နောက်ဆုံးတော့ အခက်ခဲများစွာထဲကမှ Trade နဲ့ Cross Bridge issue ကိုတော့ဖြေရှင်းနိုင်ခဲ့ပြီ Export Cargoဖြင့် Thaiသို့သွားရာ ပထမဦးဆုံးကြုံရသောအခက်ခဲများကိုအလုံးစုံဖြေရှင်းနိုင်ခဲ့ပါပြီ ထပ်ပြီး လမ်း issue များကို ဆက်လက်ဖြေရှင်းရင်း စာရေးသူကျွန်တော်ရဲ့နေ့လည်စာ


Saturday, 29 February 2020
Monday, 24 February 2020
Bonded Warehouse လိုင်စင် အတွက် ဘာတွေလိုမလဲ?????
#BondedWarehouseအကြောင်းသိကောင်းစရာ။
🙋🏻♂️🙋🏻♂️ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိများအားလုံးမင်င်္ဂလာပါဗျ ကျွန်တော်လည်းမအားတာနဲ့ပဲကိုယ့်ဆရာအချို့ရဲ့မေးခွန်းတွေကိုမဖြေနိုင်တာsorry ပါဗျ ဟုတ်ဒီနေ့ပြောပြချင်တာကတော့ကျွန်တော်အရင်ကရေးသားခဲ့ဘူးတဲ့ Bonded Warehouse အကြောင်းတွေနဲ့စပ်လျဉ်းပြီးဘယ်လိုလိုင်စင်တင်ရမလဲဆိုပြီးမေးလာတဲ့မိတ်ဆွေများအတော်များလာ၍အားလုံးသိစေရန်ရေးသားသွားမှာဖြစ်ပါတယ်ဗျ။
✍️✍️Bonded Warehouse တစ်လုံးဖြစ်ရန်ကျွန်တော်တို့ အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားလိုသူဘက်မှတင်ပြရမည့် အချက်လက်များမှာ
1️⃣လျှောက်ထားလိုသည့် Company Letterhead ဖြင့် ဖွင့်လှစ်ခွင့်လျှောက်လွှာ။
2️⃣အာမခံထားပြီးကြောင်း အထောက်အထား။
3️⃣Company ၏ အချက်အလက်များ(မှတ်ပုံတင်)
4️⃣သက်ဆိုင်ရာဌာန၏ထောက်ခံချက်
5️⃣ပြည်နယ်/တိုင်း အစိုးရထောက်ခံချက်
6️⃣ကတိခံဝန်ချုပ်
7️⃣ကုန်လှောင်ရုံအမျိုးအစားအချက်လက်
8️⃣ကုနလှောင်ရုံပိုင်ဆိုင်မှု့အထောက်အထား/အဌားစာချုပ်။
9️⃣ကုန်လှောင်ရုံဓာတ်ပုံမှတ်တမ်း
🔟ကုန်လှောင်ရုံတည်နေရာ
1️⃣1️⃣ကုန်လှောင်ရုံအဆောက်အဦးအမျိုးအစား
1️⃣2️⃣အဆောက်အဦ ဆောက်လုပ်ပြီးစီးသည့်နှစ်/သက်တမ်း
1️⃣3️⃣မီးအာမခံနှင့်သဘာဝဘေးအန္တရယ်အကာကွယ်ထားရှိပြီးကြောင်းထောက်ခံချက်
1️⃣4️⃣သက်ဆိုင်ရာမြို့နယ်မီးသတ်ထောက်ခံချက်။
1️⃣5️⃣CR 127 Customs Form
👌👌သိသွားကြပြီပေါ့ဗျာနော် လွယ်တော့အတော်မလွယ်ဘူးဗျ 😁😁
✍️✍️ကဲဗျာတစ်လက်စာထဲကျွန်တော့အတွေ့အကြုံအရအကောက်ခွန်အရာရှိတွေအဓိကထားစစ်ဆေးတာကိုလဲလက်ဆောင်ပေးလိုက်မယ်ဗျာ👌👌
💁🏻♂️💁🏻♂️စစ်ဆေးရေးအဖွဲ့များ၏စစ်ဆေးချက်
1️⃣Warehouse ခိုင်ခံမှု့ရှိမရှိ/CCTV /မီးဘေးလှုံခြုံရေး
2️⃣မီးလိုင်းများစနစ်ကျမကျ
3️⃣အဝင်လမ်း/အထွက်လမ်းကောင်းမကောင်း
4️⃣လေးဝင်လေထွက်ကောင်းမကောင်း
5️⃣လူနေအိမ်နဲ့အကွာဝေးရှိမရှိ
