Sunday, 3 May 2020

ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ အပိုင်း(၂)

🙋🙋🙋ကိုယ့်ဆရာကိုယ့်အမိများအားလုံးမင်င်္ဂလာပါဗျ ကျွန်တော့ရဲ့အမျိုးတွေအကုန်​နေကောင်းကျမ်းမာကြပြီးမြန်မာနိုင်ငံကြီးလည်းအမြန်ဆုံးကျမ်းမာပြီးတော့အလျှင်အမြန်ဆုံးလည်ပတ်နိုင်ကြပါစေလိုကျွန်တော်ဆုတောငိးလိုက်ရပါတယ်ဗျ ။ကျွန်တော် အရင်တစ်ပတ်က ဥပဒေ အပိုင်း ၁ ကဘာတွေရေးခဲ့လဲဗျ 😁😁ထာပါအမေးဖြေကဏ္ဍမှမဟုတ်တာ သိချင်ရင် ပြန်သွားကြည့်မှာပေါ့ဗျာနော် စိတ်သက်သက်သာသာ အေးဆေးနေကြပါဗျာ 👍👍ကျွန်တော် အရင်တစ်ပတ်က ပင်လယ်ကြောင်းအကောက်ခွန် အက်ဥပဒေ အကြောင်း အပိုင်း ၁ လေးရေသားတင်ပြပေးသွားတယ် ဗျ အခု ကတော့ အပိုင်း ၂ ပေါ့ဗျာ ပိုစိတ်ဝင်စားဖို့ကောင်းလာပြီဗျ 😁😁စလိုက်ကြရအောင်ဗျာ ...
✍️✍️ကုန်ပစ္စည်းနှင့်ယာဉ်ကိုပြည့်သူ့ဘဏ္ဍာသိမ်းစည်းပိုင်ခွင့်တဲ့နော် ကြမ်းလာပြီ 😃😃
👉ပုဒ်မ၁၆၇(၈) ကျွန်တော် အပိုင်း ၁ကပြောခဲ့တဲ့ ပလက ပုဒ်မ ၁၈ နှင့် ၁၉ တားမြစ်ပိတ်ပင် ကန့်သတ်ချက်များ ဆန့်ကျင်၍ ကုန်ပစ္စည်း တင်သွင်း/ပို့ လုပ်လျှင် အဆိုပါ ကုန်ပစ္စည်းကို ပြည်သူဘဏ္ဍာအဖြစ်သိမ်းနိုင်တယ်ဗျ
👉ပုဒ်မ၁၆၈ မှာကျတော့ဗျာ 👆အပေါ်က သိမ်းစည်းမယ်ဆိုတဲ့အရပစ္စည်းတင်လာတဲ့ ယာဉ် သို့ တရိစ္ဆာန်များအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းနိုင်တယ်နော် ဒါကလုံးဝသတိထားရမဲ့အကွက်ဗျ 🤔🤔
👉ပုဒ်မ၁၈၂ 👆အပေါ်ကပြသနာ တွေကို ဒဏ်ရိုက်ရိုက် သိမ်းသိမ်း ဒါတွေအကုန်လုံးကို စီရင်ပိုင်ခွငိ့ကို အကောက်ခွန်ကို ဆုံးဖြတ်ခွငိ့ပေးထားတယ်ဗျ ရဲထက် power ကြီးတယ်ဗျ 👍
👉ပုဒ်မ၁၈၄ မှာ ၁၈၂ ကဆုံးဖြတ်ခဲ့တဲ့သိမ်းစည်းပစ္စည်က နိုင်ငံအပိုင်ပစ္စည်းဖြစ်ရမယ်တဲ့ဗျ ပြီးလက်ရောက်သိမ့်ယူမယ်တဲ့ဗျ အကောက်ခွန် အရာရှိက သိမ်းယူမယ်ဆိုပြီးတောငိးဆိုလျှင် ရဲအရာရှိက ထိုပစ္စည်းလက်ရောက်သိမ်းယူရာတွင် ကူညီရမယ်ဗျ အဲ့လိုပြဌာန်းထားတယ်ဗျ နော် ကျွန်တော်ပြောပါတယ် power ပိုကြီးပါတယ်ဆိုမှ 😁😁
