ဟုတ်ကဲ့ ကိုယ့်ဆရာ ကိုယ့်အမိတို့မင်္ဂလာပါဗျ အားလုံးပျော်ရွှင်သော ပိတ်ရက်ဖြစ်မယ်လို့ယုံကြည်ပါတယ်ဗျ ဒီနေ့တင်ပြမှာကတော့အမေးအများဆုံးဖြစ်တဲ့ ကျွန်တော် အရင်ကပြောထားခဲ့တဲ့ SO DEPOSIT တစ်ခြား အကောက်ခွန်က ကောက်ခံတဲ့Deposit စသော အခွန်ဆိုင်ရာ အာမခံစပေါ်ငွေ အကြောင်းရှင်းပြမှာဖြစ်ပါတယ်ဗျ။

SO Deposit

Post Valuation Revenue Deposit

Broker Agency Deposit

Bonded Warehouse Deposit

Temporary Admission Deposit

Special Order DEPOSIT ကိုအကောက်ခွန်မှ ကျသင့်အခွန်အခထက်ပိုယူထား၍ နောက်မှ ပစ္စည်းရှင်းလင်းထုတ်ယူပြီးမှ လက်ကျန်ငွေကိုပြန်အမ်းခြင်းကိုဆိုလိုပါသည်။

PVRD ဆိုသည်မှာ အကောက်ခွန်မှ ကုန်ပစ္စည်းတန်ဖို့မသတ်မှတ်ရသေးခင် အလျှင်အမြန်ထုတ်ယူလိုသူများအတွက် အကောက်ခွန် ကသတ်မှတ်တဲ့ အာမခံစပေါ်ငွေကို ပေးဆောင်စေပြီး ပစ္စည်းရှင်းလင်းထုတ်ယူ စျေးကွတ်ထဲစုံစမ်းပြီးမှအတည်ပြု ပြီးမှ ကျသင့်ခွန်တွက်ချက် ပေးဆောင်စေပြီး ကျန်ငွေကို ပြန်လည်ထုတ်ယူနိုင်သည်။

Broker Agency Deposit ဆိုတာကတော့သိတဲ့အတိုင်း ကျွန်တော် တစ်နေ့ကရေးသားထားတဲ့ ငွေများကို အာမခံစပေါ်ငွေအနေနဲ့ ပေးသွင်းထားရတာကိုဆိုလိုတာဗျ။

Bonded Warehouse Deposit ဆိုတာကတော့ဗျာ Bonded Warehouse လိုင်စင်ကျရန် Warehouse ထဲထားသောပစ္စည်းများစိတ်ချစေရန် ကြိုတင်ကောက်ခံထားတဲ့ Warehouse ပိုင်ရှင်က အာမခံစပေါ်ငွေ ပေးဆောင်ထားရတာကိုပြောတာဖြစ်ပါတယ်ဗျ။

TI / TA Deposit ဆိုသည်မှာလည်း ကျွန်တော်အရင်ရှင်းပြထားခဲ့သလို အာမခံစပေါ်ငွေ ကြိုတင်ဆောင် ပြီးမှ ပြန်လည်ထုတ်ယူပေါ့ဗျာ TA အကောင်းသိချင်ရင်နော့အရင်ရက်တွေမှာ အကျယ်တစ်ပွင့် ရှင်းပြထားပါတယ်ဗျရှာဖတ်ကြည့်ပေးပါနော်။


ထပ်ရှင်းပြရရင်တော့ ယာရီစည်းကြပ်ခြင်း ဆိုတာရှိတယ်ဗျ အဲ့ဒါကို (Provisional Assessment ) လို့ခေါ်တယ်ဗျ ။
အဲ့ဒါကိုတော့ ပုဂ္ဂလိကကုန်မ္ပဏီများရဲ့ တင်သွင်းပစ္စည်း ကို ယာရီခဏ စည်းကြပ်သည်ပေါ့ဗျာ

သူက တင်ပြ invoice ပေါ်မှာ စည်းကြပ်တယ်ဗျ

အခွန်ကင်းလွတ်ခွင့်မရပစ္စည်းဆိုလျှင်
ကျသင့်ခွန်အရပ်ရပ် (CD+CT)အပြင် ၊အခွန်ပရပ်ရပ်ပေါင်း၏ နောက်တစ်ဆ (100%) ပြောရရင် duty တစ်စပေါ့ဗျာ



သက်သာခွင့်ရပစ္စည်းများ

အခွန်ကင်းလွတ် (သို့) CD rate 0% ပစ္စည်းများ