Monday, 23 September 2019

CEPT (FTA) လေ့လာမိသလောက်


✍️✍️✍️မနေ့ကတော့ ကျွန်တော်တို့ INCOTERMS လေးတွေတင်ပြလိုပြီးခဲ့သည်မှာ ၆ ရက်ခွဲပြီး တင်ပြခဲ့ပြီဖြစ်ပါတယ်ခင်ဗျ။ဒီနေ့ ၇ ရက်မြောက်တဲ့နေ့မှာတော့ အလွန်ခေတ်စားနေတဲ့ CEPT (FTA ) အကြောင်းလေးလေ့လာထားသလောက် တင်ပြရေးသွားမှာဖြစ်ပါတယ်ခင်ဗျ သူငယ်ချင်းကုန်သည် တစ်ယောက်ကလဲ တောင်းဆိုထားတဲ့အတွက် Knowledge sharing ဖြစ်ပါတယ်ခင်ဗျ။

ကဲဗျာအပြောတွေနောက်ထားပြီး စလိုက်ကြရအောင်ဗျာ

👉ကျွန်တော်တို့  AFTA (asean free trade area ) ကိုထူထောင်ရန် Asean အဖွဲ့ဝင်နိုင်ငံအချင်းချင်း အကျိုးတူအခွင့်ရေးရရှိစေနိုင်မည့် အကောက်ခွန်လျှော့ပေါ့ရေး(Common Effective Prefertial Tariff  -CEPT)ကိုအဓိက အသက်ဝင်အောင်ကြိုးစားခဲ့ကြသည်။
ပထမဆိုးအမိန်စာအမှတ် (၂၄၇/၉၇)(၁.၁.၁၉၉၈)
ဒုတိယအမိန့်စာအမှတ်     (၁၁၁/၂၀၁၇)(၃၀.၁၁.၂၀၁၇)
တတိယအမိန်စြာအမှတ် (၂၁/၂၀၁၇)

ထိုသို့အမိန့်စာအမှတ်များအဆင့်ဆင့်ချုပ်ဆို၍ (ASEAN TRADE IN GOODS AGREEMENT - ATIGA) ကိ(Myanmar ATIGA Tariff Reduction Schedule ) ကိုရည်ညွှန်းစာအမိန်စာများနှင့်အကောင်ထည်ဖေါ်ခဲ့ပါသည် 

👍ဒါတွေက knowledge ပဲအရေးမကြီးဘူး အရေးကြီးတာပဲပြောကြရအောင်ဗျာ 

Association of Southeast Asian Nations 10 member states တွေကတော့ အားလုံးသိပြီးသားဖြစ်တဲ့
1.Brunei Darussalam  6.Myanmar
2.Cambodia                 7.Philippines
3.Indonesia                 8.Singapore
4.laos                           9.Thailand
5.Malaysia                   10.VietNam
ထိုနိုင်ငံများနဲ့  ATIGA /AFTA ဆိုပြီးအကျိုးတူခံစားခွင့်ရမယ့် လွတ်လပ်တဲ့ ကုယ်သွယ်မှု့ဒေသဟုသတ်မှတ်ခဲ့ကြတယ်ဗျ။
တခြား အဖွဲတွေလည်းရှိသေးတယ်ဗျ ECONOMIC PERTANERSHIPS များဖြစ်တဲ့ နိုင်ငံတွေကိုလည်း FTA (Free trade Area) သတ်မှတ်ပေးသေးတယ်ဗျ
1. ASEAN Free Trade Area -#AFTA/ATIGA (FORM D)
2.ASEAN- China Free Trade Area-#ACFTA(FORM E)
3.ASEAN-Korea Free Trade Aera-  #AKFTA(FORM AK)
4.ASEAN-Japan Comprehensive Economic Cooperation - #AJCEP(FORM AJ)
5.ASEAN-Australia New Zealand Free Trade Area-#AANZFTA(FORM AANZ)
6.ASEAN -India Free Trade Aera- #AIFTA (FORM AI)ဆိုပြီး အသီးသီးခံစားခွင့်တင်နိုင်သော form များဖြစ်ပါသည်။