ပြီးတော့ တစ်ခုပြောရအုန်းမယ်ဗျ ဗဟုသုတပေါ့ဗျာ တရားရုံးများလက်စွဲ စာပိုဒ်တော့ မမှတ်မိတော့ဘူး အဲ့မှာ စာရင်းနဲ့တစ်ကွ တင်ပြသော သက်သေခံပစ္စည်းကို တရားသူကြီးထံတင်ပြပေးရတယ်ဗျ တရားသူကြီးစစ်ဆေးပြီးမှသာ ဆုံးဖြတ်ချက်ချတယ်ပေါ့ဗျာ ဒါပေမယ့် အကောက်ခွန်က ပြည့်သူ့ဘဏ္ဍာသိမ်းဆည်းဆိုလျှင် တရားသူကြီးထံ ထိုပစ္စည်းတင်ပြစရာမလိုဆိုပြီးပြောထားတယ်ဗျ ဥပဒေတွေကတော့တိကျတယ်ဗျ😊
✍️✍️စီရင်ခွင့်ရှိတဲ့ပြစ်ဒဏ်အမျိုးအစားများ
1️⃣ ထောင်ဒဏ် (၃) နှစ်
2️⃣ပြည်သူ့ဘဏ္ဍာသိမ်းဆည်း
3️⃣ကုန်ပစ္စည်း AV တန်ဖိုး၏ (၃)ဆထကိမပိုသောငွေဒဏ်
4️⃣အနည်းဆုံးကျပ် ၅၀၀၀ မှ အများဆုံး သိန်း၁၀၀ ထိငွေဒဏ်
5️⃣ကုန်ပစ္စည်းအပေါ်စည်းကြပ်ထိုက်သည့် အကောက်ခွန်၏ (၅)ဆနှင့်ညီမျှတဲ့ငွေဒဏ်
👩‍✈️ထောင်ဒဏ်ကိုတော့ မြို့နယ်တရားသူကြီးကို အာဏာအပ်နှင်းထားပြီး ကျန်ဒဏ်အားလုံးကို အကောက်ခွန်အရာရှိအား အပ်နှင်းထားပါတယ်ဗျ
👨‍💻ကဲဗျာ ကျွန်တော်တို့ရဲ့ အကောက်ခွန်စစ်ဆေးရေးအရာရှိတွေရဲ့ လုပ်ပိုင်ခွင့်လေးတွေလေ့လာကြရအောင်ဗျာ။
👨‍✈️SCA-67 ရေယာဉ်ပေါ်သို့ ဝတ္တရားအရတက်ရောက်နိုင်ခွင့်ရှခြင်း။
👨‍✈️SCA-68 သင့်တော်သောနေရာထိုင်ခင်းတောင်းဆိုနိုင်ခြင်း ဆိုပြီးတရားဝင်ပြဌာန်း
👨‍✈️SCA-69 ယာဉ်၏သိုလှောင်ခန်းမည်သည့်ကိုမဆို သောခက်ချိတ်ပိတ်နိုင်သည် ပြီးသောခက်ထားသောမည်းသည့်သော့ကိုမဆိုဖျက်စီဖွင့်လှစ်စစ်ဆေးနိုင်တယ်ဗျ။
👨‍✈️SCA-70. အကောက်ခွန်အရာရှိရဲ့ကြီးကြပ်မှု့ဖြင့်သာကုန်ပစ္စည်းတင်ချခွင့်ရှိတယ်ဗျ
👨‍✈️SCA-70a. ခွင့်ပြုချက်ဖြင့်သာရေယာဉ်ပေါ်သို့ တက်ဆင်းခွင့်ရှိခြင်း
👨‍✈️SCA-166. ပြည်တွင်းရေယာဉ်များမှ သက်ဆိုင်တဲ့လိုအပ်တဲ့ စာရွက်စာတမ်းအကုန်တောင်းပိုင်ခွင့်ရှိခြင်း
👨‍✈️SCA-169. ရေယာဉ်ပေါ်တက်ဆင်းသောသူများကိုရျာဖွေခွင့်ရှိခြင်း
👨‍✈️SCA-170. ကိုယ်ကာယကိုစစ်ဆေးနိုင်ခြင်း
👨‍✈️SCA-171. မည်သည့်ယာဉ်ကိုမဆိုရှာဖွေစစ်ဆေးနိုင်ခြင်း
👨‍✈️SCA-172a. ဝရမ်းဖြင့်အဆောက်အဦ ယာဉ်တို့ကိုဝင်ရောက်စစ်ဆေးနိုင်ခြင်း
