Sunday, 17 November 2019

Entrepreneurship Summit 2019 ပွဲ တက် အကြောင်း


ဟုတ်ကဲ့ ကျွန်တော်ရဲ့ ကိုယ့်ဆရာ ကိုယ့်အမိတို့ကို logistics knowledge နဲ့ စပ်မ်စပ်ရာ knowledge လေးတွေ မပြောရတာတောင်ကြာသွားပြီဗျနော် ဟုတ်တယ်ဗျာ ကျွန်တော်လဲ Cross Border ကိစ္စတွေနဲ့ ပြီး #RGDRYPORT ကလည်းများမကြာမီ လည်ပတ်တော့မှာဆိုတော့ တော်တော့်ကိုမအားဖြစ်နေလို့ပါဗျ ကဲဒီနေ့တော့အကျိုးရှိအောင်တစ်ခုခုတော့ပြောကြရအောင်ဗျာ။
#16.Nov.2019 မှာ Entrepreneurship Summit 2019 ပွဲလေးကို မအားတဲ့ကြားက တက်ချင်လွန်း၍ ကြိုးစားတက်ဖြစ်ခဲ့တယ်ဗျ ကိုကလည်းလူငယ်ဆိုတော့ အားကျတာပေါ့ဗျာ ကဲထားပါ ထိုပွဲတွင် speaker တစ်ဦးဖြစ်တဲ့ Digital နဲ့ BLOCK CHAIN TECHNOLOGY အကြောင်းပြောသွားတဲ့ MR.Sam Lee က Block Chain Technology ကအရာအားလုံးတွက်အရေးပါနေပြီ နိုင်ငံပေါင်း 180 လောက်ကို သုံးနေကြပြီဘာညာ ဆိုမှကျွန်တော်လည်း ကြားဖူးနားဝရှိတာ သိတာလေးတွေဆက်စပ်လိုက်တော့မှ ကျွန်တော်တို့ Digital ခေတ်ရောက်ဖို့က Block Chain နည်းပညာတကယ်လိုပါလားသိလာရတယ်ဗျ ကျွန်တော် တစ်ခြားကြောင့်မဟုတ်ပါ အခုကျွန်တော်တို့ ယခုလုပ်နေတဲ့ Logistics /Trade /E-Commerce စသောအရေးပါသော ကဏ္ဍတွေက တစ်ခြားနိုင်ငံတွေမှာ 100% ပတ်သတ်နေကြတာကိုကျွန်တော်တွေ့ရတယ်ဗျ ဒါ့ကြောင့် ကျွန်တော်ရေးဖြစ်တာပါ။
⁉️⁉️ဘာလဲကွ BLOCK CHAIN
💡💡ဟုတ်ကဲ့ ကျွန်တော် block chain နည်းပညာကို လွန်ခဲ့တဲ့ ၄ နှစ်ဝန်းကျင်လောက်ကမှစပြီးသိခဲ့ရတာပါ ဘာလဲဆိုတော့ Block Chain နည်းပညာကိုအခြေခံပြီး BTC ဆိုတဲ့ Crytocurrency ကြောင့်သိခဲ့ရတာပါဗျ သူကတော့ ICO Coin ဖြစ်ပြီး ငွေကြေးအစားထိုး နည်းပညာဖြစ်တဲ့ Digital Currency ဖြစ်ပါတယ်ဗျ။သူက နားလည်လွယ်အောင်ပြောရရင် ရောင်းသူဝယ်သူကို transaction (payment system ) ကို အလွယ်တကူ လွယ်ကူချောမွေ့မြန်ဆန် အမှားယွင်းမရှိ Save ဖြစ်သောငွေကြေးအစားထိုး Digital Code အမျိုးအစားပဲဖြစ်ပါတယ်ဗျ သူက transaction ကိုမည်မျှများသော Amount ဖြစ်စေ 3 seconds နဲ့ ပေးချေနိုင်တဲ့အတွက် Digital Data များမှားယွင်းမှုမရှိလို့ကြားသိရပါတယ် ထိုသို့ စနစ်တစ်ကျ Save ဖြစ်လွယ်ကူသော payment သို့မဟုတ် တစ်ခြား Data /Acount /company data /များလည်း ထိုနည်းပညာဖြင့် ထိန်းနိုင်သော နည်းပညာကို BLOCK CHAIN နည်းပညာလို့ခေါ်တယ်ဗျ ကျွန်တောကတော့ အကြမ်းဖျင်း ပဲပြောတာပါတခြားအများကြီးရှိပါတယ်ဗျ အဲ့မှာ ကျွန်တော်တို့ logistics / Trade / E-Commerce ကလည်း အဓိက အရေးကြီးတာ Payment System ဖြစ်တဲ့အတွက် Block Chain နည်းပညာကို အသုံးပြုလာကြတာကိုတွေ့ရတယ်ဗျ ဒါ့ကြောင့် ကျွန်တော် တို့ Logistics သမားများသေချာလေ့လာရပြီး အခြားနိုင်ငံတွေလို Logistics အရွေ့ကို Block chain နည်းပညာနဲ့မဖြစ်လာနိုင်ဘူးလို့ပြောလို့မရဘူးလေ 😁😁😁
🕵️‍♂️🕵️‍♂️သို့ပေမယ့် Digital Currency နဲ့ပတ်သတ်ပြီး နိုင်ငံတော်ကတော့ ပိတ်ပင်တယ်လို့တော့ကြားဖူးတယ်ဗျ ထားပါ ကျွန်တော်လေ့လာရသလောက် နိုင်ငံအတော်များများလဲဒီလိုပဲဗျ နောက်ပြီးတော့လည်း အခု အသုံးပြနေတဲ့ 180 countries ထဲပြန်ပါသွားတာပါပဲ လွန်ခဲ့တဲ့ 6 နှစ်ကဆို China က Digital Currency ကိုအသဲသန်ပိတ်တယ် အဲ့နှစ်မှာပဲ စျေးကွက် သုံးစွဲမှု့အရ 60% က သူတို့ပဲတဲ့ဗျ 😃😃အခုတော့ top 10 list ထဲပါတယ်ဗျ Block Chain နည်းပညာကိုအများဆုံးသုံးစွဲသူပေါ့။
Top 10 Countries တွေကတော့
1️⃣Australia
2️⃣China
3️⃣Japan
4️⃣Dubai
5️⃣Malta
6️⃣Switzerland
7️⃣USA
8️⃣Estonia
9️⃣UK
1️⃣0️⃣Singapore
Total world countries 195 ထဲမှ 180 countries ဆိုတော့ 😅😅ချွေးပြန် တစ်ချို့ ကျောင်းတွေဆို Block Chain နည်းပညာကို ထည့်သွင်း သင်ကြားနေတယ်လို့လဲကြားသိရတယ် LOGISTICS SUPPY CHAIN MANAGEMENT ရဲ့ အချုပ်က BLOCK CHAIN TECHNOLOGY လိုတောင်တင်စားထားတာတွေတွေ့တော့ကျွန်တော်မျှဝေခြင်းဖြစ်ပါတယ်ဗျ။
🙏🏻🙏🏻ဟုတ်ကဲ့ ကျွန်တော်အထူးပြုသော သူအချို့တွေလဲ ကျွန်တော့်ရဲ့အမြင်တွင် ထိုနည်းပညာအတွက်ဘာတွေပြင်ဆင်ရမလဲ ဘယ်လိုတိုးတက်မှုမျိုးသွားမလဲဆိုတာကိုလဲ မှတ်ချက် အကြံပေးစေလိုပါတယ်ဗျ။
လေးစားလျှက်

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...