#PCA(Post Clearance Audit)
#PCA (Post Clearance Audit)

နှောင်းစာ:ရင်:စစ်ဆေးခြင်းဆိုသည်မှာ အကောက်ခွန်ဌာနမှ စနစ်ကျသည့် ထိန်းချုပ်မှု့ လုပ်ငန်းစဉ်တစ်ရက်ဖြစ်ပြီး တိုက်ရိုက်စစ်ဆေးခြင်းမဟုတ်ပဲ စစ်ဆေးခံထိုက်သော Company များကို အကောက်ခွန်ရှင်းလင်းစေပြီး ထိန်းသိမ်းထားရှိသော Document များကို ကျေနပ်တဲ့အထိ ထပ်မံစစ်ဆေးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။
ကဲပြီးပြီ



စတာပါဗျာဆက်ပြောအုန်းမှာပါ

ထို PCA လုပ်ငန်းစဉ်မှာ အကောက်ခွန်ဆိုင်ရာ မဟာဗျူဟာ (၁၄) ချက်မှ တစ်ချက်အပါအဝင်ပေါ့ဗျာ (၁၄) ချက်လုံးသိချင်ရင်တော့ commet မှာမေးတော့ဗျာ ဦးတည်ရာပဲဆက်ရအောင်


ထို PCA လုပ်ငန်းစဉ်ကဘာလို့ပေါ်ပေါက်သလဲဆိုတော့ဗျာ

အခွန်ဘဏ္ဏာငွေ ဆုံးရှုံးမှုကာကွယ်တားစီးရန်

ထိရောက်စွာထိန်ချုပ်နိုင်ရန်

တည်ဆဲအကောက်ခွန်ဥပဒေနှင့်ဆပ်စပ်ဥပဒေလိုက်နာမှု့ရှိရန်

မသမာမှု့ဖေါ်ထုတ်ရန်

ဥပဒေလေးစားလိုက်နာရန်စံနှုန်းမြင့်မားစေရန်

အရေကြီးဆုံးကတော့ဗျာ ခင်ဗျား ID စဖွင့်တဲ့ရက်ကစပြီး ခင်ဗျားရဲ့စာရွက်စာတမ်း Original Document ကို အထောက်ထားအပြည့်အစုံ နဲ့ (
#၇နှစ် )သိမ်းထားရမယ်ဗျ ဘယ်လိုလဲမျက်လုံးကျယ်သွားပြီဟုတ်



တကယ်လို့ အခြေနေမကောင်းလို့ Company ဖျက်သိမ်းတာတောင် အကောက်ခွန်ကို အနည်းဆုံး (၃) လကြိုတင်အကြောင်းကြားပေးရမယ်ဗျ ။

အစစ်ဆေးခံရမည့်သူများ

ကုန်တင်သွင်း/တင်ပို့သူများ

ကုန်လက်ခံသူများ

ကုန်ပိုင်ရှင်များ

ကုန်တစ်ဆင့်လက်ခံရယူသူများ

အကောက်ခွန် Agent များ

ကုန်သိုလှောင်သည့် Agentများ

ကုန်သယ်သူပို့ဆောင်သူများ


စစ်ဆေးတာကတော့ အကောက်ခွန်မှ PCA Team သီးသန့်မှ လာရောက်စစ်ဆေးမှာဖြစ်ပြီး အကောက်ခွန်မှစစ်ဆေးမည့် company စစ်ဆေးမယ့်နေ့ရက်ကိုကြိုတင်အကြောင်းကြာလာမည်ဖြစ်ပါသည်။ အကောက်ခွန်ကသတ်မှတ်ထားသော PCA Team သည် ထို Company စစ်ဆေးရန်အကြောင်းကြားသည့်နေ့မှ သုံးလအတွင်:အပြီးသတ်စစ်ဆေးချက် ကောက်ချက် အပြီးချမှာဖြစ်ပါသည်။
No comments:
Post a Comment