Friday, 29 November 2019

E-Commerce Networking Event တက်ရောက်ခြင်း


E-Commerce Networking Event ပွဲကို Admin လည်း ECAM Mamber ဖြစ်လို့ ဒီနေ့တက်ရောက်ဖြစ်ခဲ့ပါတယ်ဗျ။
#Logistics အရွေ့တစ်ခုရောက်ဖို့ E-Commerce ကလည်းအရေးပါတဲ့အခန်းကဏ္ဍ ဖြစ်လို့ join ဖို့ဖိတ်ခေါ်အပ်ပါတယ်ဗျ။

Wednesday, 27 November 2019

MBI အစည်းအဝေး တက်ရောက်ခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိူင်ငံ(UMFCCI)
မြန်မာစီးပွါးရေးအင်နီရှီတစ် ( MBI )
ကုန်သွယ်မှုနှင့်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအဖွဲ့
နိူဝင်ဘာလ- လစဉ်ပုံမှန်အစည်းအဝေး တွင်
#Central Bank issue လေးတွေဆွေးနွေးဖြစ်ခဲ့ကြပါတယ်ဗျ ကျွန်တော့ ကိုယ့်ဆရာ ကိုယိ့အမိတို့လဲ Trade နဲ့ပတ်သတ်ပြီး Central Bank ကိုတင်ပြစရာ ရှိတဲ့ Issue လေးတွေ Comment တွင်ရေးသားတင်ပြလို့ရပါတယ်ဗျ ကျွန်တော်ဆက်လက်တင်ပြပေးပါ့မယ်ဗျ။
#Central bank issue
လေးစားလျှက်
Ko Pyone

Tuesday, 26 November 2019

Myawaddy Border Trade Vs VCCS



🙋🏻‍♂️ဟုတ်ကဲ့ ကျွန်တော့ရဲ့ page မှာရှိတဲ့ ကိုယ့်ဆရာ ကိုယ့်အမိအားလုံးမင်္ဂလာပါဗျ ဒီနေ့တော့ကျွန်တော် တင်ပြခဲ့တဲ့ MyaWaddy မှာသုံးမဲ့ VCCS system အကြောင်းလဲပဲဖြစ်ပါတယ်ဗျ ဘာကြောင့်လဲဆိုရင် ကျွန်တော့ရဲ့ ဆးာထဖြစ်တဲ့ ဆရာ ဝင်းသန့်မှ ကျွန်တော့ရဲ့ ရေးသားအကြံပြုချက်များနှင့် ကိုယ့်ဆရာတို့ အမြင်မလွဲစေရန်အတွက် ဆရာမှ comment မှရေးသားလာသောစာများကိုစုစည်းတင်ပြလိုချင်းကြောင့်ဖြစ်ပါတယ်ဗျ။

🙏🏻🙏🏻ပထမဦးစွာ ကျွန်တော်ရေးထားသော အဓိပါယ်ကိုရှင်းပြချင်တာကတော့ ကျွန်တော် ကုန်သွယ်ရေးဇုန်အတွင်းဆိုသည်မှာ တံတား ၁ သို့ တံတား ၂ တို့ကဝင်လာ၍ ကုန်သွယ်ရေးဇုန် အဆုံး ကိုကျွန်တော်ဆိုလိုရခြင်းဖြစ်ပါတယ်ဗျ ဆရာက်ိုလည်း လေးစားပါတယ် ကိုယ်တိုင်ဝင်ရောက် ရှင်းပြပေးတဲ့အတွက်ပါဆရာ ကျွန်တော်တို့ ပြောတဲ့ဆိုတာကလဲ system ကိုအားပေးသောကြောင့် ရေရှည်တည်တံ့ပြီး လွန်စာအသုံးဝင်တဲ့ system ဖြစ်ရေးတွက် real issue တင်ပြပေးရခြင်းဖြစ်ပါတယ်ဗျ။

