Thursday, 16 April 2020

ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ (အပိုင်း-၁)

🙋🏻‍♂️🙋🏻‍♂️ကဲဗျာကျွန်တော်ရဲ့ကိုယ့်ဆရာကိုယ့်အမိတို့မင်္ဂလာပါဗျအားလုံးနေကောင်းကျမ်းမာအောင်နေပါဗျလက်ဆေးပါသန့်ရှင်းစွာနေကြပါအပြင်မထွက်ကြပါနဲ့မတတ်နိုင်လို့အပြင်ထွက်ရင်လည်းMOHSကညွှန်ကြားထားတဲ့အတိုင်းတစ်သွေမတိန်းလိုက်နာကြပါဗျကျွန်တော်ချစ်တဲ့ကျွန်တော့ရဲ့ကိုယ့်ဆရာကိုယ့်အမိမှမဟုတ်ဘူးကျွန်တော်တို့နိုင်ငံကြီးအမြန်ဒီကပ်ကြီးမှကင်းလွတ်အောင်ကျွန်တော်တို့ပူးပေါင်း Home Stay လုပ်ပြီး တိုက်ထုတ်ကြရအောင်ဗျာ။
✍️✍️ဒီနေ့တော့အိမ်မှာနေရင်းဖတ်လို့ရအောင်အများကတောင်းဆိုကြလို့နည်းနည်းများများရေးပေးပါ့မယ်ဗျ ကျွန်တော်တို့ Logistics မှာ ကဏ္ဍပေါင်းစုံအရေးပါပါတယ်တယ် ဘယ်ကဏ္ဍကမှလဲ အရေးမပါတာမရှိပါဘူးအဲ့အထဲကမှ အရေးပါဆုံး ဖောရှော လုပ်လို့မရတာက အကောက်ခွန်ဆိုင်ရာ ဥပဒေ များနှင့် incoterm များဖြစ်ပါတယ် တစ်ခုခုဆိုဆုံးရှုံးနစ်နာမှုများပါတယ်။အဲံတာကတော့အကောက်ခွန် ဥပဒေ နဲ့ဆက်နွယ်နေတဲ့ Risk Management ပေါ့ဗျာ ကြီးကြီးကျယ်ကျယ်ပြောရရင်😁ကျွန်တော်လွန်ခဲ့သော ၄ နှစ်လောက်က ကျွန်တော် services ပေးသော company တစ်ခုက သူဘာ Risk မှမလိုချင်ဘူး မင်းပြောတဲ့အတိုင်းလုပ်မယ် Risk ဖြစ်လာမယ် တစ်ခုခုမှားယွင်း ခဲ့မယ်ဆိုရင် လျှော်ဆိုပြီး contract ထိုးခိုင်းတယ်ဗျ ကျွန်တော် အဲ့ဒါနဲ့ အလုပ်လဲလိုချင်တော့ ကျွန်တော်ထိုးပေးခဲ့တယ် အဲ့မှစပြီး ဘယ်အရာကမှစ မျက်ခြေမပျက်ဘူး လေ့လာဖြစ်ခဲ့တယ် အဲ့တုန်းကတော့ အကောက်ခွန် ဥပဒေ က Main ပဲလေ သူကနေအဆင်ပြေရင် ကျန်တာအေးဆေးဆိုတော့ အကောက်ခွန်ဥပဒေ အတော်များများ မသိမရှိရအောင် ကျွန်တော်တွန်းအားရခဲ့တယ် အဲ့ Risk Management ကြောင့်ကျွန်တော်အဆင်ပြေတယ် သိခဲ့ရတယ်ပေါ့ဗျာ ဘာကြောင့်ပြောသလဲဆိုရင် ကျွန်တော်ပြောပြမဲ့ အကောက်ခွန် ဥပဒေသတွေဟာ မသိထားရင် စီးပွါးပျက်သွားတဲ့အထိဒုက္ခရောက်သွားနိုင်တယ်ဆိုတာပါ လုပ်ငန်းရှင်တော်တော်များများလဲ ဘဝပေါင်းများစွားပျက်ခဲ့ရတယ်ဆိုတာလဲသိပြီးဖြစ်ပါလိမ့်မယ်ဗျ ok ပါစလိုက်ရအောင်ဗျာ ။