6️⃣ကုန်လှောင်ရုံတွင်လူနေနိုင်မှု့ရှိမရှိ
7️⃣ inventory Management ရှိမရှိ
8️⃣အရေးပေါ်ဆက်သွယ်ရန်ဖုန်းရှိမရှိ
9️⃣သန့်ရှင်းမှု့ရှိမရှိ
🔟strong room & cold store ရှိမရှိ
1️⃣1️⃣သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု့မရှိစေရန်အကာထားရှိသော အစီအမံများရှိမရှိ
1️⃣2️⃣ကုန်လှောင်ရုံ တည်နေရာသည် အကောက်ခွန်ရုံးနှင့် အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းမှသင့်လျှော်သောအကွာဝေးတွင်တည်ရှိမရှိ
🤝🤝ok စသောစစ်ဆေးချက်များစစ်ဆေးပါတယ်ဗျ အခုလက်ရှိအချိန်အထိတော့ ဘယ်သူမှ Bonded Licence ဘယ်သူမှမချပေးသေးပါဘူးဗျ များမကြာမှီချပေးသွားမယ်လို့လဲကြားသိရပါတယ်ဗျ။အဲ့တော့ လိုအပ်ပြီး Bonded Lincence Try ဖို့လိုအပ်တဲ့လုပ်ငန်းရှင် Logistics မိတ်ဆွေများကိုလည်း ကျွန်တော်အတွေ့အကြုံအရ စပ်လျဉ်းပြီး ရေးသားဖေါ်ပြလိုက်ရပါတယ်ဗျ အးလုံးပဲ မနက်တိုင်းအချိန်တိုင်းမှာကြိုးစားလို့လိုရာပန်းတိုင်ကို ရောက်ရှိပြီး နိုင်ငံရဲ့ကောင်းသော Logistics အရွေ့တစ်ခုကို သွားနိုင်ကြပါစေလို့ဆုတောင်းလိုက်ရပါတယ်ဗျ အားလုံး Good Night ပါ။
#အရင်ရေးသားခဲ့သော Bonded Warehouse အမျိုးအစားများ ပြန်၍ဖေါ်ပြလိုက်သည်👇👇👇
https://www.facebook.com/108408943960905/posts/108432273958572/
https://www.facebook.com/108408943960905/posts/108431850625281/
https://www.facebook.com/108408943960905/posts/108431990625267/
#Shareခြင်းဖြင့်အသိပညာကုသိုလ်ရကြပါစေ။
#LogisticsBrotherhood
#MyanmarYouthSociety
#KP_KS_2002_002
လေးစားလျှက်
#KoPyone
Monday, 10 February 2020
Container အကြောင်းတစ်စေ့တစ်စောင်း
#Containerအကြောင်းတစ်စေ့တစ်စောင်း
🙋🙋ဟုတ်ကဲ့အားလုံးပဲမဂ်လာပါဗျ ကျွန်တာ်online မှာ sharing မလုပ်ဖြစ်တာ အလုပ်ရယ်စာမေးပွဲရယ်ပတ်ချာလည်နေ၍ဖြစ်ပါတယ်ဗျ Dryport Site Visit လာတဲ့သူများတော့ သိသလောက်မျှဝေဖြစ်ပါတယ်ဗျ ကျွန်တော် ကိုမေးမြန်းထားသော စာများကိုကြိုးစား၍ကျွန်တော်ပြန်ထားပါတယ်ဗျ တွေ့ဆုံ၍အလုပ်ကိစ္စပြောချင်သောဆရာဆရာမများကိုတော့ကျွန်တော်တောင်းပန်ပါတယ်ဗျ ဝန်ထမ်းဆိုတော့အားလပ်တဲ့အချိန်သိပ်မရှိလို့ပါခင်ဗျနားလည်ပေးစေချင်ပါတယ်ဗျ ဒီနေ့တော့ ကျွန်တော်မေးမြန်းထားတဲ့ ရေးခိုင်းထားတဲ့စာတွေကိုနောက်ထားပြီးကျွန်နော် Logistics နယ်ပယ်မှာ အရေးပါဆုံးဖြစ်တဲ့ Container အကြောင်းလေးပြောပြပါရစေဗျ၊