✔️ကျွန်တော်ရေးသားခဲ့သော post

https://m.facebook.com/groups/483480655006807?view=permalink&id=2706804572674393

✔️ဆရာ အထင်မမှားအောင်ပြောဆိုသော comment

ကိုပြုံး ညီလေးရဲ့ မြဝတီနယ်စပ်မှာ အသုံးပြုမယ့် အကောက်ခွန်ရဲ့ VCCS စနစ်အပေါ် Comment အတွက် ကျေးဇူးတင်ပါတယ်၊ အချို့အကြံပြုချက်တွေက ကိုယ်တို့ အကောက်ခွန်အတွက် အထောက်အကူဖြစ်စေပါကြောင်း ပထမဦးစွာ ပြောလိုပါတယ်။
ဒါပေမယ့် ညီလေးရဲ့ Comment ထဲမှာ ညီလေးနားလည်ထားတဲ့ အချို့အချက်ကလေးတွေ ကွဲလွဲနေတာကို ပြန်ပြီးဖြည့်စွက် တည့်မတ်ပေးချင်ပါတယ်၊
ပထမတစ်ချက်ကတော့ ပစ္စည်းချမယ့်ကုန်လှောင်ရုံက ကုန်သွယ်ရေးဇုန်ထဲမှာဘဲ ရှိရမယ်ဆိုတဲ့အချက်ပါ။ အဲဒါက မမှန်ပါဘူး၊ VCCS အရ ကုန်ချမည့်နေရာသည် မြဝတီမြို့တွင်း မည်သည့်နေရာမှာမဆို လက်ခံပေးပါတယ်၊ ဒီလိုလက်ခံတယ်ဆိုရာမှာတော့ အဲဒီကုန်ချနေရာတွေကို အကောက်ခွန်က တရားဝင် ကုန်လှောင်ရုံအနေနဲ့ အသိအမှတ်ပြုလိုက်တာမျိုး မဟုတ်ပါဘူး၊ နယ်မြေလိုအပ်ချက်အရ ကုန်ပစ္စည်းတွေ တကယ်ချမယ့် Arrival Location ကိုဘဲ မှတ်တမ်းယူထားတဲ့ သဘောပါ။ ဆက်ပြီး ကုန်လှောင်ရုံပိုင်ရှင်က Approve လုပ်ပေးရမယ်ဆိုတာကလည်း အချို့က ကုန်လှောင်ရုံအမည် အမှန်အကန်ကို မကြေညာဘဲ တစ်လွဲတွေစာရင်းသွင်းပြီး ကြေညာမှာကို တားမြစ်နိုင်အောင်လုပ်ထားတာပါ။ ဘယ်ကုန်လှောင်ရုံမဆို သူ့ဆီပစ္စည်းလာအပ်ရင် အကြမ်းဖျဉ်းတော့ စစ်ဆေးလက်ခံရမှာ ဖြစ်တဲ့အတွက် ဒီ Approve လုပ်တဲ့ကိစ္စက အခက်အခဲ အကြီးအမား မဖြစ်နိုင်ဘူးလို့ ယုံကြည်ပါတယ်။
နောက်တစ်ချက်က လုပ်ငန်းရှင်တွေအပိုင်းက ထပ်မံအကြံပြုချက်တွေအတိုင်း VCCS မှာ ပြန်လည်ပြင်ဆင်မှုတွေ ပိုမိုကောင်းမွန်အောင် လုပ်နေပါတယ်၊ အထူးသဖြင့် ဇုန်မှာကုန်သွယ်ရေးကို ပေးရမယ့် စာရင်းပုံစံနဲ့ VCCS ကနေ ပြန်ပြီး Print-out လုပ်ရင်ရမယ့် ပုံစံ (Format) ကို တူအောင် အတတ်နိုင်ဆုံး ပြန်လည်ပြင်ဆင်ခိုင်းထားပါတယ်၊ ပြောရရင် နှစ်ဌာနစလုံးကို ပေးနေရရင်တောင် စာရင်းကိုတော့ တစ်ကြိမ်ဘဲပြုစုပြီး ပေးနိုင်အောင်ဆောင်ရွက်နေပါတယ်။
နောက်တစ်ချက် ရှင်းပြချင်တာက တံတား ၂ (BCF) ကို ဖွင့်လိုက်တော့ အရင်တံတား (၁) တစ်ခုဘဲရှိတုန်းက လုပ်ငန်းဆောင်ရွက်ပုံနဲ့ လုံးဝကွာခြားသွားပါတယ်။ တံတား (၁) မှာတုံးက Customs က စာရင်းမှတ်ရုံအဆင့်လောက်ဘဲ အလုပ်လုပ်နိုင်ပါတယ်။ အကောက်ခွန်လုပ်ငန်းဆောင်ရွက်ရန် အချိန် နေရာအကျယ်အဝန်း (Facilities) လုံးဝမရှိပါ။ အခုတံတား (၂) (BCF) မှာက Facilities အကုန်ရှိနေပါတယ်။ တကယ်ဆို ကုန်ပစ္စည်းအားလုံးဟာ တံတား (၂) BCF မှာ ဘဲ Declaration တင်၊ အခွန်ဆောင်ပြီးမှ ပြည်တွင်းကို ဝင်ရမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ BCF ဟာ တရားဝင် အကောက်ခွန် ဝင်ပေါက်စခန်းကြီးဖြစ်နေပါပြီ၊ ဒါပေမယ့် အဲဒီလို (BCF) မှာ တခါတည်းအခွန်ဆောင်ရမယ်ဆိုရင် မြဝတီမြို့ထဲမှာ ကုန်မဖြစ်မနေချပြီးမှ Declaration တင်ဖို့ ပြင်ဆင်ရမယ့် ပြည်တွင်းက သမားရိုးကျ Importer / Exporter/ Broker တွေ Logistic သမားတွေအတွက် အကြီးအကျယ်အခက်အခဲရှိမယ်ဆိုတာကို နယ်မြေခံလုပ်ငန်းရှင်တွေက တင်ပြထားတဲ့အတွက် လုပ်ငန်းရှင်တွေအခက်အခဲမရှိအောင် မြဝတီမြို့တွင်းရှိ ကုန်လှောင်ရုံတစ်ခုခုမှာ ယာယီချတယ်ဆိုတဲ့ လုပ်ငန်းစဉ်ကို ဖြေလျော့ဆောင်ရွက်ပေးထားတာပါ။