✍️✍️ကျွန်တော်တို့ အကောက်ခွန် မှ အဓိကကျင့်သုံးတဲ့ ဥပဒေ ကတော့ ဥပဒေ (၃) ရပ်ရှိတယ်ဗျ
1️⃣The Sea Customs Act ,1878
2️⃣The Land Customs Act ,1924
3️⃣The Traiff Law ,1992
✍️✍️ဒီ (၃)ရပ်ထဲမှ လိုအပ်တဲ့ ဥပဒေ တွေပဲရွေးပြောမယ်ဗျာ ဒါမှမဟုတ်ရင် ကျွန်တော်တို့ ကုလားကားကြည့်ရသလိုဖြစ်မယ် အခုတော့ ကိုရီးယားကားပေါ့ဗျာ😁😁
ဖြစ်ပေါ်လာတာတွေလဲမပြောတော့ဘူးအရေးမကြီးဘူးသိရလောက်အောင်လေနော် ok စမယ်
1️⃣The Sea Customs Act ,1878
👉အခန်းပေါင်း(၁၈) ခန်းနှင့် ပုဒ်မပေါင်း (၂၀၇) ခုရှိရာ ၂၀၁၅ ဖြည့်စွက် ရာ လက်ရှိ ပုဒ်မ (၂၀၉) ရှိတယ်ဗျ။
👉ပလကဥပဒေ လို့သုံးတယ်ဗျ ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေသည် အထူးဥပဒေဖြစ်ဟုသတ်မှတ်ထားခဲ့ကြတယ်ဗျ။
✍️✍️ထိုအထူးဥပဒေမှာ (၄)မျိုးရှိတယ်ဗျ
1️⃣သက်သေပြရန်တာဝန် (ပုဒ်မ ၁၆၇-က)
2️⃣ကြံစည်အားထုတ်မှု့။ (ပုဒ်မ ၁၆၇-ခ)
3️⃣အခြားဥပဒေအရ အရေးယူခြင်းကို အတားစီးမဖြစ်စေရ (ပုဒ်မ ၁၈၆)
4️⃣ပြစ်မှု့ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၃ နှင့် သက်ဆိုင်ခြင်းမရှိစေရ (ပုဒ်မ ၁၈၆-က)
😄😄ဘာတွေလဲမသိဘူးနော် ရှုပ်တယ် မသိရင်ကောင်းမလားလို့တောင်တွေးမိတယ်နော် ကျွန်တော်လဲအဲ့လိုပဲ ကျွန်တော်အဝါကတ်သင်တန်းတုန်းကအလွတ်ကျက်ခဲ့ရတာဗျ မလွယ်ဘူးနော် 😁😁
1️⃣သက်သေပြရန်တာဝန် (Burden of Proof)
ထိုဥပဒေ ကို ပလကပုဒ်မ ၁၆၇ (က) ကပြဌာန်းထားသည်
👉ပြဌာန်းချက်တွင် လူကြီးမင်းတို့တင်သွင်းတင်ပို့သော ကုန်ပစ္စည်းများအကြောင်းအမျိုးမျိုးကြောင့်ဖမ်းစီးတားစီး ဖြစ်ခဲ့လျှင် လူကြီးမင်းတို့ဖက်အရမှ အထောက်ထားခိုင်ခိုင်မာမာဖြင့် သက်သေပြ လိုရသည်။ထိုသက်သေပြရန်တာဝန်သည် လူကြီးမင်းတာဝန်သာဖြစ်သည်။
👉သက်သေခံဥပဒေ ပုဒ်မ ၁၀၁ တွင် တရားစွဲဆိုသောကိစ္စရပ်သည် သက်သေပြရန်တာဝန်မှာ စွပ်စွဲသူ တရားလိုပေါ်၌တာဝန်ရှိသည်။
👉အယူခံတင်သွင်းခြင်းဆိုင်ရာပြဌာန်းချက်
