Tuesday, 26 May 2020

DRY PORT (ကုန်းတွင်းဆိပ်) အတွင်း လုပ်ဆောင်နိုင်သောလုပ်ငန်းစဉ်များ။



#DRYPORTရဲ့လုပ်ဆောင်နိုင်သောလုပ်ငန်းစဉ်များ
🙋🏻‍♂️🙋🏻‍♂️ကိုယ့်ဆရာကိုယ့်အမိများအားလုံးမင်္ဂလာပါဗျ ပထမဆုံးအရေးကြီးဆုံးပြောချင်တာကတော့ COVID-19 ဆိုတာမမေ့ကြဖို့ မပေါ့ကြဖို့အရင်ဦးစွာတိုက်တွန်းပါရစေ အားလုံးက အခုဆို အေဆေးဖြစ်နေတာတွေမြင်နေရတယ်ဗျ ကားတွေလဲအရင်လိုပြန်ပိတ်နေပြီ သတိထားစေချင်သေးတယ်ဗျ အခုလည်းပုံမှန်ဆက်တိုက်တွေ့ရှိတာဆိုရင်ဖြင့် ၂၀၀ ကျော်သွားပြီဗျ ဒါ့ကြောင့်မို့မပေါ့စေချင်တာပါဗျ။ဒီနေ့တော့မအားတဲ့ကြားကပဲ DRYPORT ကဘာတွေလုပ်တာလဲဆိုပြီးမေးလာကြသူတွေအရမ်းများတဲ့အတွက် ကျွန်တော် ကျွန်တော် ကိုယ်တိုင်လုပ်နေတာဖြစ်လို့ Sharing လုပ်ပေးမှာဖြစ်ပါတယ်ဗျ။
#DRYPORT ဆိုတာဘာလဲဆိုတာကို ကျွန်တော်အရင်ကရေးသားခဲ့ဖူးတာဖြစ်တဲ့အတွက် Link ချပေးခဲ့ပါမယ် ထပ်မရှင်းပြတော့ပါဘူးဗျ။
❓❓DRYPORT ဘာတွေဘယ်လိုဆောင်ရွက်ရမလဲကွီးရေ❓❓❓
😁😁ဝုန်းဒိုင်း အကောက်ခွန်က Port Code တွေထုတ်ပြီးလုပ်ရမယ်ဆိုမှ အသဲအသန်ဗျာ ခင်ဗျားတို့က အရင်ကရေးတုန်းကတော့ကိုနဲ့မဆိုင်သလိုလေ 😁😁နောက်တာပါဗျာ ပြောပြရမဲ့တာဝန်ကျွန်တော့မှာရှိပါတယ် ဟုတ်ကဲ့ စပြောမယ်ဗျာ
✅အကောက်ခွန် အရာရှိများထိုင်သောဆိပ်ကမ်းကဲ့သို့ Customs Control Area ဗျာ
✅ဆိပ်ကမ်းမှာအကြောင်းအမျိုးမျိုးကြောင့်အဆင်ပြေမှု့မရှိရင် customer လိုအပ်ချက်အရ Dryport သို့ပြောင်းရွှေ့ ၍ Clearance လုပ်လို့ရတယ်ဗျ
✅ပြီးတော့ SEZ လိုမျိုး One Stop Services မျိုး ရုံးပေါ်သီးသန်းပြေးနေဖို့မလိုတော့ဘူးဗျ နေချင်းပီးဆောင်ရွက်လို့ရမယ်ဗျာ
✅နောက်ပြီး Agent တွေ Customer တွေအတွက် ရိုးရှင်းတဲ့ process Flow တွေလဲရှိမယ်ဗျ(ဒါကတော့စတင်ကျင့်သုံးရင်ကြေညာပေးပါ့မယ်)
✅ Export Cargo များအတွက် လည်းDomestics Warehouse မှ ထုတ်၍ CCA တွင် အကောက်ခွန်စစ်ဆေး၍ ဆိပ်ကမ်းတွင်တောက်လျှောက် သင်္ဘောတင်ခွင့်ရခြင်း
✅ရွာသာကြီး နှင့်နီးသော Company /Warehouse များတွက် import cargo တင်သွင်းရာတွင် သက်ဆိုင်ရာဆိပ်ကမ်းမှ တိုက်ရိုက် DRYPORT သို့ရွှေ့ယူ၍ clearance လုပ်နိုင်သည်။
✅ကြီးမားသော warehouse ကြီးများထဲသို့ Storage ထားချင်သော Company မှ cargo များကို တိုက်ရိုက် စစ်ဆေးရွှေ့ပြောင်းထားနိုင်ခြင်း။
✅ပြီး မန္တလေး သယ်ယူချင်သော cargo company များကို ဆိပ်ကမ်းမှ ရထားဖြင့် တိုက်ရိုက် သယ်ယူပြီး DRYPORT တွင်စစ်ဆေး၍ မန္တလေးသို့ တိုက်ရိုက်သယ်ဆောင်သွားနိုင်ခြင်း။
✅နောက်ပိုင်းဖြစ်လာမယ့် မန္တလေး မှ Export Cargo များကို မန္တလေးတွင်စစ်ဆေး၍ တိုက်ရိုက် ဆိပ်ကမ်းသို့ သင်္ဘောတင်ပို့ နိုင်ခြင်း။
✅DRYPORT တွင် Warehousing Function /Rail Road Transport / Door to Door Services ရှိခြင်း။
✅နောက်ပိုင်း IICBTA လမ်းကြောင်း အမှတ် ၂ လမ်းတွင်ရှိ၍ Check Point အဖြစ်တောင်းဆိုထား၍ နောက်တွင် စစ်ဆေးမှု့ နေရာဖြစ်လာဖို့ရှိခြင်း။
✅နောက်ဆုံး DRYPORT ရဲ့အားသာချက်ဖြစ်သော #BONDED WAREHOUSE Function ပါသည်အတွက် နောင်အချိန်တွင် အဆင်ပြေချောမွှေ့စွာ အခြားနိုင်ငံနည်းတူကုန်သွယ်မှု့တိုးတက် လာမည်ဖြစ်သည်။
✍️✍️ကဲဒီလောက်ဆိုရင်တော့သိလောက်ပြီထင်ပါတယ်ဗျ ကျွန်တော့် RG DRYPORT တွင် Customs Clearance Agent /Customer များကိုတော့ process flow သေချာနားလည်စွာရှင်းပြပြီး ရေရှည်လက်တွဲမှာ ဖြစ်လို့ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျ အားလုံး နိုင်ငံတော်ရဲ့ ပြောင်းလဲဖို့ပေးသောအခွင့်အရေးများနှင့် ကျွန်တော်နှင့်ကျွန်တော့အမိများအားလုံးပူးပေါင်း၍ Logistics Cost လျှော့ချနိုင်ရေးအတွက်ကြိုးစားလိုက်ကြရအောင်ဗျာ။
အရင်ကရေးသားခဲ့သောDryport အကြောင်း👇🏻👇🏻
လေးစားလျှက်

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...