💁💁ဟုတ်ကဲ့ Container ရဲ့ အပေါ်ရံပါတဲ့အခေါ်အဝေါ်တွေတော့ကျွန်တော်မဖေါ်ပြတော့ဘူး အောက်ကပုံတွင်ဖေါ်ပြပေးပါမယ်ဗျ စာအရမ်းရှည်သွားမှာစိုးလို့ဗျ ကျွန်တော်က အဓိကကျတဲ့ နံပါတ် အခေါ်အဝေါ် ဘာကိုရည်ညွှန်းတယ်ဆိုတာကိုဖေါ်ပြပေးပါ့မယ်ဗျ ပုံထဲပါတာတွေလဲအရေးကြီးပါတယ်ဗျ အရေးမကြီးဘူးထင်မစိုးလို့ပါ😁😁
☑️container တစ်လုံးကို ကြည့်လိုက်ပြီဆိုလျှင်အမျိုးစားခွဲခြားတဲ့ Code 7️⃣ မျိုးရှိတယ်ဗျ
1️⃣Onwer Code
2️⃣Product Code
3️⃣Serial Code
4️⃣Check Digit
5️⃣Length Code
6️⃣Height Code
7️⃣Type Code ဆိုပြီး 7️⃣မျိုးရှိပါတယ်ဗျ
1️⃣Onwer Code
ရှင်းပြရရင် ဥပမာ USLU 411308-7ဆိုကြပါဆို့ ပထမ 3လုံးဖြစ်တဲ့ USL က Onwer Code ပါ US Line ပေါ့ဗျာ
2️⃣Product Code
Product code မျာ 4မျိုးဖြစ်နိုင်တယ်ဗျ
U =သာမန် container
Z=Trailer & Chassis
J=Detachable Freight Container & Related equipment
R=Reefer Container စတာတွေတွေ့ရှိရမှာပါ
3️⃣Serial Number
Serial Number ကတော့ရှင်းတယ် 411308 ကို ခေါ်ပါတယ်ဗျ
4️⃣Check Digit
Check Digit ကို logistics နယ်ပယ်ထဲက လူတွေအတွက်အကြမ်းဖျင်းပြောမယ် အခုမှစလေ့လာသူအတွက် နောက်မှ အကျယ်တစ်ပွင့်ရှင်းပြပြီးပုဒ်စာတွက်မယ်ဗျာ အခုကျွန်တော်တို့ Serial Number 6လုံး နောက် က 7လေးကို Check Digit လို့ခေါ်ပါတယ်ဗျ သူက Container အတုအပ ပြုလုပ်၍မရအောင် Formula နဲ့တွက်ထုတ်ထားခြင်းဖြစ်ပါတယ်ဗျ
Formula အရ Check Digit တွက်ရန် ပထမဆုံး words တွေကို digit ပြောင်းရမယ် ဘယ်လိုလဲဆိုတော့ ပြောင်းနည်းက Constant ပါပဲ A to Z ကို 10ကနေစပြီး နံပါတ်ပေးရပါမယ် ပြီးတော့ 11နှင့် စားလို့ပြတ်တဲ့ 11.22.33တို့မပါဝင်ရပါဘူး
ဥပမာ A10,B12,C13,D14.....,စသဖြင့်သွားရပါမည်
Words digit တွေကို ပြောင်းပြီး ရှိရင်းစွဲ Digit ကိုမပြောင်းပါဘူး Check Digit ကိုထည့်မတွက်ပါဘူး ဥပမာ USLU 411308 မှာ USLU ကို ကျသော
ဂဏန်းများဖြင့်ထည့်ပြီး ပြောင်းပြီး Digit တွေကို 2Factor တွေနဲ့မြောက်ရပါမယ် အဲ့ဒီ့ မြောက်လဒ် အားလုံးပေါင်းတာက Equation 1ပါ
နောက် အဲ့ဒီ့ရလဒ်ကို 11နဲ့စား ဒသမ ကိန်းနဲ့ထွက်မယ် ထို ဒသမကိန်းကိုဖယ် ကိန်းပြည့်ယူ ပြီး 11နဲ့ပြန်မြှောက် ရတဲ့အဖြေကို Equation 2 အဖြစ်ထား
