Friday, 22 November 2019

ဆွေးနွေးအဖြေရှာ ကိစ္စ အဖြာဖြာ

ဟုတ်ကဲ့ ကိုယ့်ဆရာ ကိုယ့်အမတို့မင်္ဂလာပါဗျ ကျွန်တော် page လေးလုပ်ပြီး ကျွန်တော်ရေးသော logistics knowledge နဲ့ operation real issue လေးတွေ တစ်စုတစ်စည်း ထဲကြည့်လို့ရအောင် စဉ်းစားပြီး page ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်ဗျ ဒီနေ့တော့ အခုခေတ်စားနေသော ကျွန်တော့ဆီ တိုင်စာများစွာ ရောက်နေသော အကောက်ခွန် issue များကိုကျွန်တော် သေချာစီစစ်၍ Trade နဲ့ပါတ်သတ်ပြီး လွယ်ကူချောမွေ့စေရန်ကုန်သည် /အကောက်ခွန် နှင့် ကိုယ်စားလှည်များကို ထောက်ပြအကြံပေးသွားပါ့မယ်ဗျ ။
💡💡💡ကျွန်တော့ကို လာပြီးသီတင်းပေးသောသူများ ရေးပေးပါပြောသူများ ပြီး ဘယ်လောက်ပေးရတယ်ဆိုသောသူများ ပြသနာပဲလိုက်ရှာနေတာ ရစ်နေတာ ဆိုသောသူများကျွန်တော်မယုံလို့မဟုတ်ပါဗျ ဒါပေမယ့် ကိုယ်တိုင်ကြုံမှ ကိုယ်တိုင်သေချာအောင်စုံစမ်းပြီးမှ ကောက်ချက်ချမှာဖြစ်ပါတယ်ဗျ အားလုံးကျေးဇူးတင်ပါတယ်ဗျ။သေချာချင်ရင်တော့ သေချာ record file နဲ့ပို့ပါ 😀😀😀ဒါဆိုကျွန်တော် အမှန်တိုင်ဖြစ်အောင်တင်ပြပေးပါ့မယ့် အကောက်ခွန်ကဆရာတွေနဲ့ ညှိပါ့မယ် ညှိလို့မရရင် ဆက်ပြီးလုပ်သင့်တာလုပ်ပေးပါ့မယ်တာဝန်ယူပါတယ် ဒါမှ ချောမွေ့ပြီးအဆင်ပြေမှာမဟုတ်လားဗျ တိုင်လိုက်တာနဲ့လည်းမပြီးဘူးဗျ တိုင်လိုက်လို့ပြသနာပိုကြီးသွားတာတွေလည်းကြုံတွေ့ကြမှာပါ ဒါပေမယ့် ကိုယ့်ဘက်ကမှန်ပါစေ ပြီးတိုင်ရမှာလုံးဝမကြောက်ကြပါနဲ့လို့တိုက်တွန်းပါရစေဗျ ။
✔️အခုရက်ပိုင်းမှာကြပ်နေသောပြသနာက တိရိစ္ဆာန်အစာဖြစ်တဲ့ ကြက်စာ များကို အခု ချိန်းထားတဲ့ customs group က CT exemption ယူလျှင် Red ချနေခြင်းကြောင့် အတော်ကို တိုင်ပတ်နေခြင်းဖြစ်ပါတယ်ဗျ
ကြက်စာက import တွင်အများဆုံးဝင်သော Iteam ဖြစ်နေခြင်းကြောင့်ပါဗျ file တစ် file ကို အနည်းဆုံး အလုံး ၂၀ မှ ရာချီရှိတဲ့ file တွေကို red ချပြီးဘောင်ထိုးခိုင်းနေခြင်းကြောင့် ဂရက်ထနေခြင်းဖြစ်ပါတယ်ဗျ။
🛎🛎ဟုတ်ကဲ့ ကျွန်တော်တို့က အကောင်းဘက်ကနေကြည့်၍ အကောက်ခွန်ဌာနကို အကြံပေးပါရစေဗျ ကုန်သည်များ ကိုယ်စားလည်များရဲ့ကိုယ်စား
