Monday, 30 September 2019

Bonded Warehouse ကို Customsက ဘယ်လိုထိန်းချုပ်ထားသလဲ။


🙏🏻🙏🏻

🎈🎈ဟုတ်ကဲ့ ဒီနေ့တော့ စာရေးမဲ့အချိန်ကျရောက်လာပြီဖြစ်တဲ့အတွက် ခုစလိုက်ကြရအောင်ဗျ စောင့်နေကြတဲ့ သူငယ်ချင်းများအတွက် ကျွန်တော်ရေးသားတင်ပြလာတာဆိုရင် (၁၃)ရက်ရောက်တဲ့နေ့လေးဖြစ်ပါတယ်ဗျ။
မနေ့က Bonded Warehouse ရဲ့ Rule လေးတွေအကြောင်းပေါ့ဗျာ Customs ရဲ့ Bonded Warehouse ပေါ်ချမှတ်ထားတဲ့စည်းကမ်းတွေလို့ဆိုကြရအောင်ဗျာနော် ကဲစလိုက်ကြရအောင်ဗျာ။လောလောဆယ် ဘယ်လိုအချက်လက်တွေနဲ့လျှောက်ထားမလဲကြည့်ကြရအောင်ဗျာ။
🏠လျှောက်ထားခြင်း အကောက်ခွန်ဌာနသို့

1️⃣အကောက်ခွန်ပုံစံ 127 form ဖြင့်လျှေက်ထားရမည်
2️⃣အာမခံထားပြီးကြောင်းအထောက်ထား
3️⃣company registration
4️⃣သက်ဆိုင်ရာဌာန၏ထောက်ခံချက်
5️⃣ပြည်နယ်တိုင်းအစိုးရထောက်ခံချက်
6️⃣ကတိခံဝန်ချက်(ဥပဒေချိုးဖောက်ပါကဒဏ်ငွေပေးဆောင်မည်။
7️⃣ထည့်သွင်းထားရှိလိုသောပစ္စည်းအမျိုးအမည်
8️⃣ကုန်လှောင်ရုံ ပိုင်ဆင်မှု့အထောက်အထား/ဌားရမ်းစာချုပ်။
9️⃣မီးသတ် ထောက်ခံချက်
🔟CCTV တပ်ဆင်ထားရှိမှု့
1️⃣1️⃣WMS (Warehouse Management System)ရှိရမည်။(update information ပါ ကျွန်တော်ကြားထားတာပါ)

🆗ဒါကတော့ လျှောက်ထားရန်လိုအပ်ချက်တွေပေါ့ဗျာ စစ်ဆေးမှု့အပိုင်းကတော့အများကြီးပဲဗျ ကျွန်တော် ကိုယ်တိုင်တွေကြုံထားတဲ့စစ်ဆေးမှု့တွေကတော့ ရေသားပြောပြရင်ကုန်မှာမဟုတ်တော့လို့ မပြောတော့ပါဘူးဗျာ ဆက်ကြရအောင်....

✅ကုန်လှောင်ရုံ ခွင့်ပြုချက် ရရှိပြီးပါက လျှောက်ထားသူမှ အကောက်ခွန်ဌာန ငွေစာရင်းတွင် ကုန်လှောင်ရံုအမျိုးအစားအလိုက် စာရင်းသေအပ်ငွေဖြစ် အာမခံစပေါ်ငွေ ပမာဏကို ဘဏ်အာမခံ ငွေပမာန  နှင့် လိုင်စင်ကြေးကို အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်သည့်အတိုင်းပေးသွင်းရမည်။

✅ကုန်လှောင်ရုံသက်တမ်း ၃ နှစ် တစ်ကြိမ်အကောက်ခွန်မှ သတ်မှတ်ထားတဲ့ သတ်တမ်းတိုးကြေးပေးသွင်းရမည်။

✅သတ်တမ်းတိုးချိန်တွင် မူလနေထားရှိမရှိပြန်လည်အစစ်ဆေးခံရမည်။

✅ကုန်လှောင်ရုံ အတွင်းထည့်သွင်းထားရှိသောပစ္စည်းများကို အကောက်ခွန်အက်ဥပဒေ ပုဒ်မ-၉၂ အရ ချုပ်ဆိုထားသည့် ခံဝန်ချုပ်ပါ နေ့မှစ၍ (၃) နှစ်အတွင်ရထုတ်ယူရမည်။
 
✅ကုန်လှောင်ရုံသက်တမ်းမပြည့်မီ (၃)လကြိုတင်၍သတ်တမ်းတိုးရမည်။

✅သက်တမ်းကုန်ဆုံးပြီး သက်တမ်းတိုး လာရောက်လျှောက်ထားပါက ခွင့်ပြုမည်မဟုတ်တဲ့အပြင် အာမခံစ​ပေါ်ငွေကိုလည်း ပြည်သူ့ ဘဏ္ဍာအဖြစ်သိမ်းမည်။

✅သက်တမ်းအတွင်း လိုင်စင်ရုပ်သိမ်းခွင့်တင်လျှင် အာမခံစပေါ်ငွေပြန်အမ်းပေးမည်။

✅အကောက်ခွန်ကချမှတ်ထားသော ကုန်လှောင်စည်းကမ်းမလိုက်နာပါက ပင်လည်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ -၁၆၇ ပါ ပြစ်ဒဏ် များနှင့် တည်စဲဥပဒေအရအရေးယူခြင်းခံရမည်။

‼️ကဲတွေ့တယ်နော် ခေတ်တွေပြောင်းလဲလာပြီဆိုတော့ ကျွန်နော်တို့ကုန်သည်များကလည်း တကယ်မှန်ကန်စွာလုပ်ရင် နာမည်ကျန်မယ် အဆင်ပြေမဲ့ခေတ်ကိုရောက်လာပြီဗျ တစ်နပ်စား အကြံရှိသူများ အဝေးလွင့်မဲ့ခေတ်ဗျာ ထားပါတော့ ကျွန်တော် ထပ်တင်ပြရင် ပလကဥပဒေတွေတန်းစီနေတော့မှာဖြစ်လို့ SOP ထွက်လာမှပဲပြန်ပြီးအရေးကြီးတာတွေ ပြန်လည်မျှဝေပေးမယ်ဗျာ။

🤝🤝🤝ဟုတ်ကဲ့ ကျွန်တော်ယခုလို့ သိသင့်သိထိုက်တာများကို ရေးသားတင်ပြတာကို လိုတဲ့သူလည်းရှိသလိုအဖက်ဘက်က တိုက်ခိုက်သူမျာဍလည်းရှိပါတယ်ဗျ ပြသနာတော့မရှိပါဘူးဗျ တောင်းဆိုထားတဲ့ လိုချင်တဲ့သူတွေက်ုမျှဝေတယ်သူတို့ကျေးဇူးတင်တယ်ကျွန်တော်ကုသိုလ်ရတယ် ဒါပါပဲခင်ဗျ လို့ပြောရင်း ကျွန်တော်ရေးသားသောစာများသည် အကောက်ခွန်် ဥပဒေများထဲမှ မှတ်သားထားရသမျှကိုတင်ပြထားသည့်အတွက် ဝေဖန်အကြံပေးနိုင်ပါတယ်ဗျ အားလုံးပဲ Good Night ပါဗျ။🤝🤝🤝

                                            လေးစားလျှက်
                                             KO PYONE

1 comment:

Saw Bah Soh Ghay @ စောဘာဆိုဂေ said...

ဆက်ရေးပါ။ အားပေးနေပါတယ်။

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...