✍️ပလက အက်ဥပဒေအရ အကောက်ခွန်အရာရှိမှ ချမှတ်ထားသော အမိန့် ဆုံးဖြတ်ချက်ကို တစ်စုံတစ်ဦးအတွက်နစ်နာသည်ဟု ထင်မြင်သူမည်သူမဆို အဆိုပါ အမိန့်ကို အကောက်ခွန်အရာရှိ အမိန့်ချမှတ်သည့်နေ့မှ တစ်လအတွင်း အယူခံဝင်နိုင်သည် ။ပလက ပုဒ်မ ၁၈၈ အရ။
✍️အယူခံတရားလိုက လုံလောက်သော အကြောင်းအချက်တင်ပြနိုင်လျှင် အခွန်အယူခံခုံအဖွဲ့သည် အယူခံကာလ စည်းကမ်းသတ်မှတ်ချက်ကို (၃) လအထိထပ်တိုးပေးနိုင်သည်။
✍️အယူခံခုံအဖွဲ့သည် အရာရှိ သို့ အယူခံတရား တို့ကိုစစ်ဆေးပြီး မှန်ကန်တဲ့အတိုင်း အမိန့်ကိုအတည်ပြုရန် (သို့) ပြင်ဆင်ရန် (သို့) ပယ်ဖျက်ရန် အမိန့်ချနိုင်သည်။
2️⃣ကြံစည်အားထုတ်မှု့ (Attempt)
✍️ပြစ်မှု့ဆိုင်ရာဥပဒေတွင် ပြစ်မှု့တစ်ခုကျူးလွန်ရန် အဆင့် (4) ဆငိ့ရှိသည်။
1️⃣ကြံစည်စိတ်ကူးခြင်း (Intention)
2️⃣ကြိုတင်ပြင်ဆင်မှု့များပြုလုပ်ခြင်း (Preparation)
3️⃣ကိုယ်ထိလက်ရောက်ကျူးလွန်ရန်အားထုတ်ခြင်း(Attempt)
4️⃣ပြစ်မှု့ကျူးလွန်ခြင်း(Commission)
✍️ပလကပုဒ်မ ၁၆၇(ခ)တွင် ကြံစည်အားထုတ်မှု့နှင့်ပတ်သတ်၍ ပြဌာန်းထားသော်လည်း ပြစ်မှု့ကျူးလွန်ရန် အဆင့် (၄) ဆင့်အား ထည့်သွင်းစဉ်းစားခြင်းမရှိ။
✍️ပလကပုဒ်မ ၁၉ ပိတ်ပင်တားမြစ်ချက် ၊ကန့်သတ်ချက် များကို ဆန့်ကျင်၍ တင်သွင်း တင်ပို့ရည်ရွယ်ချက် ဖြင့်ကုန်ပစည်းများကို သိုဝှက် ဖုံကွယ်ထားခြင်း၊သိမ်းစည်းထားခြင်း၊သယ်ယူပို့ဆောင်ခြင်းဖြစ်သည်ဟု အကောက်ခွန်အရာရှိက ယုံကြည်လက်ခံလျှင် ကြံစည်အားထုတ်မှူ့ မြောက်ပေသည်။
3️⃣အခြားဥပဒေအရအရေးယူခြင်းကိုအတားအဆီးမဖြစ်စေရ။ပလက ၁၈၆ ပြဌာန်း
👉ကုန်ပစ္စည်း ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းယူခြင်း
👉ဒဏ်ငွေတပ်ရိုက်ခြင်း
👉အကောက်ခွန်တိုးမြင့်ကောက်ံခြင်း တို့အား အကောက်ခွန်အရာရှိက စီရင်ဆုံးဖြတ်ခြင်းသည်စီရင်ဆုံးဖြတ်ခြင်းခံရသူအား အခြားဥပဒေ အရ ထိုက်သင့်သော အပြစ်ဒဏ် တစ်စုံတစ်ရာ စီရင်ခြင်းကို အတားအဆီးမဖြစ်စေရ။
👉ပြစ်မှု့ကြူးလွန်သူအား အကောက်ခွန်ဥပဒေအရ ပြစ်ဒဏ် စီရင်ပြီးဖြစ်သော်လည်း အခြားဥပဒေပရ တစ်ရပ်ရပ် အရထပ်မံ ပြစ်ဒဏ်ချမှတ်နိုင်တယ်တဲ့ဗျာ😁😁
4️⃣ပြစ်မှု့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၃ နှင့်သက်ဆိုင်ခြင်းမရှိစေရ။