ဒါ့အပြင် (BCF) လို တရားဝင် အကောက်ခွန် Checkpoint ကြီးတစ်ခုကို ဖြတ်ပြီးမှ ထွက်သွားတဲ့ကုန်ပစ္စည်းတွေဟာ စာရင်းစာရွက်ကလေးပေးပြီး ထွက်သွားတာမျိုး၊ ပစ္စည်းတွေကို ချချင်တဲ့နေရာမှာ ချပြီး မှတ်တမ်း မရှိတာ၊ စာရင်းမရှိ အင်းမရှိသွားတာ၊ အခွန်ဆောင်မှန်းမသိ မဆောင်မှန်းမသိ သွားတာတွေကို လုံးဝ (လုံးဝ) လက်ခံလို့ မဖြစ်နိုင်တော့ပါဘူး၊ ဒါဟာ စည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းဖြစ်တဲ့အတွက် မဖြစ်မနေ လိုက်ပါဆောင်ရွက်ပေးကြရမှာပါ၊ အဲဒီအတွက် လုပ်ငန်းရှင်များ အကောက်ခွန်ဘက်က ကုန်သည်တွေ အခက်အခဲဖြစ်မှာစိုးလို့ စဉ်းစားပြီး အဆင်ပြေအောင် လုပ်ပေးထားတာ ဖြစ်တဲ့အပြင် အကောက်ခွန်အနေနဲ့လည်း ခေတ်စနစ်နဲ့အညီ ပုဂ္ဂလိကကဏ္ဍကို ကြိုတင်ချပြတာတွေ ဆွေးနွေးအကြံပြုချက်ရယူတာတွေကိုလည်း စဉ်ဆက်မပြတ် လုပ်ခဲ့တယ်ဆိုတာလေးပါ ဖြည့်စွက်ပေးချင်ပါတယ်။ ဒါတွေကို ညီလေးကမသိတော့ လုပ်ငန်းစဉ်တွေ အသစ်တိုးတယ် အခက်အခဲဖြစ်တယ်ဆိုပြီး မြင်သွားတာပါ။ တကယ်လို့ ကုန်ပစ္စည်းတွေဟာ မြဝတီမြို့ထဲမှာ ယာယီချထားသိုလှောင်ရန် မလိုအပ်ဘဲ တံတား (၂) ရဲ့ BCF ကနေဖြတ်သန်းပြီး OSSC မှာ နေ့ချင်းပြီးအခွန်ပေးဆောင်နိုင်တယ်ဆိုရင် သို့မဟုတ် သီလဝါ SEZ ကို Bonded Transportation နဲ့ တိုက်ရိုက်သယ်ဆောင်သွားမယ့် ကုန်ပစ္စည်းတွေဆိုရင် VCCS စနစ်ကို ဝင်ရောက်စာရင်းသွင်းရန် မလိုဘဲ MACCS စနစ်တစ်ခုထဲကိုဘဲ တိုက်ရိုက်ဝင်ရောက်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ပြောချင်တာကတော့ VCCS စနစ်ဆိုတာ လုပ်ငန်းရှင်တွေကို အခက်အခဲဖြစ်စေဖို့ မဟုတ်ဘဲ ပံ့ပိုးကူညီပေးနိုင်ဖို့ ပေါ်ပေါက်လာတာပါလို့ ရှင်းပြချင်တာပါ။
နောက်တစ်ချက်ကလည်း VCCS နဲ့ BCF မှာ ကုန်လှောင်ရုံမချမီ ကြေညာစဉ်ကကုမ္ပဏီနဲ့ OSSC မှာ ပြန်ကြေညာတဲ့ကုမ္ပဏီ မတူတာတွေ၊ BCF မှ ကြေညာစဉ်က အကွဲကွဲအပြားပြားကြေညာထားတဲ့ ကုန်စည်တွေကို Declaration တစ်စောင်တည်းနဲ့ ကြေညာအခွန်ဆောင်တဲ့ကိစ္စတွေ အားလုံးအဆင်ပြေစွာဆောင်ရွက်နိုင်အောင် စီစဉ်ပေးထားမှာ ဖြစ်ပါတယ်၊ အလားတူ Item တစ်မျိုးတည်းကို ကားတွေခွဲတင်တဲ့ကိစ္စကိုလည်း အဆင်ပြေအောင် ထပ်မံဖြည့်စွက်စဉ်းစားပေးမှာ ဖြစ်ပါတယ်၊