👨‍✈️SCA-173. မည်သည့်နေရာ မည်သု့ကိုမဆိုဖမ်းဆီးနိုင်ခြင်း
👨‍✈️SCA-194. ယာဉ်ပေါ်တွင်တင်ချပစ္စည်းများကို ဖွင့်ဖောက် စစ်ဆေးနိုင်ခြင်း
😀😀လုပ််ပိုင်ခွင့်တွေနော်တွေ့လား Trade တွေလုပ်ပြီးဒါတွေတော့သိထားသင့်တယ်ထင်တယ်ဗျ ဒါမှ အမှန်သွင်းသော်ဌား ရှောင်ရန်ဆောင်ရန် သိထားရတာပေါ့ဗျာ
✍️✍️အယူခံကိစ္စ ပြန်လည်သုံးသပ်တက်ရောက်ခြင်း ဆိုတာလေးပြောပြမယ်ဗျာ
👉ကျွန်တော်တို့ပစ္စည်းအတွက် အယူခံဝင်ရောက်ပြီးအခွန်အယူခံအဖွဲ့မှ ချမှတ်သော စီရင်ချက်အမိန့်ကို ကျေနပ်မှု့မရှိက ချမှတ်သည့်နေ့မှ၍ ရက်ပေါင်း ၉၀ (၃လ) အတွင်း ပြန်လည်သုံးသပ်မှု တက်ရောက်နိုင်တယ်ဗျ အဲ့ကောင်က (ပလကပုဒ်မ-၁၉၁) မှာပြဌာနိးထားတယ််ဗျ။
ဒါပေမဲ့ မကျေနပ်လို့ ပြန်လည်သုံးသပ်မှု့လျှောက်ထားရာတွင် ရှေးနည်းတူစွာ သက်သေလျှောက်ထားချက်နဲ့တော့မရဘူးဗျ လျှောက်ထားချက်အသစ်တော့ဖြစ်ရမယ်ဗျ 👌👌
👨‍💻👨‍💻ကဲအခုတော့ ကျွန်တော်တို့ပင်လယ်ကြောင်းအကောက်ခွန်ဥပဒေတော့ပြီးပြီဗျ သို့သော်ပြီးပြီဆိုတာ ကျွန်တော် ကိုယ့်ဆရာ ကိုယ့်အမတို့နဲ့ ကိုက်ညီတာ သိသင့်တယ်ထင်တာလေးတွေရွေးနှုတ်တင်ပြထားတာပါ ကျွန်တော်မှတ်သားထားရာ အရဆိုအများကြီးဗျာ ာ်
😁😁ပြီးတော့ပျင်းပီးဖတ်မှာမဟုတ်ကြတော့ဘူးလေ😂😂နောက်တာပါ ကျွန်တော်လဲစာများရင်ခပ်ပျင်းပျင်းဆိုတော့လေ😂 ကျွန်တော်ရေးထားတွေကို အားလုံးသိထားသင့်တယ်ဗျ ဘာလို့လဲဆိုရင် ဥပဒေနဲ့လွတ်ကင်းအောင်ကြိုးစားကြတာချဉ်းပဲဗျ ဒါပေယ့် တစ်ခါတစ်လေ ပြစ်ဒဏ်မထင်မှတ်ပဲထိတတ်တယ် အဲ့လိုဆိုရင်ဘယ်လိုလျှော့ပေါ့အောင်လုပ်မလဲဆိုတာ ဥပဒေ သိထားရင်အချိန်မှီလုပ်နိုင်ရင် Risk Management ပါပဲဗျ အဲ့တော့ Risk Factor Cover လုပ်ဖို့ဆိုလျှင် အကောက်ခွန်ဥပဒေပါ နားလည်ရမယ်ဆိုတာသဘောပေါက်လောက်ပြီထငိပါတယ်ဗျ နောက်မှပဲ ကုန်းလမ်းအက်ဥပဒေဆက်ကြတာပေါ့ဗျာ အားလုံး Good Night ပါဗျ✌️✌️✌️
လေးစားလျှက်

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...