Monday, 24 February 2020

Bonded Warehouse လိုင်စင် အတွက် ဘာတွေလိုမလဲ?????


#BondedWarehouseအကြောင်းသိကောင်းစရာ။

🙋🏻‍♂️🙋🏻‍♂️ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိများအားလုံးမင်င်္ဂလာပါဗျ ကျွန်တော်လည်းမအားတာနဲ့ပဲကိုယ့်ဆရာအချို့ရဲ့မေးခွန်းတွေကိုမ​ဖြေနိုင်တာsorry ပါဗျ ဟုတ်ဒီနေ့ပြောပြချင်တာကတော့ကျွန်တော်အရင်က​ရေးသားခဲ့ဘူးတဲ့ Bonded Warehouse အကြောင်းတွေနဲ့စပ်လျဉ်းပြီးဘယ်လိုလိုင်စင်တင်ရမလဲဆိုပြီးမေးလာတဲ့မိတ်ဆွေများအတော်များလာ၍အားလုံးသိစေရန်ရေးသားသွားမှာဖြစ်ပါတယ်ဗျ။

✍️✍️Bonded Warehouse တစ်လုံးဖြစ်ရန်ကျွန်တော်တို့  အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားလိုသူဘက်မှတင်ပြရမည့် အချက်လက်များမှာ
1️⃣လျှောက်ထားလိုသည့် Company Letterhead ဖြင့် ဖွင့်လှစ်ခွင့်လျှောက်လွှာ။
2️⃣အာမခံထားပြီးကြောင်း အထောက်အထား။
3️⃣Company ၏ အချက်အလက်များ(မှတ်ပုံတင်)
4️⃣သက်ဆိုင်ရာဌာန၏ထောက်ခံချက်
5️⃣ပြည်နယ်/တိုင်း အစိုးရထောက်ခံချက်
6️⃣ကတိခံဝန်ချုပ်
7️⃣ကုန်လှောင်ရုံအမျိုးအစားအချက်လက်
8️⃣ကုနလှောင်ရုံပိုင်ဆိုင်မှု့အထောက်အထား/အဌားစာချုပ်။
9️⃣ကုန်လှောင်ရုံဓာတ်ပုံမှတ်တမ်း
🔟ကုန်လှောင်ရုံတည်နေရာ
1️⃣1️⃣ကုန်လှောင်ရုံအဆောက်အဦးအမျိုးအစား
1️⃣2️⃣အဆောက်အဦ ဆောက်လုပ်ပြီးစီးသည့်နှစ်/သက်တမ်း
1️⃣3️⃣မီးအာမခံနှင့်သဘာဝဘေးအန္တရယ်အကာကွယ်ထားရှိပြီးကြောင်းထောက်ခံချက်
1️⃣4️⃣သက်ဆိုင်ရာမြို့နယ်မီးသတ်ထောက်ခံချက်။
1️⃣5️⃣CR 127 Customs Form

👌👌သိသွားကြပြီပေါ့ဗျာနော် လွယ်တော့အတော်မလွယ်ဘူးဗျ 😁😁
✍️✍️ကဲဗျာတစ်လက်စာထဲကျွန်တော့အတွေ့အကြုံအရအကောက်ခွန်အရာရှိတွေအဓိကထားစစ်ဆေးတာကိုလဲလက်ဆောင်ပေးလိုက်မယ်ဗျာ👌👌

💁🏻‍♂️💁🏻‍♂️စစ်ဆေးရေးအဖွဲ့များ၏စစ်ဆေးချက်

1️⃣Warehouse ခိုင်ခံမှု့ရှိမရှိ/CCTV /မီးဘေးလှုံခြုံရေး
2️⃣မီးလိုင်းများစနစ်ကျမကျ
3️⃣အဝင်လမ်း/အထွက်လမ်းကောင်းမကောင်း
4️⃣လေးဝင်လေထွက်ကောင်းမကောင်း
5️⃣လူနေအိမ်နဲ့အကွာဝေးရှိမရှိ
6️⃣ကုန်လှောင်ရုံတွင်လူနေနိုင်မှု့ရှိမရှိ
7️⃣ inventory Management ရှိမရှိ
8️⃣အရေးပေါ်ဆက်သွယ်ရန်ဖုန်းရှိမရှိ
9️⃣သန့်ရှင်းမှု့ရှိမရှိ
🔟strong room & cold store ရှိမရှိ
1️⃣1️⃣သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု့မရှိစေရန်အကာထားရှိသော အစီအမံများရှိမရှိ
1️⃣2️⃣ကုန်လှောင်ရုံ တည်နေရာသည် အကောက်ခွန်ရုံးနှင့် အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းမှသင့်လျှော်သောအကွာဝေးတွင်တည်ရှိမရှိ

🤝🤝ok စသောစစ်ဆေးချက်များစစ်ဆေးပါတယ်ဗျ အခုလက်ရှိအချိန်အထိတော့ ဘယ်သူမှ Bonded Licence ဘယ်သူမှမချပေးသေးပါဘူးဗျ များမကြာမှီချပေးသွားမယ်လို့လဲကြားသိရပါတယ်ဗျ။အဲ့တော့ လိုအပ်ပြီး Bonded Lincence Try ဖို့လိုအပ်တဲ့လုပ်ငန်းရှင် Logistics မိတ်ဆွေများကိုလည်း ကျွန်တော်အတွေ့အကြုံအရ စပ်လျဉ်းပြီး ရေးသားဖေါ်ပြလိုက်ရပါတယ်ဗျ အးလုံးပဲ မနက်တိုင်းအချိန်တိုင်းမှာကြိုးစားလို့လိုရာပန်းတိုင်ကို ရောက်ရှိပြီး နိုင်ငံရဲ့ကောင်းသော Logistics အရွေ့တစ်ခုကို သွားနိုင်ကြပါစေလို့ဆုတောင်းလိုက်ရပါတယ်ဗျ အားလုံး Good Night ပါ။

#အရင်ရေးသားခဲ့သော Bonded Warehouse အမျိုးအစားများ ပြန်၍ဖေါ်ပြလိုက်သည်👇👇👇
https://www.facebook.com/108408943960905/posts/108432273958572/

https://www.facebook.com/108408943960905/posts/108431850625281/

https://www.facebook.com/108408943960905/posts/108431990625267/

#Shareခြင်းဖြင့်အသိပညာကုသိုလ်ရကြပါစေ။

#LogisticsBrotherhood
#MyanmarYouthSociety

#KP_KS_2002_002

လေးစားလျှက်
#KoPyone

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...