Sunday, 5 April 2020

Stay-at-Home မှ မဟုတ် အချိန်တခု ရတိုင်း မှာ စာဖတ်ခြင်းကို ‌ဆောင်ရွက်ကြမယ်

ကိုယ့်ဆရာကိုယ့်အမိများကျမ်းမာကြပါစေလို့ကျွန်တော်ဆုတောင်းလိုက်ရပါတယ်ဗျ အခုအခြေနေအရတော့ Stay at Home ဆိုတော့ အားလုံးအိမ်ကနေပြီး Social Media ကိုအဓိကထားပြီးသုံးနေကြမယ်လို့ထင်ပါတယ် သီတင်းဘာတက်လာမလဲ ဗဟိုကျမ်းမာရေးအဖွဲ့ကဘာထုတ်ပြန်မလဲစသဖြင့်ပေါ့ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ နိုင်ငံနဲ့ လူမျိုးကို ချစ်ကြသူတွေဆိုတော့ဗျာ ဘာပဲဖြစ်ဖြစ်နိုင်ငံကြီးသားပီသစွာ စည်းကမ်းလိုက်နာကြမယ်ဗျာဟု ကျွန်တော်တိုက်တွန်းပါရစေ။
👉ဒီနေ့ကျွန်တော်ပြောချင်တာကတော့ ကျွန်တော့်ကို သိချင်စိတ်ဖြင့် ခက်ခဲနေတဲ့ Logistics issue တွေကိုလာလာမေးနေတဲ့ သူအများ ရဲ့ ခက်ခဲနေတဲ့ပုံစံတွေကို လေ့လာထားသလောက်ကို ကျွန်တော်ပြောပြပါရစေ ကျွန်တော်သည် ဆရာတစ်ယောက်မဟုတ်ပါ ယခုထိကျွန်တော်သင်ယူနေဆဲပါ ပိုဆိုးတာက Logistics မှာဆရာတစ်ယောက်ဖြစ်ဖို့မလွယ်ကူပါ နိုင်ငံအနေထားအရ logistics Version ကိုတစ်ခြားနိုင်ငံတွေကိုမှီအောင်မဆိုနှင့် ဖြည်းဖြည်းချင်း လိုက်မြှင့်နေသောကာလဖြစ်လို့ ပိုပြီးတော့မလွယ်ပါ အသစ် အသစ်တွေ တစ်နေ့ထက်တစ်နေ့တွေ့နေရလို့ဖြစ်ပါတယ်။
👉စာသေချာဖတ်ရမှာပျင်းခြင်း
ကျွန်တော်ဘာတွေ့ရသလဲဆိုရင်ကျွန်တော်တို့ မြန်မာလူမျိုးဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင် စာဖတ်အားနည်းပါတယ် ဘယ်လောက်ထိလဲဆိုရင် အစိုးရဌာနကထွက်လာတဲ့ Notification ကိုတောင် SS နဲ့တင်ပေးတာတောင် တင်ပြီး ကာလတစ်ပတ်လောက်ကျွန်တော်ဘာသာပြန်ပေးနေရပါတယ် သေချာဖတ်ရင်ရှင်းတာဖြစ်တဲ့အတွက် မြန်မာစာကို မြန်မာလိုအသေချာဖတ်စေချင်ပါတယ် တစ်ချို့က ကျွန်တော့်ကို အလကားမေးလို့ရတယ်ဆိုပြီးစာတောင်မဖတ်ပါ ကျွန်တော်ရေးတာလေးကြည့်ပြီး ဘာလဲဆိုသူတွေလဲများပါတယ် ကျွန်တော်စိတ်မဆိုးပါဘူးဖြေပေးပါတယ် အားရင်ပေါ့ ကျွန်တော်ပြောချင်တာက ကျွန်တော်မဖြေပေးနိုင်တဲ့အချိန် လူကြီးမင်းတို့ information အောက်သွားမှာစိုးရိမ်သဖြင့် သေချာပြောပြနေခြင်းဖြစ်ပါတယ် Logistics မှာ information နဲ့ time က Money ဆိုတာသိပြီးဖြစ်ပါလိမ့်မယ်။