နောက်တစ်ခုကတော့ System ရေးဆွဲခြင်းအကြောင်းပါ။ မည်သူမဆို စနစ်တစ်ခုကိုရေးဆွဲတဲ့အခါ အကောင်းဆုံးဖြစ်စေချင်ကြပါတယ်။ သို့ရာတွင် မိမိတတ်နိုင်တဲ့ ငွေကြေးပမာဏ၊ နည်းပညာအဆင့်အတန်း လုပ်ငန်းပမာဏနဲ့ အချိန်ရရှိမှုတွေကို ချင့်ချိန်၍ ဆောင်ရွက်ရတာရှိပြီး ယခုလို Complicated ဖြစ်တဲ့ စနစ်မျိုးဆိုတာ ရေးဆွဲပြီး လက်တွေ့သုံးကြည့်ပြီးမှ လိုအပ်ချက်တွေကို ဖေါ်ထုတ်စုစည်းပြီး System Upgrade ပြန်လုပ်ကြရတာပါ။ နိုင်ငံတကာမှာလည်း ဒီလိုပါဘဲ၊ ကမ္ဘာ့ထိပ်သီး အမေရိကန်အကောက်ခွန်မှာတောင် သူ့ရဲ့အချို့ e-Customs System တွေဆိုရင် လက်ရှိအခြေအနေရောက်ဖို့ အနှစ် ၂၀ လောက် ဖြတ်သန်းပြီး အကြိမ်ကြိမ်သုံးသပ်ပြင်ဆင်မှုတွေ လုပ်ခဲ့ရတယ်လို့ လေ့လာသိရှိခဲ့ရပါတယ်၊ အခုလည်း VCCS ကို စတင်ရေးဆွဲစဉ်က ဘယ်လောက်ဘဲ ပြီးပြည့်စုံအောင်စဉ်းစား ရေးသား တည်ဆောက်ထားစေကာမူ လက်တွေ့သုံးစွဲရာမှာ ထွက်ပေါ်လာမယ့် အားနည်းချက်တွေနဲ့ User Friendly ဖြစ်အောင် ဆောင်ရွက်ပေးဖို့အတွက်လည်း ကြိုတင်စဉ်းစား ပြင်ဆင်ထားပါတယ်။ မိမိတို့ မကျွမ်းကျင်တဲ့ စနစ်အသစ်နယ်ပယ်တစ်ခုကို ကူးပြောင်းရာမှာ အခက်အခဲအချို့ကိုတော့ အခိုက်အတန့် ဖြတ်သန်းရမှာ မလွဲဧကန်ဖြစ်တဲ့အတွက် အားတင်းထားကြစေလိုပါတယ်။ လိုအပ်ချက်တွေရှိရင်လည်း တရားဝင်အကြံပြုလို့ရပါတယ်၊
နောက်တစ်ချက်ကလည်း ကမ္ဘာပေါ်မှာရှိသမျှ Single Window စစ်စစ်မဖြစ်သေးတဲ့ Complicated System အားလုံးဟာ Manual လုပ်ငန်းစဉ် လုံးဝမပါဘဲ ကြားမခံဘဲ Fully Automated ကို အပြည့်အဝ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ဆိုတာ အလွန်ရှားပါတယ်၊ အထူးသဖြင့် e-Customs System လို ကဏ္ဍပေါင်းစုံပါဝင်ပြီး အလွန်ရှုပ်ထွေးတဲ့ စနစ်တွေမှာ Manual လုပ်ငန်းစဉ်အချို့ပါ မဖြစ်မနေ တွဲဘက်ဆောင်ရွက်ကြရပါတယ်၊ Single Window စစ်စစ် တစ်ခုဖြစ်ဖို့ဆိုတာဟာလည်း အလွန်ခက်ခဲပါတယ်၊ လုပ်ငန်းဆက်စပ်နေတဲ့ အဖွဲ့အစည်း Stakeholder အားလုံးက နည်းပညာပိုင်းမှာ အတွေးအခေါ်အယူအဆပိုင်း ဘဏ္ဍာရေးပိုင်းတွေမှာ ညီတူညီမျှမြင့်မား တိုးတက်နေပြီး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်နိုင်မှ ဖြစ်မှာပါ။ ဥပမာအားဖြင့် ဂျပန်နိုင်ငံလို နိုင်ငံမျိုးမှာတောင် အဆင့်မြင့် NACCS System သုံးနေပေမယ့် Single Window အဆင့်ရောက်နေပေမယ့် IDA လုပ်ပြီးတဲ့အခါ IDA Screen ကို စာရွက်နဲ့ Print-out ပြန်ထုတ်တယ်၊ ပြီးမှ လူအင်အားသုံးပြီး အချက်တစ်ချက်ချင်းစီကို ခဲတံ ဘောပင်နဲ့ ပြန်ထောက်စိစစ်ပြီး အဆင့်ဆင့်အတည်ပြုကြတယ်၊ အားလုံးသေချာပြီဆိုမှ Declaration တင်တာမျိုး အမှန်တကယ်လုပ်နေကြတယ်ဆိုတာကို MCBA က ဂျပန်နိုင်ငံရဲ့ NACCS စနစ်ကို လေ့လာရေးလိုက်ပါဘူးသူ အမှုဆောင်တွေကို ပြန်မေးကြည့်နိုင်ပါတယ်၊ အဲဒီအတွက် အားသာချက်က ဘာပြန်ရသလည်းဆိုတော့ Japan Customs Broker တွေထံက တင်လာတဲ့ Declaration တွေရဲ့ အချက်အလက် ပြည့်စုံမှန်ကန်မှုတွေ ယုံကြည်စိတ်ချရမှုတွေက အလွန် ကောင်းတဲ့အတွက် Japan Customs က ပြန်လည်စိစစ်ဖို့ မလိုလောက်အောင် ယုံကြည်မှုတည်ဆောက်ထားနိုင်ကြတဲ့အတွက် ပျမ်းမျှအားဖြင့် Declaration အားလုံးရဲ့ ၈၁ ရာခိုင်နှုန်းလောက်က Green Channel ထွက်တဲ့အထိ ဖြစ်လာပြီး Yellow Channel က ၁၆ ရာခိုင်နှုန်း Red Channel က ၃ ရာခိုင်နှုန်းလောက်ဘဲရှိတာကို တွေ့ရပါတယ်။
ညီလေးအနေနဲ့ ဒိထက်ပိုမိုသိချင်တာရှိရင် အကောက်ခွန်ဦးစီးဌာန MACCS ဌာနခွဲကို လာရောက်ပြီး အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါတယ်။ လိုအပ်ရင် သီးခြားအချိန်တစ်ခုပေးပြီး ရှင်းလင်းဆောင်ရွက်ပေးပါ့မယ်။ အခုပြန်လည်ရှင်းလင်းချက်ကလည်း ညီလေးရဲ့ သုံးသပ်ချက်အချို့အရ လုပ်ငန်းဆောင်ရွက်မယ့်သူတွေ စိတ်တွေ ထွေပြား နားလည်မှုလွဲပြီးအခက်အခဲဖြစ်နေကြမှာစိုးလို့သာ ပြန်ရှင်းပြတာပါ။
အားလုံးကို အစဉ်လေးစားလျှက်။