ပြီးတော့မှ Equation 1-Equation 2 ကိုနုတ်လိုက်ရင် အခုထွက်ရှိနေတဲ့ 7 ဆိုတဲ့ Check Digit ကိုရပါတယ်ဗျ
😁😁လည်သွားပြီးလားထားပါ Knowledge အနေနဲ့ပြောတာပါ မသိလဲဖြစ်တယ် ပြသနာမရှိဘူးကျန်တာဆက်ရအောင်
5️⃣Length Code
သူကနော့ container နံပါတ်အောက်ကကပ်လျက်ပါနဲ့ နံပါတ် 4လုံးတွေ့ရပါလိမ့်မယ် အဲ့ 4 လုံးထဲက ပထမတစ်လုံး က Length code ဖြစ်ပါတယ်ဗျ
ဥပမာ 2=20feet container
4=40
L=45
M=48 feet စတဲ့ container length ကိုပြတယ်ဗျ။
6️⃣Hight Code
4 လုံးမှာ ဒုတိယ ဖေါ်ပြတဲ့ကောင်ကိုခေါ်တာဗျ
ဥပမာ 0=height 8 feet
2= 8 feet 6 inches
4=9 feet
5=9 feet 6 inches ဆိုပါတော့ အသုံးများတာပေါ့နော် Alphabet လဲလာတာတွေရှိတယ်နောက်မှဖေါ်ပြပေးပါ့မယ်
7️⃣Type Code
ဒါကနော့ လေးလုံးထဲက ကျန်တဲ့ နှစ်လုံးတွဲလေးဖြစ်ပါတယ်ဗျ
ဥပမာ G1 =General Perpose Use
R1=Refrigerated Container
U1=Open Top Container
P1=Platform Container
T1=Tank Container စသဖြင့် type code ပေါ့ဗျာ ။
🙋🙋ကဲကျွန်တော်ရှင်းပြသွားတာတွေကတော့ Logistics နယ်ပယ်ထဲဝင်မယ်ဆိုသူများအတွက်မသိမဖြစ်သိရမဲ့ Containerized အကြာင်းအကြမ်းဖျငးဖြစ်ပါတယ်ဗျ အားလုံးနားလည်မယ်လို့ ယုံကြည်ရင်းနဲပဲ အားလုံး အသိပညာများတိုးပွားပြီး Logistics ဆိုင်ရာနယ်ပယ်တစ်ခုရဲ့ အရွေ့ကိုသွားနိုင်သောလူများဖြစ်ကြပါစေဗျ။
#Shareခြင်းဖြင့်အသိပညာကုသိုလ်ရကြပါစေ။
#LogisticsBrotherhood
#MyanmarYouthSociety
#KP_KS_2002_001
လေးစားလျှက်
#KoPyone
Saturday, 8 February 2020
Tuesday, 4 February 2020
#MyanmarMaritimeUniversity(site visit) #ResourcesGrouplogisticsDryPort
အချိန်ရရင်ရတဲ့အချိန် သိသမျှကိုမျှဝေပါသည်။
ဘာလို့လဲဆိုတော့ကိုယ်နောက်ပါသွားမှာလဲမဟုတ်သလိုနယ်ပယ်ပေါင်းစုံကကိုယ့်ဆရာကိုယ့်အမိတွေနဲ့ပူးပေါင်းဆောင်ရွက်လိုသောဆန္ဒတစ်ခုကိုအရင်းပြုပါသည်။
#MyanmarMaritimeUniversity(site visit)
Subscribe to:
Comments (Atom)
Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း
Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...
-
ဟုတ်ကဲ့ ကျွန်တော့ရဲ့ ကိုယ့်ဆရာ ကိုယ့်အမိတို့မင်္ဂလာပါခင်ဗျ ကျွန်တော် လည်း #MDY #RG #DRYPORT ကိုတစ်ပတ်သွားတာဝန်ထမ်းဆောင်ရတဲ့အတွက်အဆက်သွယ်ပ...
-
Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...







