Sunday, 26 July 2020

Logisticsလေ့လာသူများအတွက်အထူးသိသင့်သော Unitization



#Logisticsလေ့လာသူများအတွက်အထူးသိသင့်သောUnitization
🙋🏻‍♂️🙋🏻‍♂️ကိုယ့်ဆရာကိုယ့်အမိတို့ မင်္ဂလာပါဗျ တစ်နေ့ကအသိတစ်ယောက်က Palletization အကြောင်း​မေးတော့ကျွန်တော်လည်းကြားဖူးနားဝရှိတာသိတာလေးတွေရှင်းပြဖြစ်ခဲ့တယ်ဗျ အဲ့ဒါနဲ့ခေါင်းထဲရောက်နေတာပေါ့ဗျာ ပြီးတော့ဒီနေ့အားတာနဲ့ ဆရာ ဒေါက်တာမျိုးငြိမ်းအေး ရေးထားတဲ့ 2019 ကထုတ်ဝေထားတဲ့ Logistics ဆိုင်ရာအဝေးကြည့်ဆောင်းပါး ဆိုတဲ့စာအုပ် ဆရာကိုယ်တိုင်လက်မှတ်ထိုးပေးထားတဲ့ စာအုပ်လေးကို စာအုပ်စင် သန့်ရှင်းရေးလုပ်ရင်းကောက်ကိုင်ပြီးဖတ်ဖြစ်လိုက်တယ်ဗျ အဲ့မှာ ဆရာရေးထားတဲ့ Unitization of Cargo ဆိုတာလေးကိုပြန်ဖတ်ဖြစ်တာနဲ့ ကိုယ်သိတာနဲ့ အားလုံးကိုသိစေချင်တဲ့ စိတ်နဲ့ ကျွန်တော်နားလည်သလိုဖေါ်ပြလိုက်ရပါတယ်ဗျ။
👉#UNITIZATION ဆိုတာဘာလဲ ❓❓❓
🧑‍💻Unitization ဆိုတာကိုတိုက်ရိုက်ရှင်းပြရမယ်ဆိုရင် တော့ဗျာ ကုန်စည်အထုတ်အပိုးများကိုတစ်စုတစ်စည်းထဲဖြစ်အောင် ပြုလုပ်ခြင်းပေါ့ဗျာ ကျွန်တော်တို့ နိုင်ငံမှာ ကုန်စည်ပို့ဆောင်မှု့ ပုံစံတွေအများကြီးရှိကြပါတယ်ဗျ အဲ့လိုရှိကြတဲ့အထဲမှာမှ ကိုယ်အဆင်ပြေသလို ထုတ်ပိုးသယ်ယူကြတာကနေပြီးတော့ နောက်ကျ တစ်ယောက်နဲ့တစ်ယောက် တစ်နေရာနှင့် တစ်နေရာ ရေလမ်း ကုန်းလမ်းစသော လမ်းတွေမှာ cargo ကိုသယ်ယူလွယ်ကူစေရန်အတွက် နိုင်ငံတစ်ကာ တစ်ပုံစံတည်းဖြစ်စေရန် Cargo အထုတ်ပိုး အလိုက် စုစည်း ပို့ဆောင်ရန် သတ်မှတ်ထားတဲ့နည်းလမ်းများကိုဆိုလိုခြင်းဖြစ်ပါတယ်ဗျ၊ 👌ကဲအဲ့လောက်ဆို ok ပီနော်
👉ဘယ်လိုထုပ်ပိုးပို့ဆောင်လမ်းကြောင်းတွေရှိတာလဲဗျ❓❓❓
🧑‍💻🧑‍💻Ok လာမယ်လေဗျာ 😁😁 Unitization ပုံစံတွေကတော့ဗျာ 👇🏻👇🏻👇🏻
1️⃣Palletization
2️⃣Pre-Slinging
3️⃣LASH
4️⃣RO/RO
5️⃣Containerization. ဆိုပြီးရှိကြတယ်ဗျ 👌
❓❓ဘာလဲဗျ #Palletization ❓