Ko Pyone အချိန်ရရင် ရုံးမှာ အေးအေးဆေးဆေး ဆွေးနွေးချင်ပါတယ်ညီလေး၊ ကိုယ်တို့လည်း လိုအပ်တာတွေကို ရှင်းပြပါ့မယ်၊ အကြံဉာဏ်တွေလည်း ရယူချင်ပါတယ်၊ အခြား သိချင်သူတွေရှိရင်လည်း ခေါ်လာနိုင်ပါတယ်၊ ရက်အချိန်လေးတော့ တစ်ရက်နှစ်ရက်လောက် ကြိုညှိပေးပါ၊ Welcome ပါညီလေး

🙏🏻🙏🏻လေးစားပါတယ်ဆရာ ဆရာကကျွန်တော်တို့လူငယ်တွေရဲ့အိမ်မက်ဖြစ်တဲ့ digital system MACCS system ဖြစ်မြောက်ရေးအတွက် အများဆုံးကြိုးစားခဲတဲ့အတွက်ပါဆရာ ကျွန်တော်လေးစားရတဲ့သူစာရင်းထဲမှာဆရာပါတယ်ဆရာဘယ်သူဘာပြောပြောကျွန်တော်တို့ အရွေ့ကိုသွားမဲ့လူငယ်တွေအားလူံးအားပေးခဲ့တာအမှန်ပါဆရာ ကျွန်တော်တို့ မြန်မာနိုင်ငံ logistics မဖြစ်မြောက်ဘူးလို့ပြောတဲ့နိုင်ငံတွေကို ကျွန်တော်တို့ကျော်လွှားရမှာတစ်ခုက ဌာနဆိုင်ရာမှမဟုတ်ပဲအာလုံးကြိုးစားညှိနှိုင်းယူမှ အ​ရွေ့တစ်ခုကိုရောက်မှာပါဆရာ ဆရာလည်းအခုလို ပြောရင်းမိတ်ဆွေများသိစေရန်တင်ပြလိုက်ပါတယ်ဗျ။

#Credit
#Sir Win Thant
လေးစားလျှက်
#Ko Pyone
#Share ခြင်းဖြင့် အသိပညာကုသိုလ်ယူနိုင်ကြပါစေ 

36
20 Shares
Like
Comment
Share

Sunday, 24 November 2019

DG Class Information


#DG Cargo Handling update Short Course ဒီနေ့တက်ရောက်ဖြစ်ခဲ့သည်။ကျေးဇူးပါဆရာ 😊😊☺️
နောက်ဖွင့်မဲ့ရက်ရှည်သင်တန်းအတွက် အသင့်ပါဆရာ😊
ကျွန်တော့ Page မှ ကိုယ့်ဆရာကို့အမိတို့ကိုလည်းအားတဲ့အချိန်ပြန်လည်ဝေဌပေးပါ့မယ် Captain Win Naing Nyunt ရက်ရှည်သင်တန်းထပ်ဖွင့်ရင်လည်းအကြောင်းကြားပေးပါ့မယ် DG Handling လုပ်နေရသော ကိုယ့်ဆရာကိုယ့်အမိ တို့အတွက်အကျိုးရှိပါတယ် နောက်များမကြာမှီ DG နည်း ဥပဒေ ထွက်ရှိတော့မှာဖြစ်တဲ့အတွက် ဌာနဆိုင်ရာများက Port /Dryport /မြန်မာ့မီးရထား စတာတွေ ရှောင်ရန်ဆောင်ရန် အမိန့်စာတွေနဲ့ထွက်နေပြီ ဖြစ်တဲ့အတွက် Carrier /FreightForwarder/Transporation ကုန်ကုန် Logistics လုပ်ကိုင်သူအားလုံးသိထားသင့်ပါသည်ဟု တင်ပြလိုက်ရပါတယ်ဗျ။
#Thanks Captain Win Naing Nyunt
#24.Nov.2019