👉ပုဒ်မ ၄၀၃ ပြဌာန်းချက်မှာ တရားရုံတစ်ခုက ပြစ်မှု့အတွက် တစ်ကြိမ်စစ်ဆေး၍ ပြစ်မှု့ထင်ရှား စီရင်ခြင်းခံရသူ (သို့)အပြီးအပြတ်လွတ်ခြင်းခံရသူအား ၄င်းပြစ်မှု့ဖြစ် ထပ်မံစစ်ဆေးစီရင်ခြင်း မခံထိုက်စေရ
👉ပလကပုဒ်မ ၁၈၆(က)တွင် ပြစ်မှု့ ဆိုင်ရာကျင့်ထုံးဥပဒေ ၄၀၃ ပါ ပြဌာန်းချက်များသည် ပလကပုဒ်မ ၁၆၇(ပြစ်မှု့နှငိ့ပြစ်ဒဏ်များ)နှင့် ပလကပုဒ်မ ၁၈၃(ရွေးယူဒဏ်ငွေခွင့်ပြုခြင်း)တို့အရ အကောက်ခွန်အရာရှိ ဆောင်ရွက်လျှက်ရှိသော မှုခင်းများနှင့်လည်းကောင်း၊ပုဒ်မ ၁၈၈(အယူခံဝင်ရောက်ခြင်း)သို့ ပလက ဥပဒေ ၁၉၁ (ပြင်ဆင်မှု့လျှောက်ထားခြင်း၊ပြန်လည်သုံးသပ်ခြင်း) များနှင့်လုံးဝ သက်ဆိုင်ခြင်းမရှိစေရ ဟုပြဌာန်းထားပါသည်။
👉ပြစ်မှု့ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၃ ပါပြဌာန်းချက် နှင့်ဆန့်ကျင်၍ ပြစ်ဒဏ် (၂) ကြိမ်ထက်ပို၍ ချမှတ်နိုင်သည်။
😤😤ကိုပြုံးတော့ရူးသွားပီလားမသိအပေါ်တစ်မျိုးအောင်တစ်မျိုးလို့ထင်ကြလိမ့်မယ်ဗျ 😁😁ရှင်းပြမယ်
ဥပမာ-တရားမဝင်တင်သွင်းလာ/တင်ပို့ ဖမ်းဆီးမှု့များတွင်ကုန်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းပြစ်ဒဏ်၊ကုန်ပစ္စည်းသယ်ဆောင်လာသော ယာဉ်ကို ပြည်သူဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ပြစ်ဒဏ် နှင့် တင်သွင်းသူအားထောင်ဒဏ်/ငွေဒဏ် များကိုတစ်ဆက်တည်းလုပ်ပိုင်ခွင့်ရှိသည်ကိူဆိုလိုပါသည်။😁😁ရှင်းပြီဟုတ်😁😁
✍️✍️ကဲဗျာ တစ်လက်စာထဲ (#တင်သွင်းခြင်းမပြုရန်ပိတ်ပင်တားမြစ်ချက်) တွေကို ပြောပေးပါ့မယ်ဗျ
#ပုဒ်မ၁၈ အရပိတ်ပင်
✍️ငွေဒင်္ဂါးအတု/ငွေအကြွေအတု/စံချိန်မမှီသောအသုံးပြုနေသည့်ငွေအကြွေများ/ညစ်ညမ်းစာအုတ်စာတမ်း/စာရွက်/ရုပ်ပုံ/ပန်းချီကားချပ်/ပုံတူရုပ်ထု နှင့်အရာဝတ္ထုများ
✍️ကုန်အမှတ်တံဆိပ်အတုဖြင့်ဖြစ်စေ၊တစ်ခြားတည်ဆဲဥပဒေအရ ငြိစွန်းသောကုန်ပစ္စည်းများ၊အကြောင်းရာအလိမ်ဖြင့်တင်သွင်းကုန်ပစ္စည်း။
✍️ကုန်ပစ္စည်းတင့်ပို့ထုတ်လုပ်သော Brand /CO ဘယ်မှာလုပ်ဆောင်ခဲ့ကြောင်း အမှတ်တံဆိပ်မပါလျှင်ခွင့်မပြု
