတာဗျ။
4️⃣Bonded Warehouse Deposit ဆိုတာကတော့ဗျာ Bonded Warehouse လိုင်စင်ကျရန် Warehouse ထဲထားသောပစ္စည်းများစိတ်ချစေရန် ကြိုတင်ကောက်ခံထားတဲ့ Warehouse ပိုင်ရှင်က အာမခံစပေါ်ငွေ ပေးဆောင်ထားရတာကိုပြောတာဖြစ်ပါတယ်ဗျ။
5️⃣TI / TA Deposit ဆိုသည်မှာလည်း ကျွန်တော်အရင်ရှင်းပြထားခဲ့သလို အာမခံစပေါ်ငွေ ကြိုတင်ဆောင် ပြီးမှ ပြန်လည်ထုတ်ယူပေါ့ဗျာ TA အကောင်းသိချင်ရင်နော့အရင်ရက်တွေမှာ အကျယ်တစ်ပွင့် ရှင်းပြထားပါတယ်ဗျရှာဖတ်ကြည့်ပေးပါနော်။
👨‍🏫👨‍🏫ထပ်ရှင်းပြရရင်တော့ ယာရီစည်းကြပ်ခြင်း ဆိုတာရှိတယ်ဗျ အဲ့ဒါကို (Provisional Assessment ) လို့ခေါ်တယ်ဗျ ။
အဲ့ဒါကိုတော့ ပုဂ္ဂလိကကုန်မ္ပဏီများရဲ့ တင်သွင်းပစ္စည်း ကို ယာရီခဏ စည်းကြပ်သည်ပေါ့ဗျာ
👨‍🏫သူက တင်ပြ invoice ပေါ်မှာ စည်းကြပ်တယ်ဗျ
✅အခွန်ကင်းလွတ်ခွင့်မရပစ္စည်းဆိုလျှင်
ကျသင့်ခွန်အရပ်ရပ် (CD+CT)အပြင် ၊အခွန်ပရပ်ရပ်ပေါင်း၏ နောက်တစ်ဆ (100%) ပြောရရင် duty တစ်စပေါ့ဗျာ 😁😁
👨‍🏫သက်သာခွင့်ရပစ္စည်းများ
✅သူကတော့ ကင်းလွတ်မဲ့အခွန်မပါ ကျသင့်ခွန်အရပ်ရပ် ပေါင်း အပြင် ၊သက်သာခွင့်မရသည့် အကောက်ခွန် နှုန်းအတိုင်း အာမခံစပေါငွေဖြင့်ပေးဆောင်😁😁
👨‍🏫အခွန်ကင်းလွတ် (သို့) CD rate 0% ပစ္စည်းများ
✅ AV ၏ 1% 😁😁😁😁
🤝🤝အဲ့လောက်ဆိုရင်တော့ရှင်းလောက်ပြီနော်😁😁
👉👉PVRD ကတော့ အခွန်သက်သာခွင့်မရ အခွန်ပေါင်း 10% 👉CD 0% တွေဆိုရင် AV 1% ပေးဆောင် ဒါကတော့အခုခေတ်မှာမရှိတော့ဘူး Valuation ကထွက်မလာတာပဲရှိတယ် 😁😁ထားပါ
#ပြန်အမ်းခြင်း REFUND နောက်မှပြောတော့မယ်ဗျာ
🤝🤝🤝ok ပါဒီလောက်ဆို knowledge အနေနဲ့သိပြီလို့ကျွန်တော်ယူဆပါတယ်ဗျ ဒါတွေကလည်းသိထားမှဖြစ်မဲ့အရာတွေမို့ပါ မေးမြန်းထားသူများလည်း မေးတာထက်ပိုသိရမယ်လိုမျှော်လင့်ရင် Logistics knowledge များကြွယ်ဝ၍ နိုင်ငံ၏ Logistics အရွေ့တစ်ခုကိုသွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျ။
လေးစားလျှက်

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...