🙏🏻🙏🏻
🤝ဟုတ်ကဲ့ပါ ကျွန်တော် logistics နဲ့ပတ်သတ်တဲ့ သိသလောက်အကြောင်းရာလေးတွေဝေမျှတာဟာဆိုရင်ဖြင့် အခုဆို (၁၄)ရက်နေ့ကိုရောက်ရှိလို့လာပါပြီဗျ။
မနေ့က Bonded Warehouse အကြောင်းလေးတွေရေးသားတင်ပြထားတာဆိုတော့ ဒီနေ့တော့ဆက်စပ်မှု့လေးရှိတဲ့ DUTY FREE SHOP လေးအကြောင်းတင်ပြသွားမှာဖြစ်ပါတယ်ဗျ။
#DUTY FREE SHOP (အကောက်ခွန်လွတ်အရောင်းဆိုင်)
👉Duty Free Shop ဆိုသည်မှာ ပြည်တွင်းစားသုံးရန်မဟုတ်ပဲ ဥပဒေအရသတ် မှတ်ထားသောအာမခံကုန်လှောင်ရုံ များအတွင်း ထည့်သွင်းသိုလှောင်ကာ ပြဌာန်းထားသည့် အမိန့်ညွှန်ကြားချက်နဲ့အညီပြန်လည်ထုတ်ယူ၍ နိုင်ငံခြားငွေဖြင့်ရောင်းချကာ ပြည်ပသို့ ပြန်လည်ထုတ်ယူမည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန်ပေးဆောင်ရန်မလိုပဲ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ထိုကဲ့ သို့ လေဆိပ်များတွင်ရောင်းချသောဆိုင်များကို Duty Free Shop ဟုခေါ်သည်။
😁အဲ့ဒါက တော့ အမှန်တကယ် rule ပေါ့ဗျာ အမှန်တကယ်တော့ အားလုံးသိကြတဲ့အတိုင်း လေဆိပ်တွေမှာ ဘယ်လိုဘယ်ပုံဝယ်ပြီး ဘယ်လိုဘယ်ပုံ အတုတွေဖြစ်နေတာဆိုတာလဲ ကျွန်တော်တို့ အား လုံးနဲ့သတ်ဆိုင်တယ်တော့ထင်တယ်ဗျ မသိတာတောတော့မဖြစ်နိုင်ဘူး ဘာကြောင့်လဲပေါ့ဗျာ တစ်ချို့ကတော့ပြောမယ် ဒီကောင်အဆင်ပြေနေတာ အဆင်မပြေအောင်လုပ်တယ်လို့ပေါ့ 😃😃ဒါပေမယိ့ဗျာ ကျွန်တော်တို့သွားချင်တဲ့ target ကတိုးတက်အောင်မြင်တဲ့ စည်းကမ်းရှိတဲဒီမိုကရေစီ နိုင်ငံတော်လေ တစ်ယောက်ချင်းစီစည်းကမ်းဆိုတာပြနိုင်မှ နိုင်ငံက တိုးတက်မှာဗျ အားလုံး ကောင်းဖို့ကျွန်တော်မဆိုလိုဘူးဗျ ကျွန်တော်ဘာသာကောင်းအောင်တောင်မနည်းကြိုးစားရတယ် 😀😀ကဲဆက်ရအောင်ဗျာ😁😁😁😁
✅နိုင်ငံတော်က အကောက်ခွန်လွတ်အရောင်းဆိုင်ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များပေါ့ဗျာ
1️⃣မီးခိုးမဲ့ စက်မှု့လုပ်ငန်း (smokeless Industry)ဟုတင်စားခေါ်ဝေါ်သည့် ကမ္ဘာလည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစည်ပင်မှု့ကို အထောက်ကူပြုစေရန်။
2️⃣မိမိနိုင်ငံတွင်လာရောက် တာဝန်ထမ်းဆောင်သည့် ကုလသမဂ္ဂ အဖွဲ့စည်းများ အခြားအခွန်ကင်းလွတ်ခွင့်ရအဖွဲ့စည်းများအနေဖြင့် လူသုံးကုန် စားသောက်ကုန်များကို ပြည်ပမှမှာယူစားသောက်စရာမလိုပဲပြည်တွင်းအလွယ်တကူ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့်ဝယ်ယူရန်။
3️⃣နိုင်ငံခြားလေဆိပ်၊ဆိပ်ကမ်းများသို့ ထွက်ခွါ မည့် ယာဉ်များပေါ်ခရီးသည်များစားသုံးရန်ဝယ်ယူ တင်ဆောင်ခွင့်ရရန်။
4️⃣ထိုဆိုင်များမှ နိုင်ငံတော်အတွက် နိုင်ငံခြားငွေ ရရှိခြင်း
5️⃣နိုင်ငံတကာရင်ဘောင်တန်းနိုင်ရေး
👍ထိုကဲ့သို့ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ထားပါသည်။သူနဲ့ပတ်သတ်တဲ့အသေးစိတ်ကတော့အများကြီးပေါ့ဗျာ အခုရေးသားတင်ပြထားတာတော့ သိသင့်တဲ့ knowledge ပေါ့ဗျာ အခုရေးသားတင်ပြသောအကြောင်းရာများကို အကောက်ခွန်ဝန်ဆောင်မှု့သင်တန်း များမှလေ့လာပြီးရေးသားတင်ပြလိုက်ရပါတယ်ဟုပြောကြားရင်း တစ်နေ့ထက်တစ်နေ့ ဗဟုသုတတွေတိုးပွါးကြပါစေ။
လေးစားလျှက်
KO PYONE

No comments:
Post a Comment