

ဒီနေ့ ကျွန်တော် UMFCCI နှင့် Computer အသင်းချုပ်တို့ကြီးမှူးကျင်းပသော Unicode ပြောင်းလဲရေး ပွဲသို့တက်ရောက်ဖြစ်ခဲ့တယ်ဗျ၊ကျွန်တော်တက်ရောက်ဖြစ်ခဲ့ပုံမှာ ရုံးမှသွားရမည်ဆိုသောကြောင့်သာ သွားရောက်ဖြစ်ခဲ့သည် ကျွန်တော်လည်းတစ်ခြားသူများနည်းတူ အလုပ်ကများရတဲ့ကြားဆိုတော့ မသိချင်ယောင်ဆောင်နေတာပေါ့ဗျာ ။ဒါပေမယ့် ပွဲကပြန်လာပြီးနောက်ပိုင်း UNICODE ပြောင်းလဲရေးနှင့်အားလုံး ပြောင်းလဲဖို့တိုက်တွန်းမည်ဟု ဆုံဖြတ်ခဲ့တယ်ဗျ ဆုံးဖြတ်ခဲ့ပုံကဒီလိုဗျ
1️⃣တစ်ကမ္ဘာလုံးမှ သတ်မှတ်ထားသော စံသတ်မှတ်ချက်ကြောင့် system မြင့်ခြင်း။
2️⃣ကျွန်တော်တို့ကြိုက်တဲ့ဖုန်းကိုဝယ် unicode ပါပြီးသားဖြစ်တယ် ပြောင်းလဲနေရခြင်းမလို
3️⃣ကျွန်တော်တို့အားနည်းခဲ့သော တစ်ခြားဘာသာစကားများအားလုံးကို unicode သုံးလျှင် Google translate ဖြင့် ကြိုက်တဲ့ website တွင် မြန်မာဘာသာပြောင်းလဲ၍မှန်ကန်စွာလေ့လာနိုင်ပြီဖြစ်သည်။
4️⃣Voice keyboard ပါ၍မြန်မာလိုပြောခြင်းကိုကောင်းစွာနားလည်၍ type ရိုက်စရာမလိုအဆင်ပြေမည်
5️⃣Google Map တွင်လည်း ကားမောင်းရင်းမြန်မာလိုလမ်းနာမည်ကိုမှန်ကန်စွာပြော၍လိုရာခရီးကိုရှာနိုင်မည်ဖြစ်သည်။
6️⃣ မြန်မာစကားတွင်သာမဟုတ် တိုင်းရင်းသား ၃၁ မျိုးသောစာတွေပါရေးနိုင်မည်ဖြစ်သည်။
👏👏ဒီအချက်တွေကြောင့်ကျွန်တော်ရွေးချယ်လိုက်ရပြီး သူငယ်ချင်းတို့ လည်း အောက်တိုဘာလ (၁) နေ့နောက်ဆုံးထား၍ ပြောင်းလဲကြရအောင်တိုက်တွန်းလိုက်ရပါတယ်ဗျ။
👉ဒီနေ့ပွဲကိုမနက်ရောက်နိုင်သောသူများ သိချင်တာများရှိရင် ကျွန်တော့အကောင့် တွင် ဝင်၍ live video ကိုဝင်ရောက်ကြည့်နိုင်ပါတယ်ဗျ အားလုံးအတွက်လက်အညောင်ခံ၍ရိုက်ထားတာနော်😉😉😉
⭐⭐⭐အော်မေ့လို့ဗျ မနက်ဖြန် UMFCCI ရဲ့ အသင်းဝင်ထဲက အသင်းတစ်သင်းဖြစ်တဲ့ ကျွန်တော့်ရဲ့ MBI အဖွဲမှကြီးမှူးကျင်းပနတဲ့ FDA CERTIFICTE လျှောက်ထားခြင်ဒအခက်ခဲများကိုဆွေးနွေးမည့်ပွဲဖြစ်သည်နှင့်တကွ ဌာနဆိုင်ရာများမှ အရာရှိများလည်းဖိတ်ကြားထားသည်ဖြစ်လို့ FDA နှင့်ပတ်သတ်သောသူငယ်ချင်းများ လာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ဗျ လာမည့်သူများလည်း commet တွင်စာရင်းပေးသွားနိုင်ပါကြောင်းပြောကြားရင်း GOOD NIGHT ဗျာ ✌️✌️✌️✌️
လေးစားလျှက်
KO PYONE
No comments:
Post a Comment