👉လေ့လာမှု့အားနည်းခြင်း
ကျွန်တော်ကိုလာမေးရင် မေးသောအကြောင်းရာက တကယ်ကိုအရေးပါတဲ့ ကဏ္ဍမေးတယ်ကျွန်တော်လဲအားတဲ့ချိန်သေချာရှင်းပြပါတယ် သို့ပေမယ့် အရေးပါတဲ့ issue မေးနေပြီဗျာ အနေထားက Manager Level လောက်ပေါ့ သို့သော်ကျွန်တော်ပြောတာနားမလည်ပါ အစအဆုံးတင်မက က ကနေ အ အထိပါ အဲ့ issue ကို ကျွန်တော်စိတ်မဆိုးပါ ဒါပေမယ့် သူနားလည်သွားတယ် သို့ပေမယ့်ထိုသူသည် အခြေခံစမလာတော့ နောက် ပြသနာဖြစ်ရင် အစအဆုံးပြန်လာမေးပါတယ်အခေါက်ခေါက် အခါခါ ဖြစ်နေတာပေါ့ ကျွန်တော်ဖြစ်စေချင်တာက ကိုယ်တိုင် အခြေခံပိုင်ပိုင်နဲ့ သိစေချင်တယ် ကျွန်တော်မပြောနိုင်တော့တဲ့အနေထားတစ်ခုဖြစ်ရင် ဆုံးဖြတ်ချက်ချချိန်နောက်ကျ၍ နစ်နာမှာစိုးရိမ်၍ စေတနာဖြင့်တိုက်တွင်းပါတာပါခင်ဗျာ တစ်ချို့ ဆို export & import နဲ့ပတ်သတ်ပြီး အခေါ်အဝေါ် နာမည် မသိ လမ်းပါညွှန်ပေးရပါတယ် အဲ့လောက်အသေးလေးတွေတော့ လေ့လာစေချင်ပါတယ်ဗျ စေတနာနဲ့ ပါ
👉Logistics လောကထဲသို့ဝင်ချင်သူများ
ကျွန်တော် အခု knowledge sharing page ၏အဓိကရည်ရွယ်ချက်က လုံးဝဘာမှမသိသူတွေကို အခြေခံကစသိပြီး လေ့လာဖို့ ဖြစ်ပါတယ် ထို့ကြောင့် ဘာမှမသိလို့ ဘာလုပ်ရမလဲဆိုသော အကြံဥာဏ် တောင်းသူအများကိုတွေ့ရပါတယ် ထို ညီနှင့်ညီမများကို ဘာပဲလုပ်လုပ် တစ်စိုက်မက်မက်နဲ့ ဘယ်အပိုင်းကို လုပ်မလဲဆိုတာကိုဆုံးဖြတ်ချက်ချပြီး ရဲရဲဝံ့ဝံ့ လုပ်ဖို့တိုက်တွန်းပေးပါတယ် တစ်ချို့က ခေတ်စားလာလို့ တစ်ချို့ကအလုပ်ပေါလို့တစ်ချို့က လစာ ကောင်းလို့ဘယ်လိုအကြောင်းနဲ့ပဲဝင်လာဝင်လာ တစ်ကယ်ဖြစ်မြောက်ချင်ရင်တော့ စိတ်နှစ်ပြီးငွေနောက်မလိုက်ပဲ လေ့လာအားထုတ်ရမှာဖြစ်ပါတယ်ဗျ ကျွန်တော့်ကိုမေးလာသူများကိုကျွန်တော်ရှင်းပြဖြစ်ပါတယ် သို့သော် မတင်မကျ ဟိုလိုဒီလိုလို ဖြစ်နေသူများ အကြိမ်ကြိမ် မေးပြီးအကောင်ထည်မဖေါ်သူများအတွက် အချိန်သည်လူကိုမစောင့်ပါဟုပြောပါရစေ အလုပ်တစ်ခုကအသားကျဖို့ အနည်းဆုံး ၃ နှစ်ရင်းရတယ်ဗျ သို့သော် logistics လုပ်မယ်ဆိုရင်တော့ လူပေါ်မူတည်ပြီး ၅ နှစ်နဲ့အထက်တော့ရင်းရလိမ့်မယ်လို့ပြောပါရစေဗျ။