🤩🤩နောက်ဆုံးစိတ်ဝင်စားဖို့အကောင်းဆုံးကတော့ ခံစားခွင့်ရရန်ဆောင်ရန်ရှောင်ရန်များဖြစ်ပါတယ်ခင်ဗျ 

1.  Form E/D Deperture date နဲ့ Sign Approve date သည်ရှေ့နောက် (၃ ရက်) ပဲကွာရမယ်ဗျ ၃ ရက်ထက်ပိုပြီးကွာရင်တော့ အမှတ် ၁၃ Issue Retroactively တွက်အမှန်ခြစ် သိသာထင်ရှားစွာ ထည့်ပေးရမည်
2.  Form E/D အကွက် အမှတ် ၉ တွင် ဖော်ပြထားသော KG weight သည် B/L ပေါ်ရှိ Gross weight ဖြစ်ရမည်။
3.  Invoice  ပေါရှိစျေးသည် Form E/D ထက် 20% ဝန်းကျင်များရမည်ဟုသတ်မှတ်သည် ဘာလို့လဲဆိုတော့ FORM E/D သည် FOB စျေးဖြစ်၍ များတော့များနေရမည်။
4.  Insurance စျေးသည် invoice စျေးထက် အနည်းဆုံး 10% များရမည်။
5.  Form E ပေါရှိ အကွက်အမှတ် ၁၀ တွင်ဖေါ်ပြထားသော invoice number /date သည် လက်ရှိတင်ပြ invoice date နှင့်တူညီရမည်။
6.  Form E အကွက်အမှတ်  ၃ တွင်ဖေါ်ပြထားသော vessel number သည် BL ပေါရှိ vessel နှင့်တူညီရမည်။
7.Form E/D ပေါ်တွင်ဖေါ်ပြထားသော Expoter Name နဲ့ Consignee Name  သည် B/L ပေါ်ရှိ Exporter နှင့် Consignee Name တူညီရမည်။
8. Form E/D အကွက် အမှတ် ၇ တွင်ဖေါ်ပြထားသောပစ္စည်းအမျိုးစား HS code သည် Import licence ဖေါ်ပြ HS ပြီး invoice ပါကုန်ပစ္စည်း၏ အမှန် HS နဲ့တူညီရမည်။
9. Customs မှ Form E စစ်ဆေးချိန်တွင် Online Check ကြည့်၍ကိုက်ညီမှု့မရှိက ခံစားခွင့်မရနိုင်ပါ။

👏👏ကဲဗျာ ဒီအချက် 9 ချက်ကနော့ customs ကတရားဝင်ထုတ်ထားတဲ့ notification မဟုတ်ပါဘူးဗျ ကိုယ်တိုင်ကြုံတွေ့ရတာလေးကိုဆောင်ရန်ရှောင်ရန်အနေဖြင့်ရေးသားဖေါ်ပြခြင်းဖြစ်ပါတယ်ခင်ဗျ ဒီ 9ချက်လွတ်တဲ့ Formဆိုခံစားခွင့်သေချာပါ့မယ်ဗျ

ကျွန်နော်ရေးသားဖော်ပြထားသောတစ်ခြားကိစ္စရပ်များသည် ခံစားလို့အဆင်ပြေအောင်ဖော်ပြထားခြင်းဖြစ်ပါသည်Rule အရအမြင်မတော်တာ သိနေတာတွေလဲရှိပါသည် ထို့ကိစ္စရပ်များညှိလာရင်တော့ ထုတ်/သွင်း အကောက်ခွန်ညွှန်မှုးထံ ရေးသာတင်ပြပြီး ဆုံးဖြတ်ချက်တောင်းခံနိုင်ပါသည်ဟု ပြောရင်း  မိမိအမြင်ဖြင့်သာရေးသားဖော်ပြချက်ဖြစ်၍ အမှားပါရင်လည်း ေ ဝဖန်အကြံပြာနိုင်ပါကြောင်းပြောကြားလိုက်ရပါတယ်ဗျ အားလူံး good night.

                                                    လေးစားလျှက်
                                                     KO PYONE

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...