✍️အလျားလိုက်တိုင်းထွာ၍လည်းကောင်း၊အုပ်လိုက်အပိုင်းလိုက်သော်လည်းကောင်း အလေးချိန်လိုက်သော်လည်းကောင်း ရောင်းချသောအထည်လိပ်များတွင်-
(၁) အထည်လိပ်(သို့)အပိုင်းအသီးသီးတွင် အမှန်ပါရှိသောကိုက်နှင့်အညီယူနစ်မည်မျှပါရှိကြောင်းကို အင်္ဂလိပ်ဂဏန်းနှင့်ထင်ရှားစွာတံဆိပ်ရိုက်နှိပ်လျက်မပါလျှင်
(၂) မြန်မာနိုင်ငံပြင်ပမှထုတ်လုပ်သော
(၃) မြန်မာနိုင်ငံအတွင်း တည်ရှိလျှင် စက်ရုံအက်ဥပဒေတွင် အနက်အဓိပါယ် သတ်မှတဖေါ်ပြထားသည့်အတိုင်းမကိုက်ညီလျှင် ခွင့်မပြု
✍️မီးစုန်းအဖြူဖြင့်ပြုလုပ်ထားသောမီးခြစ်များခွင့်မပြု။
✍️ပြည်ထောင်စုအစိုးရအဖွဲ့ အသီးသီးမှ အခါအားလျှော်စွာအစိုးရပြန်တမ်းတွင် ထုတ်ပြန်ထားသည့်ကြေညာချက်ကုန်ပစ္စည်းများအား မည်သည့်နည်းလမ်းဖြင့်မဆို တင်သွင်းတင်ပို့ ပြုလုပ်လျှင် တည်ဆဲဥပဒေအရ အရေးယူနိုင်သည်။
✍️ #ပုဒ်၂၀ တင်သွင်းတင်ပို့ကုန်စည်များအပေါ်တွင်အခွန်စည်းကြပ်ကောက်ခံနိုင်သည်။
✍️ #ပုဒ်မ၂၃ ပြည်ထောင်စုဝန်ကြီးသည် အထူးအခြေနေပေါ်မူတည်၍ အကောက်ခွန်အားလုံးကိုဖြစ်စေ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ကင်းလွတ်ခွင့်ပြုနိုင်သည်။
✍️ #ပုဒ်မ၂၄ ခရီးသည်ဝန်စည်(pessenger Baggage) အပေါ် အကောက်ခွန်ကင်းလွတ်ခွင့်အား Customs DG မှအမိန့်ညွှန်ကြားစာထုတ်ပြန်၍ဆောင်ရွက်နိုင်သည်။
✍️ #ပုဒ်မ၂၇ ရေယာဉ်ချိုယွင်း(သို့) ပျက်စီးသဖြင့် စွန်ပစ်မျှောချ၍ရေမျောကမ်းတင်ဖြစ်သောကုန်ပစ္စည်းကို နိုင်ငံအတွင်းသို့ယူဆောင်လာလျှင်(သို့)ရောက်ရှိလာလျှင် ၄င်းပစ္စည်းကိုအခွန်ဆောင်ရမယ်တဲ့ဗျာ။
😁😁စာကအတော်ရှည်သွားပြီဗျ ဒါပေမယ့် Sea Customs Act ကတော့မပီးသေးဘူးဗျ ဒီမှာတင်ရပ်လိုက်မယ်ဗျာ အပိုင်း ၂မှပဲ လုပ်ပိုင်ခွင့်တွေအကြောင်းပြောရအောင်ဗျာ အားလုံတော့ ဒဏ်တို့ဘာတို့ကြုံဖူးကြမှာပဲလေ အဲ့ဒါလေးတွေကို ပြန်စဥိးစားပီး ဒါကြောင့်ပါလားဆိုတဲ့အသိလေးတွေဝင်ပြီး အကျိုးရှိကြပါစေဆုတောင်းရင်းနှုတ်ဆက်လိုက်ပါရစေ အပိုင်း ၂ မှာပြန်ောကြတာပေါ့✌️✌️✌️
လေးစားလျှက်

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...