Monday, 13 January 2020

#အကောက်ခွန်မဟာဗျူဟာ(၁၄)ချက်

🙋🏻‍♂️🙋🏻‍♂️ကိုယ့်ဆရာကိုယ့်အမိတို့မင်္ဂလာပါဗျကျွန်တော်လည်း RG Dryport Fanction အကောက်ခွန်လာထိုင်မဲ့ကိစ္စရပ်တွေနဲ့ ပြီး ကျောင်းကလဲစာမေးပွဲဆိုတော့သိတဲ့တိုင်း လုံးချာပတ်ချာလည်နေလို့ ကိုယ့်ဆရာကိုယ့်အမိတို့ မေးတာလေးတွေကိုမဖြေနိုင် စာမရေးနိုင်တာ sorry ပါဗျ အချို့ကလည်းစာမရေးတော့ဘူးလားစောင့်ဖတ်နေပါတယ်ဆိုသူတွေကော သိချင်တဲ့အချက်တွေ post တင်ပေးဖို့တောင်းဆိုသူအားလုံးကျေးဇူးပါဗျ။
ကျွန်တော်လွန်ခဲ့တဲ့နှစ်ပတ်လောက်ကရေးခဲ့တဲ့ PCA နဲ့ပတ်သတ်တဲ့အကြောင်းရာထဲမှာ မဟာဗျူဟာ (၁၄)ချက်ကို စိတ်ဝင်စားမှု့များပြီးတောင်းဆိုတဲ့အတွက်ကျွန်တော်တင်ပြပေးပါ့မယ်ဗျ။
🧑‍🏫အကောက်ခွန်၏ မဟာဗျူဟာ (၁၄)ချက်
1️⃣အကောက်ခွန်နှုန်းဆိုင်ရာကုန်ပစ္စည်းအမျိုးအစားခွဲခြားခြင်း။(Customs Tariff Classification)
2️⃣အကောက်ခွန်တန်ဖို့းဖြတ်ခြင်း
(Customs Valuation)
3️⃣အာဆီယံကုန်ပစ္စည်းကုန်သွယ်မှု့အတွက်ပင်ရင်းနိုင်ငံဆုံးဖြတ်ခြင်း။(Origin Determination of Goods and Conditions)
4️⃣အကောက်ခွန်ကုန်ပစ္စည်းရှင်းလင်းခြင်း
(Customs Clearance)
5️⃣အကောက်ခွန်ဖြတ်သန်းကုန်သွယ်ခြင်း
(Customs Transist)
6️⃣စီးပွါးရေးနှင့်ကုန်သွယ်မှု့အသိုက်အဝန်းတို့နှင့်ပူးပေါင်းဆောင်ရွက်မှု့(Partnership with Business and the Trading Communities)
7️⃣အခွင့်ရ စီးပွါးရေးလုပ်ငန်းဆောင်ရွက်သူများအစီစဉ်
(AEO Program)
8️⃣နှောင်းစာရင်းစစ်ဆေးခြင်း
(Post Clearance Audit)
9️⃣အကောက်ခွန်ဥပဒေစိုးမိုးရေးနှင့်အပြန်အလှန်ပံ့ပိုးကူညီမှု့(Customs Enforcement and Mutual Assistance)
🔟ပုဂ္ဂလိကလုံခြုံရေးနှင့်လူမှု့အဖွဲ့အစည်းကာကွယ်ရေး
(Public Security and the Protection of Society)
1️⃣1️⃣အကောက်ခွန်ပြန်လည်ဖွဲ့စည်းခြင်းနှင့်ခေတ်မှီစေခြင်း။(Customs Reform and Modernization)
1️⃣2️⃣အကောက်ခွန်လူသားအရင်းမြစ်ဖွံဖြိုးတိုးတက်ေးးနှင့်စီမံခန့်ခွဲရေး(Customs Human Resource Development & Administration)
1️⃣3️⃣အကောက်ခွန်အဖွဲ့အစည်းများအတွင်းဖွံဖြိုးမှု့ကွာဟချက်ကျဉ်းမြောင်းရေး။(Narrowing The Depelopment Gap in Customs)
1️⃣4️⃣အသိအမြင်ကိုအခြေခံသည့်ဝန်ဆောင်မှု့
(Knowledge-Based Services)
💁🏻‍♂️💁🏻‍♂️💁🏻‍♂️ကဲအခုဆိုရင်တော့ အကောက်ခွန်ဌာန၏ မဟာဗျူဟာ ၁၄ ချက်ကိုသိရပြီဆိုတော့အရင်ကထက် Knowledge တွေရကြပြီလို့ထင်တယ်ဗျ ✍️✍️ကျွန်တော်ရေးနေသောစာများသည် အကောက်ခွန်နဲ့အများကြီးသက်ဆိုင်နေတယ်ဆိုတာက Logistics မှာအကောက်ခွန်၏ အခန်းကဏ္ဍက အတော်အရေးပါလို့ export & Import လုပ်တဲ့သူ ပြသနာတတ်နေတဲ့သူအများ ရှိလို့ အမေးအများဆုံးဖြစ်လို့သာ ကျွန်တော်ရေးဖြစ်တာပါဗျ တစ်ခြား logistics Knoedge တွေလည်းရေးပါတယ် ဒါပေမယ့်များနေတာပေါ့နော် ဒါကြောင့် ကျွန်တော်အကောက်ခွန်နဲ့ပတ်သတ်ပြီးလျှော့ရေးပါ့မယ်ဗျ တစ်ခြား Knowledge တွေလည်းရစေဖို့အတွကိပါဗျ အလုံးပဲ မှန်ကန်တဲ့အသိပညာ knowledge များရပြီးနိုင်ငံတော်၏ အရွေ့တစ်ခုကိုတစ်ဖက်တစ်လှမ်းကကူညီပေးနိုင်သောသူများဖြစ်ကြပါစေဗျ။
လေးစားလျှက်

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...