Friday, 22 November 2019

ဆွေးနွေးအဖြေရှာ ကိစ္စ အဖြာဖြာ

ဟုတ်ကဲ့ ကိုယ့်ဆရာ ကိုယ့်အမတို့မင်္ဂလာပါဗျ ကျွန်တော် page လေးလုပ်ပြီး ကျွန်တော်ရေးသော logistics knowledge နဲ့ operation real issue လေးတွေ တစ်စုတစ်စည်း ထဲကြည့်လို့ရအောင် စဉ်းစားပြီး page ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်ဗျ ဒီနေ့တော့ အခုခေတ်စားနေသော ကျွန်တော့ဆီ တိုင်စာများစွာ ရောက်နေသော အကောက်ခွန် issue များကိုကျွန်တော် သေချာစီစစ်၍ Trade နဲ့ပါတ်သတ်ပြီး လွယ်ကူချောမွေ့စေရန်ကုန်သည် /အကောက်ခွန် နှင့် ကိုယ်စားလှည်များကို ထောက်ပြအကြံပေးသွားပါ့မယ်ဗျ ။
💡💡💡ကျွန်တော့ကို လာပြီးသီတင်းပေးသောသူများ ရေးပေးပါပြောသူများ ပြီး ဘယ်လောက်ပေးရတယ်ဆိုသောသူများ ပြသနာပဲလိုက်ရှာနေတာ ရစ်နေတာ ဆိုသောသူများကျွန်တော်မယုံလို့မဟုတ်ပါဗျ ဒါပေမယ့် ကိုယ်တိုင်ကြုံမှ ကိုယ်တိုင်သေချာအောင်စုံစမ်းပြီးမှ ကောက်ချက်ချမှာဖြစ်ပါတယ်ဗျ အားလုံးကျေးဇူးတင်ပါတယ်ဗျ။သေချာချင်ရင်တော့ သေချာ record file နဲ့ပို့ပါ 😀😀😀ဒါဆိုကျွန်တော် အမှန်တိုင်ဖြစ်အောင်တင်ပြပေးပါ့မယ့် အကောက်ခွန်ကဆရာတွေနဲ့ ညှိပါ့မယ် ညှိလို့မရရင် ဆက်ပြီးလုပ်သင့်တာလုပ်ပေးပါ့မယ်တာဝန်ယူပါတယ် ဒါမှ ချောမွေ့ပြီးအဆင်ပြေမှာမဟုတ်လားဗျ တိုင်လိုက်တာနဲ့လည်းမပြီးဘူးဗျ တိုင်လိုက်လို့ပြသနာပိုကြီးသွားတာတွေလည်းကြုံတွေ့ကြမှာပါ ဒါပေမယ့် ကိုယ့်ဘက်ကမှန်ပါစေ ပြီးတိုင်ရမှာလုံးဝမကြောက်ကြပါနဲ့လို့တိုက်တွန်းပါရစေဗျ ။
✔️အခုရက်ပိုင်းမှာကြပ်နေသောပြသနာက တိရိစ္ဆာန်အစာဖြစ်တဲ့ ကြက်စာ များကို အခု ချိန်းထားတဲ့ customs group က CT exemption ယူလျှင် Red ချနေခြင်းကြောင့် အတော်ကို တိုင်ပတ်နေခြင်းဖြစ်ပါတယ်ဗျ
ကြက်စာက import တွင်အများဆုံးဝင်သော Iteam ဖြစ်နေခြင်းကြောင့်ပါဗျ file တစ် file ကို အနည်းဆုံး အလုံး ၂၀ မှ ရာချီရှိတဲ့ file တွေကို red ချပြီးဘောင်ထိုးခိုင်းနေခြင်းကြောင့် ဂရက်ထနေခြင်းဖြစ်ပါတယ်ဗျ။
🛎🛎ဟုတ်ကဲ့ ကျွန်တော်တို့က အကောင်းဘက်ကနေကြည့်၍ အကောက်ခွန်ဌာနကို အကြံပေးပါရစေဗျ ကုန်သည်များ ကိုယ်စားလည်များရဲ့ကိုယ်စား