😯😯ဟောလုပ်ပီဗျာ ကျွန်တော်တို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး စာအမှတ် ပဆ-၅/သတရ(ထွေ)/၂၀၂၀(၃၅၃) နဲ့ ရက်စွဲ -၂၂/ဇွန်/၂၀၂၀ မှ ပူပူနွေးနွေးထွက်ထားတဲ့ စာအရ Pallet Dimension ၂ မျိုးဖြစ်တဲ့ (ISO 6780 အရ 1100mmx1100mm ,1200mmx1000mm)သယ်ယူပို့ဆောင်တဲ့နေရာမှာစနစ်ကျရန်မြန်ဆန်ရန် အတွက်တရားဝင်ခွင့်ပြုစာထွက်ခဲ့တယ်ဗျ။ ဥပမာ ရှင်းပြရရင်တော့ Cargo တွေလွယ်ကူစွာရွှေ့ပြောင်းဖို့ အတွက် Cargo အောက်ကခံပြီး Fourklift သို့ Pallet jet နဲ့ အလွယ်တစ်ကူလျှင်မြန်စွာ အချိန်ကုန်သက်သာစွာ cargo အပျက်စီးနည်းစွာ ရွေီ့ပြောင်းပေးတဲ့ အခင်းပြားကို Pallet လိုခေါ်တယ်ဗျ 👌အဲ့လောက်ဆိုရပြီနော်😁😁
👉Pallet မှာ (၄)မျိုးရှိတယ်ဗျ
1️⃣The Stevedoring Pallet
2️⃣The Shipping Pallet
3️⃣The Warehouse Pallet
4️⃣The Factory Pallet ဒါတွေကထားတော့နောက်ကြုံရင်ပြောပြမယ်ဗျာ😁😁
ကဲထားပါဗျာ #Pre-#Slinging ဆိုတာကြီးကရော❓
✍️✍️ဟုတ်ပီဗျာ သူကတော့ဗျာ လွယ်လွယ် မျက်လုံးထဲပေါ်အောင်ပြောရမယ်ဆို ရင်ဗျာ ဘိလပ်မြေအိပ်ပုံစံ Cargo တွေ ပြီး jambo bags လို့ခေါ်တဲ့ အိတ်ထဲထည့်ထားသော powder cargo တွေ Construction မှာအသုံးပြုမဲ့ သံချောင်း Cargo တွေကို အစုလိုက် အစုလိုက် သေချာစွာ တန်ချိန်သတ်မှတ် ပြီး အရေတွက်တူညီစွာ ရွှေ့ပြောင်းလွယ်ကူစေရန် ပြီး ပို့ဆောင်ရေး ယာဉ်မျိုးစုံ အလွယ်တကူ တင်ဆောင်နိုင်ရန် ပြုလုပ်ထားတာကိုဆိုလိုတာဗျ ကဲရှင်းပီးလားကိုယ့်ဆရာ👌😁😁
နောက်တစ်ခု #LASH ဆိုတာကြီးလဲပြောဗျာ❓❓
✍️✍️သိချင်အောင်လုပ်ခဲ့မိတာ sorry ဗျာ 😁ဒါတစ်ကယ်အရေးပါပါတယ်ဗျ သိရင်😁😁 သူကဘာကိုဆိုလိုသလဲဆိုရင်ဗျာ ကျွန်တော်တို့ heavy cargo တွေ ပိုက်လုံးကြီးတွေ ကိုတစ်စုတစ်စည်း ထဲထည့်လို့ရတဲ့ Lash barge လိုခေါ်တဲ့ ပစ္စည်းတင်ဆောင်နိုင်တဲ့ ရေလုံစနစ်ဖြင့်တည်ဆောက်ထားတဲ့ သတ္တာကြီးပေါ့ဗျာ သူကဘယ်လို