Tuesday, 28 January 2020

Multimodal Transport (ဘက်စုံထောက်ပံ့ပို့ဆောင်ရေး) အကြောင်း


ကဲအားလုံးကိုယ့်ဆရာကိုယ့်အမိတို့မဂ်လာပါဗျ မတွေတာမရေးတာတောင်အတော်လေးကြာသွားပြီဗျကျွန်တော်စာမရေးတာတင်မဟုတ်ပါဗျကိုယ့်ဆရာကိုယ့်အမတို့မေးတဲ့မေးခွန်းတွေကိုတောင်Reply မပြန်​နိုင်အောင်ဖြစ်နေလို့ပါဗျအလုပ်ရှုပ်တာတစ်ကြောင်းရယ်ပြီးFIATA လည်းတက်တော့စာမေးပွဲ ပြီး Assignment ဒါတွေနဲ့တိုင်ပတ်နေတယ်ဆိုပါတော့ဗျ😁😁ကဲဗျာအလုပ်နဲ့သက်သေပြရအောင် ကျွန်တော်ဒီနေ့ #Multimodal Transporat Operator ဘာကြောင့်ဖြစ်သင့်တယ်ဘာအကျိုးရှိတယ်ဆိုတာကိုပြောပြပေးပါ့မယ်ဗျ။
❓❓ဘာလဲဗျ MTO ❓❓
✍️✍️ဟုတ်ကဲ့ ကျွန်တော်တို့ MTO ဆိုသည်မှာ Multimodal Transport Operator ကိုဆိုလိုပါတယ်ဗျ မြန်မာလိုဆိုရင်တော့ ဘက်စုံပို့ဆောင်ရေးလိုင်စင်ကိုင်ဆောင်ထားသူပေါ့ဗျာ ။
❓❓ဘာလဲဗျ Multimodal Transport ဆိုတာကိုအရင်လင်းစမ်းပါအုန်းဗျ ❓❓
✍️✍️ဟုတ်ကဲ့ ဘက်စုံပို့ဆောင်ရေးဆိုသည်မှာ အနည်းဆုံး 2 Mode နှင့် 2 different Countries & two or more different means of transportation ကျော်၍သယ်ယူပို့ဆောင်တာကို ဘက်စုံပို့ဆောင်ရေးလို့ခေါ်ပါတယ်ဗျ
💁🏻‍♂️Means ဆိုသည်မှာ ဥပမာ Airplane,Truck,Ship,Rail
💁🏻‍♂️Mode. ဆိုသည်မှာ ဥပမာ Land,Air,Sea
💁🏻‍♂️Node. ဆိုသည်မှာ ဥပမာ Sea Port,AirPort
❓❓Ok အခုလည်းအဲ့လိုလုပ်ပြီးသွားနေတာ်ဟုတ်လားဗျ ဘာအားသာချက်ရှိလို့လဲဗျ ❓❓
✍️✍️မှန်ပါတယ် အခုလည်းသွားနေကြပါတယ် ကျွန်တော်တို့နိုင်ငံ မှာ Freight Forwarder တွေက အဆင့်ဆင့်နိုင်ငံအလိုက် တစ်ခြား Agent ကို အားကိုး Carrier ကိုအားကိုး B/L အဆင့်ဆင့်ထုတ် ပြားစွန်းစားနေကြရတယ်ဗျ အဲ့​တော့ MTO သာဖြစ်ရင် နိုင်ငံတစ်ကာ Carrier တွေကို Scahule ထုတ်ပေးပြီးကိုယ်ပိုင်တာဝန်ယူပြီး Multimodal Transport Document တစ်ခုထဲနဲ့ ကြိုက်တဲ့ Destination ကို Try လိုရသွားပြီ ကြိုက်တဲ့ Mode ပြောင်း ကြိုက်တဲ့ Means ပြောင်း ကြိုက်တဲ့ Node ပြောင်း အေးဆေး Handle လုပ်လို့ရသွားမှာပါဗျ ထို MTO လိုင်စင်ဆိုတာလည်း နိုင်ငံတစ်ကာမှာ ရှိပါတယ်ဗျ မြန်မာမှာ MTO လုပ်ထားပြီးရင် တရားဝင်လုပ်ကိုင်နိုင်ပြီဖြစ်တယ်ဗျ။
❓❓Ok နားလည်ပြီ MTO ဖြစ်ဖို့ဘာတွေလိုအပ်လဲဗျ ❓❓
✍️✍️MTO Rule/Law ကလည်းထွက်ထားပြီးပြီ အဲ့မှာလည်းထည့်ထားတယ်ဗျ လွယ်တော့မလွယ်ဘူး MTO ဖြစ်ပြီး အစအဆုံးတာဝန်ယူရမှာဖြစ်လို့ အားလုံးကိုယ့်တာဝန်သာဖြစ်မှာဗျ လိုတာတွေက UNESCAP /FIATA /MIFFA /ထိုမှ အသိမှတ်ပြုလက်မှတ် ရရှိထားသူဖြစ်ရမယ် ကိုဆက်သွယ်လုပ်ကိုင်မည့် ပြည်ပတွင် Company ရုံးခွဲရှိရမည် ပြီး Deposit ရှိရမည်ဘာညာပေါ့ဗျာ Multimodal Transport Law မှာတော့အတိကျပြဌာန်းထားတယ် ဗျ ကျွန်တော်ကတော့ ကျွန်တေည် တို့နောကက်မှ Logistics လုပ်ကိုင်လာတဲ့သူတွေအတွက်အခွင့်အရေးလို့မြင်တယ်ဗျ
💁🏻‍♂️ကျွန်တော်တို့နောက်ပိုင်းခေတ်စားလားမဲ့ Combine Transport /Intermodal Transport /Multimodal Transport တွေဖြစ်တဲ့အတွက် Logistics လုပ်ကိုင်နေသူများ knowledge ပြည့်ဖို့တော့လိုမယ်ဗျာ international မှာ ဘာတွေဘယ်လို ပို့ဆောင်ရမလဲဆိုတာ Create လုပ်ရမှာဖြစ်တဲ့အတွက်ပါ
✍️Combine Transport ကွဲပြားချက် က သူက Same Unitload ဖြစ်ရမယ်ဒါပဲ
✍️Intermodal Transport ကွဲပြားချက်က different two countries ဖြစ်စရာမလိုဘူးဗျာ ဒါပဲ
ဒါတွေကိုသိမှသာ ဘာ Transport နဲ့သွားမလဲ ဘာ Document သုံးမလဲဆိုတာ သိထားမှရမှာမလို့ MTO ဖစ်ချင်သူများ အခုကတည်းက လေ့လာကြပါလို့ပြောရင်း Logistics ကဏ္ဍကို တစ်ဖက်တစ်လမ်းကဝိုင်းဝန်းတွန်းကြရင် စစ်မှန်သောအရွေ့တစ်ခုကိုရောက်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ဗျ။
💁🏻‍♂️ကျွန်တော် Multimodal Transport Law ကိုလည်း အားတဲ့အချိန် ရှာလို့ရတဲ့ link လေ:ဝေဌသွားပါ့မယ်ဗျ။
လေးစားလျှက်

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...