✔️ကျွန်တော်တို့ CEPT file တွေကော အခုလို ကြက်စာ CT Exemption ယူတဲ့ file တွေရောမှာ ပုံမှန် item နည်းပြီး အမြဲပုံမှန် လာနေသော company တွေကို အချိန်အတိုင်းတာတစ်ခုစစ်ပြီး RED ချတာရပ်ပြီး system အတိုင်းဆက်သွားပြီး မထင်မှတ်တဲ့အချိန် ပြန်လည်စစ်ဆေးသငိ့ပါတယ်လို့အကြံပေးပါရစေဗျ အမြဲစစ်နေတာမဟုတ်ရင် ဆိပ်ကမ်းကြပ်တဲ့ပြသနာအမြဲဖြစ်နေမယ်လို့မြင်ပါတယ်ဗျ။
✔️နောက်ပြီး customs Agent တွေတော်တောိများများမယုံရဘူး ဆိုပြီးအကောက်ခွန်ကသတ်မှတ်နေပင်မယ့် ကောင်းတဲ့ မှန်ကန်တဲ့ နားလည်တက်ကျွမ်းတဲ့သူတွေ ကို MCBA နဲ့ Customs ညှိပြီး ကိုင်ထားတဲ့ company တွေလေ့လာစီစစ်ပြီး ဦးစားပေးသင့်တယ်ထင်တယ်ဗျ ဘာကြောင့်လဲဆိုရင်အဲ့ဒါမှ နောက်လူတွေလည်းမှန်ကန်အောင်ကြိုးစားကြမယ်လို့မြင်တယ်ဗျ။
🕵️‍♂️🕵️‍♂️အဲ့ဒါမှသာ စားပေါက်ဖွင့်ပေးမိသလိုမဖြစ်ပဲ မှန်မှန်ကန်ကန် ကမ္ဘာမှာ အကောက်ခွန်ဆိုတာ Rank အရှိဆုံး gov ဖြစ်ဂုဏ်ယူပြီး ပြုပြင်ပြောင်းလဲစေချင်တယ်ဗျ အခက်ခဲများရှိတယ်ဆိုတာနားလည်ပါတယ်ဗျ။
💡💡ကုန်သည်များအနေနဲ့လည်း မှန်မှန်ကန်ကန် တင်သွင်းတင်ဖို့လည်းလိုအပ်ပါတယ်ဗျ ပြီး Agent များလည်းမှန်ကန်ဖို့လိုအပ်တဲ့ခေတ်ကိုရောက်လာကြပြီဗျ ဘာလို့လဲဆိုတော့ ကျွန်တော်အခုပြောနေသော issue တွေကအကောက်ခွန်နဲ့တွေ့တဲ့အစည်းဝေးပွဲတိုင်းတင်ပြပါတယ်ဗျ အဲ့မှာ တာဝန်ယူမှု့တာဝန်ခံမှု့ ပြီး ကုန်သည် Agent များ၏ မသာမာမှု့များနဲ့ မထင်မှတ်တဲ့ မထင်ထားတဲ့မသမာမှု့များနဲ့ အဆုံးသတ်ခဲ့ပေါင်းများခဲ့ပါပြီဗျ မေးလာတယ် ဘယ်အဖွဲ့စည်းကတာဝန်ယူမလဲပေါ့ ကိုနေစေးပြောသလို Risk Management ကကျွန်တော်တိုစီမှာဘောင်မဝင်သေးသလိုဖြစ်နေတဲ့အတွက် ကုန်သည်များ Agent များအနေနဲ့ မှန်မှန်ကန်ကန် ကြိုးစား၍ ကောင်းသောအရွေ့နဲ့နိုင်ငံတိုးတက်အောင်ကြုးစားကြရအောင်တိုက်တွန်းလိုက်ပါတယ်ဗျ။
#ဒါတောင် file တော်တော်များများ value ပို့ထားလို့နော်😁😁
7
✔️အကောက်ခွန်
✔️ကုန်သည်
✔️Customs Agent များသိစေရန် #Share ခြင်းဖြင့် ကုန်စည်စီးဆင်းမှု့လွယ်ကူပြီးကောင်းသောအရွေ့ကိုတက်လှမ်းးကြရအောင်ဗျာ။
ကိုနေစေး post
KP_KS_1911_008
လေးစားလျှက်
Ko Pyone

