ဟုတ်ကဲ့ကိုယ့်ဆရာကိုယ့်အမိတို့မင်္ဂလာပါဗျ ဒီနေ့တင်ပြချင်တာလူအများအမှတ်မှားနေတဲ့ကိစ္စတစ်ခုကို အကောက်ခွန်မှတာဝန်ရှိသောဆရာကိုမေးမြန်းချက်လေးဖြစ်ပါတယ်ဗျ။ကျွန်တော်ကိုယ်တိုင်လဲအဲ့လိုပဲထင်ခဲ့လို့မေးထားတာဖြစ်ပါတယ်ဗျ။
အကောက်ခွန်မှတာဝန်ရှိသူ... Ko Pyone
အခွန်ရငွေအပါအဝင် ဒဏ်ကြေးတွေရော၊ MACCS Fee ရော တစ်ပြားမကျန် နိုင်ငံတော်ဘတ်ဂျက်ထဲချက်ချင်း အကုန်ရောက်တာပါ။ အခုမှ မူပြောင်းသွားတာ မဟုတ်ပါဘူး၊ အကောက်ခွန်ဆိုတာ စပေါ်ကတည်းကယနေ့အထိရှိတဲ့ လုပ်ထုံးလုပ်နည်းပါ၊ နိုင်ငံတော်မှာ ရငွေနဲ့ သုံးငွေက သီးသန့်စီပါ။ ဘယ်ဌာနကမှ ရငွေထဲကနေ ဖြတ်သုံးလို့မရပါဘူး၊
ဆုငွေဆိုတာက နိုင်ငံတော်က ဥပဒေနဲ့အညီ သီးခြားချီးမြှင့်တဲ့ငွေပါ၊ အကျိုးအကြောင်း ပြည့်စုံစွာနဲ့ တင်ပြပြီး နိုင်ငံတော်ဘတ်ဂျက်ကနေ သီးခြား ခွင့်ပြုချက် တောင်းခံရပါတယ်၊ နိုင်ငံတော်က ခွင့်ပြုမှ သုံးလို့ရတာပါ။ ဆုငွေအတွက် သီးသန့်ဘတ်ဂျက်ချမပေးရင် ခံစားလို့ မရပါဘူး၊ဒါကိုလူတွေအမှတ်မှားနေကြတာပါ။
Credit
Sir Win Thant
လေးစားလျှက်
No comments:
Post a Comment