အခုချိန်ကျွန်တော်တို့Agency သက်တမ်းတိုးကာလကိုရောက်ရှိနေပြီဖြစ်တယ်ဗျအမှန်တိုင်းပြောပြရမယ်ဆိုကျွန်တော့ရဲ့မိတ်ဆွေAgent တွေရဲ့ပြောစကားများပြန်ပြောရမယ်ဆိုလျှင်တော့သနားစရာအလွန်ကောင်းပေးလိမ့်မည်် Agent ဘဝပေါ့ဗျာ ကျွန်တော်လဲလက်တွေ့ဗျ ကိုယ်တိုင် သက်တမ်းတို့ အရင်တစ်နှစ်ကအထိ Run ခဲ့ဘူးသူတစ်ယောက်ပါ deposit ၄၅ သိန်းတိုးပြီးကတည်းက အတော် အဆင်မပြေဖြစ်ခဲ့ကြတယ် ပြီးတော့အဲ့အချိန်က အလုပ်အရမ်းပါးတဲ့အချိန်ပေါ့ဗျာအခုချိန်အထိပါပဲ Agency အကြီးတွေတော့အရင်ကတည်းကတောင့်ခံနိုင်ကြတာပေါ့ဗျာ အကောက်ခွန်ရဲ့ လုပ်ချင်တဲ့ပုံစံကိုလည်းသိပါတယ် လူသန့်စေချင်တာပေါ့ဗျာ သို့ပေမယ် ဒီအလုပ်ပဲလုပ်တတ်တော့ ရှိတာလေးထုခွဲရတာပေါ့ဗျာ အဲ့လိုနဲ့အလုပ်လုပ်လာကြရတယ် ဒါကတော့ Agent အတော်များများရဲမပြေလည်မှု့ကိုပြောတာပါဗျာ သက်တမ်းတိုးနဲ့တော့ မဆိုင်ပါဘူး
ကျွန်တော်ပြောချင်တာအခုမှစမှာဗျ အကောက်ခွန်ကာကွယ်ရေး မှလူကြီးများ ဘယ်လိုနည်းနဲ့ ထို process လျှော့ချမလဲ ဆိုတာမျိုးလုပ်စေချင်ပါတယ် ဒီအချိန် Covid ကာလဖြစ်တဲ့အတွက် ဘယ်သူမှလဲ အဆင်မပြေကြပါဘူး social distancing လည်းလိုအပ်ပါတယ် ထ်ု့ကြောင့် အလုပ်ရှုပ်သိပ်မခံပဲ step များလျှော့ချခြင်း
ဥပမာ -MCBA ကထောက်ခံချက်ပေးခိုင်းရင် ဒါနဲ့ပတ်သတ်တာထပ်မစစ်နဲ့ ဆိုတာပေါ့ ကျွန်တော်ပြောတာ အပိုတွေလို့ပြောချင်တာမဟုတ်ပါဘူး ဘာကိုလျှော့ချရင်အဆင်ပြေဆုံးဖြစ်မလဲ Record အရမပြောင်းလဲ ရင် ဘယ်လိုမျိုးမြန်အောင်လုပ်ပေးသင့်တယ် ပြီးရင် ဘယ်လိုလူတွေအုံမလာအောင်လုပ်မလဲစသဖြင့်ပေါ့ဗျာ လူကြီးမင်းတို့ကို လေးစားပါတယ် လူကြီးမင်းတို့ကဘာလုပ်ရမလဲဆိုတဲ့ process flow ထုတ်တဲ့လူဖြစ်လို့ ကျွန်တော်ဆရာမလုပ်ပါ လုပ်ငန်းစဉ် လျှော့ချပေးဖို့မျှော်လင့်ရင်း Agent များအတွက် တောင်းဆိုလိုက်ရပါတယ်ဗျ။
လေးစားလျှက်

No comments:
Post a Comment