Wednesday, 20 November 2019

ကျွန်တော် သိသမျှ သော Dry Port Facilities


ဟုတ်ကဲ့ ကိုယ့်ဆရာ ကိုယ့်အမိတို့အားလုံးမင်္ဂလာပါဗျ ကျွန်တော်လည်း မအားတာနဲ့ logistics knowledge များမဝေမျှနိုင်တာ sorry ပါဗျ ကျွန်တော်ကိုလည်းတကူးတက ဆက်သွယ်၍ အကိုရေးပါအုန်းစောင့်နေပါသည်ဟုပြောသော ကျွန်တော့ကိုယ့်ဆရာ ကိုယ့်အမိတို့ကိုလဲ ကျေးဇူးတင်ပါတယ်ဗျ ကျွန်တော် မအားတဲ့ကြားကစေတနာကို အသိမှတ်ပြုတဲ့အတွက်အတိုင်းမသိဝမ်းမြောက်မိပါတယ်ဗျ ok ကျွန်တော်ဒီနေ့ပြောမဲ့အကြောင်းအရာကတော့ ကျွန်တော်ကိုတောင်းဆိုထားတဲ့ ခေါင်းစဉ်ထဲက အများဆုံးတောင်းဆိုထားတဲ့ ကျွန်တော်လုပ်နေတဲ့ အလုပ်လဲဖြစ်တဲ့ #Dryport (Facilities အကြောင်းလေးပဲဖြစ်ပါတယ်ဗျ ကျွန်တော်က SOP ထွက်ပြီးမှချပြမလို့စဉ်းစားထားတာပါ လိုလဲသိပ်မလိုတော့ဘူးဆိုတော့ ဒါပေမယ့်ကျွန်တော်အရမ်းတောင်းဆိုလို့တင်ပြပေးပါ့မယ်ဗျ။
⁉️⁉️ဘာလဲကွ #DRYPORT
💡💡ရှင်းပါတယ် ရေမရှိသော ဆိပ်ကမ်းပါ 😂😂😂ဟုတ်ကဲ့ သေချာပြောရရင်တော့ ကုန်းတွင်းဆိပ် ဖြစ်ပါတယ် ။
⁉️⁉️ကုန်းတွင်းဆိပ် နဲ့ ဆိပ်ကမ်း ကဘာကွာလဲ???
💡💡ဘာမှမကွာပါဘူး ဆိပ်ကမ်းကလုပ်လို့ရတဲ့ process တွေအကုန်လုပ်လို့ရပါတယ် တစ်ခုတော့ရှိတယ် DRYPORT က PORT ထက်သာတဲ့ Facilities တွေရှိတယ်ဗျ ။
⁉️⁉️ဘာတွေလဲကွ ???
💡💡ဟုတ်ကဲ့ ကျွန်တော်ရှင်းပြပေးပါ့မယ် Facilities တွေကို .....
#DRYPORT (ကုန်းတွင်းဆိပ်)
1️⃣Port Facilities
👉Export & Importcustoms Examination services
2️⃣Customs Bonded Warehouse
3️⃣General Domestic Warehouse
👉Distribution
👉Storage
👉Handling
👉Inventory management
4️⃣Train transportation (YGN to MDY)(MDY to YGN)
5️⃣ICD services
6️⃣Freight Forwarder & Customs clearances
7️⃣SEZ ပုံစံမျိုး one stop file run လို့ရမည်
ဟုတ်ကဲ့ကျွန်တော်အပေါ်ကပြောသွားခဲ့သလိုပဲ ကျွန်တော်တခြားနိုင်ငံတွေမှာ DRYPORT အကြောင်းလေ့လာရသလောက်ပါပဲဗျ ကျွန်တော်တို့ #RG LOGISTICS DRYPORT လဲအဲ့လို့ services မျိုး logistics one stop ပေးနိုင်အောင်ကျွန်တော့်တို့ဘက်ကလည်းကြိုးစားနေပါတယ်ဗျ အခုဆိုရင် SOP ထွက်ရမယ့်အဆင့်သို့ ရောက်ရှိနေပြီးဖြစ်ပါတယ်ဗျ 11.11.2018 အချိန် ကတည်းကစပြီး ကျွန်တော်တို့ ပေးနိုင်တဲ့ services တွေကတော့ Warehouse storage /inventory Management /Handling /Truck Transporation /Train Transporation ရန်ကုန် မန်းလေး အသွားအပြန်ကို တစ်ပတ်ကိုပုံမှန်. 27 တွဲ ထွက်နိုင်ပြီး ယခုဆိုရင် 51 ကြိမ် မြောက်ရအောင် ကြိုးစားနိုင်ခဲ့ပါတယ်ဗျ warehouse Storage အပိုင်းမှာလဲ general warehouse တွင်လည်းကုန် သုံးပုံတစ်ပုံလောက်ပြီးလည်ပတ်နေပါပြီဗျ များမကြာမှီ Customs ရဲ့ CCA (customs control area ) ကျပြီဆိုရင် Dryport အကြောင်း အမြဲမေးနေစုံစမ်းနေ ပြီး ကုန်အနည်းငယ်ဖြင့် warehouse space storage ယူထားသူတွေ အားလုံး အသိပေးသွားမှာဖြစ်ပါတယ်ဗျ ။တကယ် CCA ကျပြီဆိုလျှင် ရွာသာကြီး Dryport မှာကုန်ပစ္စည်း customs စစ်ချင်စစ် ဒါမှမဟုတ် မန္တလေး မြစ်ငယ် DRYPORT မှာcustoms စစ်ချင်စစ်ပါ အားလုံးအဆင်ပြေမည်ဟုကျွန်တော်မျှော်လင့်ပါတယ် DRYPORT ကလည်းမြန်မာနိုင်ငံတွင်နှစ်ခု ရှိပါတယ် ကျွန်တော့ #RG Logistics DRYPORT နဲ့ KM DRYPORT ဆိုပြီးရှိတယ်ဆိုတာပြောကြားရင်း အားလုံး logistics Knowledge များတိုးပွါးကြပါစေဗျာ။
🤝🤝ကျွန်တော့မိတ်ဆွေများဖြစ်တဲ့ logistics နယ်ပယ်မှ အထူးပြုသော မိတ်ဆွေများ လိုအပ်ချက်များအကြံပေးနိုင်ပါတယ်ဗျကျွန်တော်တင်ပြပေးပါ့မယ်။
ထပ်ပြီးလေ့လာချင်သူများအတွက်
RG LOGISTICS DRYPORT
RG EXPRESS SERVICES
Regards
Ko Pyone
#share ခြင်းဖြင့်အသိပညာကုသိုလ်ယူနိုင်ကြပါစေ

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...