👉အကောင်းမမြင်သူများ
ကျွန်တော့်ကိုပညာစမ်းသူများနှင့် နာမည်ကြီးချင်လို့လားမင်းကဆိုသူများကို ကျွန်တော်တစ်ခုပြောပါရစေဗျ ကျွန်တော် တစ်ပြားမှမရပဲ ကူညီပြီးတစ်ဖက်တစ်လှမ်းကနိုင်ငံအတွက်လုပ်နေတာပါဗျာ ကျွန်တော်လိုချင်တာ အားလုံးကျွန်တော်သိတာတွေ သိရအောင်ရည်ရွယ်တာပါ အချို့အရာတွေလည်းကျွန်တော်မသိတာတွေရှိပါတယ် အခုကလည်းအလကားပေးနေလို့ထောက်ခံသူ Fun မေးသူဆိုတာရှိတာပါ ပိုက်စံပေးပြီးမေးဆိုရှိမှာမဟုတ်ပါခင်ဗျာ ဒါကြောင်း လူကြီးမင်းတို့ကိုလည်းပြန်လည်မတိုက်ခိုက်ပါ ကိုယ့်လမ်းကိုရည်ရွယ်ချင်ဖြင့်လျှောက်ပါရစေဟုပြောပါရစေဗျကျေးဇူးပါ။
✍️✍️ကဲနိဂုံးချုပ်ပြောရရင်တော့ဗျာ ကျွန်တော်တို့ဟာလူငယ်တွေဖြစ်လို့ Logistics အရွေ့တစ်ခု ကို အခြေခံကျကျသိပြီး ကျော်ဖြတ်စေချင်တဲ့သဘောပါဗျ ကျွန်တော် ဖြေရလွန်းလို့ပြောတာမဟုတ်ပါ ကျွန်တော်မအားတဲ့ကြားကမှ ကြိုးစား၍ Reply ပြန်ပေးနေပါတယ်ဗျ ကျွန်တော်လည်းမအားလို့စာမရိုက်နိုင်၍ အသံဖိုင်ပို့ပြီး Reply typing ရိုက် သူနှစ်ယောက် အကူညီတောင်းထားပြီးကြိုးစားပြန်ပေးနေပါတယ်ဗျ အား လုံးပဲ အိမ်မှာနေ၍ နိုင်ငံကြီးသားပီသစွာ stay at home လုပ်ပြီးလိုအပ်သော ဗဟုသုတများရှာဖွေနိုင်ကြပါစေ။
လေးစားလျှက်
#KoPyone🔅🔆🔱

1 comment:

Saw Bah Soh Ghay @ စောဘာဆိုဂေ said...

https://logisticsknowledgesharingkopyone.blogspot.com/?fbclid=IwAR2MLeiXSNwuovma9mLSOFy7xG-eAdCBeJopf3uEKp0srkbHZLddGwE6v3g ဒီ Blog ကို following လုပ်ထားပါတယ်။ ကျွန်တော်ကတော့ fb မှာ စာဖတ်ရတာထက် blog မှာ အေးဆေးဖတ်ရတာကိုပဲ သဘောကျပါတယ်။ အဆင်ပြေတဲ့အချိန် ဆက်သာရေးပါ။ စောင့်မျှော်အားပေးနေပါမယ်။

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...