✔️ကျွန်တော်တို့ CEPT file တွေကော အခုလို ကြက်စာ CT Exemption ယူတဲ့ file တွေရောမှာ ပုံမှန် item နည်းပြီး အမြဲပုံမှန် လာနေသော company တွေကို အချိန်အတိုင်းတာတစ်ခုစစ်ပြီး RED ချတာရပ်ပြီး system အတိုင်းဆက်သွားပြီး မထင်မှတ်တဲ့အချိန် ပြန်လည်စစ်ဆေးသငိ့ပါတယ်လို့အကြံပေးပါရစေဗျ အမြဲစစ်နေတာမဟုတ်ရင် ဆိပ်ကမ်းကြပ်တဲ့ပြသနာအမြဲဖြစ်နေမယ်လို့မြင်ပါတယ်ဗျ။
✔️နောက်ပြီး customs Agent တွေတော်တောိများများမယုံရဘူး ဆိုပြီးအကောက်ခွန်ကသတ်မှတ်နေပင်မယ့် ကောင်းတဲ့ မှန်ကန်တဲ့ နားလည်တက်ကျွမ်းတဲ့သူတွေ ကို MCBA နဲ့ Customs ညှိပြီး ကိုင်ထားတဲ့ company တွေလေ့လာစီစစ်ပြီး ဦးစားပေးသင့်တယ်ထင်တယ်ဗျ ဘာကြောင့်လဲဆိုရင်အဲ့ဒါမှ နောက်လူတွေလည်းမှန်ကန်အောင်ကြိုးစားကြမယ်လို့မြင်တယ်ဗျ။
🕵️‍♂️🕵️‍♂️အဲ့ဒါမှသာ စားပေါက်ဖွင့်ပေးမိသလိုမဖြစ်ပဲ မှန်မှန်ကန်ကန် ကမ္ဘာမှာ အကောက်ခွန်ဆိုတာ Rank အရှိဆုံး gov ဖြစ်ဂုဏ်ယူပြီး ပြုပြင်ပြောင်းလဲစေချင်တယ်ဗျ အခက်ခဲများရှိတယ်ဆိုတာနားလည်ပါတယ်ဗျ။
💡💡ကုန်သည်များအနေနဲ့လည်း မှန်မှန်ကန်ကန် တင်သွင်းတင်ဖို့လည်းလိုအပ်ပါတယ်ဗျ ပြီး Agent များလည်းမှန်ကန်ဖို့လိုအပ်တဲ့ခေတ်ကိုရောက်လာကြပြီဗျ ဘာလို့လဲဆိုတော့ ကျွန်တော်အခုပြောနေသော issue တွေကအကောက်ခွန်နဲ့တွေ့တဲ့အစည်းဝေးပွဲတိုင်းတင်ပြပါတယ်ဗျ အဲ့မှာ တာဝန်ယူမှု့တာဝန်ခံမှု့ ပြီး ကုန်သည် Agent များ၏ မသာမာမှု့များနဲ့ မထင်မှတ်တဲ့ မထင်ထားတဲ့မသမာမှု့များနဲ့ အဆုံးသတ်ခဲ့ပေါင်းများခဲ့ပါပြီဗျ မေးလာတယ် ဘယ်အဖွဲ့စည်းကတာဝန်ယူမလဲပေါ့ ကိုနေစေးပြောသလို Risk Management ကကျွန်တော်တိုစီမှာဘောင်မဝင်သေးသလိုဖြစ်နေတဲ့အတွက် ကုန်သည်များ Agent များအနေနဲ့ မှန်မှန်ကန်ကန် ကြိုးစား၍ ကောင်းသောအရွေ့နဲ့နိုင်ငံတိုးတက်အောင်ကြုးစားကြရအောင်တိုက်တွန်းလိုက်ပါတယ်ဗျ။
#ဒါတောင် file တော်တော်များများ value ပို့ထားလို့နော်😁😁
7
✔️အကောက်ခွန်
✔️ကုန်သည်
✔️Customs Agent များသိစေရန် #Share ခြင်းဖြင့် ကုန်စည်စီးဆင်းမှု့လွယ်ကူပြီးကောင်းသောအရွေ့ကိုတက်လှမ်းးကြရအောင်ဗျာ။
ကိုနေစေး post
KP_KS_1911_008
လေးစားလျှက်
Ko Pyone

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...