အမျိုးစား သင်္ဘောနဲ့ လဲဆိုရင် Lighter Aboard Ship လိုခေါ်တဲ့ Lash မိခင်သင်္ဘောကြီးပေါ့ဗျာ တစ်ချို့ရေစူးနဲတဲ့ ဆိပ်ကမ်းကို Lash barge နဲ့ cargo သွားကောက်ပြီး တွန်းသင်္ဘောဖြင့်တွန်းလာရာ မိခင် Lash စင်္ဘောစီသို့ရောက်လျှင် သင်္ဘောကြီးပေါ်မှ Gantry-Type Crane ဖြင့် ဆွဲတင်၍ ဦးတည်ရာထွက်ခွါပတော့တယ်ဗျ ကဲရှင်းပြီးနော်ကိုယ့်ဆရာ
ဟုတ်ပါပြီဗျာအဆုံးသတ်မှာပါဘယ်မှမပြေးပါဘူးဗျ ဒီလိုရှိတယ်ဗျ ကျွန်တော်တို့ အရင်အစိုးရလက်ထပ်က ကားပါမစ်တွေ ချပေးတယ်ဗျာ ကျွန်တော်တို့ ကိုယ့်ဆရာတို့တောင် Japan Reconditioned Option တွေဆွဲလိုက်ကြသေးတယ်လေဗျာ ဟုတ်တယ်ဟုတ် 😁😁အဲ့တုန်းကပေါ့ဗျာ MITT /MIPL မှာကပ်တဲ့ NYK စသဖြင့်သင်္ဘာတွေပေါ့ဗျာ ဒါကို RO/RO စနစ်လို့ခေါ်တာဗျ ကိုယ့်ဆရာကတော့မြင်သွားပြီ တစ်ခြားမမြင်ဘူးတဲ့သူတွေကိာရှင်းပြပါရစေအုန်းဗျ ဒီလိုဗျ ကျွန်တော်တို့ ကားတွေမှာပီဆို container ထဲထည့်လာတာရယ် Ro/Ro စနစ်ရယ်ဆိုပြီး ၂ မျိုးဗျ မြင်အောင်ပြောရရင် ကားများမောင်းတက်မောင်းဆင်းလုပ်လို့ရတဲ့ သင်္ဘောကိုဆိုလိုတာပါဗျ အဲ့သေင်္ဘော သီးသန့်ကားများသာတင်ပြီး အထပ်ပေါင်း ၆ ထပ် ၇ထပ်ဗျ အရေတွက်ကတော့ပြေဋမနေနဲ့တော့ဗျာ အဲ့တော့ကိုယ့်အမိတို့လဲမြင်လောက်ပီနော်👌
👌👌ကဲကိုပြုံးရေ #Containerization ကိုတော့ခင်ဗျားဆရာမလုပ်နဲ့တော့ ကျွန်တော်ပြောတာနားထောင် 😁
✍️✍️ဟုတိပါပြီ ကိုယ့်ဆရာပြော
😁😁စတာပါဗျာ ကျွန်တော်တို့အခုလက်ရှိမှာ Container နဲ့ Cargo transfer လုပ်တာအားလုံးသိနေ ပီးသားဆိုတော့ထွေထွေထူးထူးတော့ပြောစရာမလိုတော့ပါဘူးဗျာ 😁😁
✍️✍️ကဲဟုတ်ကဲ့ပါဗျ ဒီနေ့တော့ မသိမဖြစ်အရေးပါUnitization အကြောင်းကို အားလုံးနားလည်မယ်လိုမျှော်လင့်ပါတယ်ဗျ နောက်များလဲမျှဝေသွားနိုင်အောင်ကြိုးစားသွားပါမယ်လို့ပြောရင်း Good Night ဗျာ။
လေးစားလျှက်



Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...