✍️✍️✍️မနေ့ကတော့ ကျွန်တော်တို့ INCOTERMS လေးတွေတင်ပြလိုပြီးခဲ့သည်မှာ ၆ ရက်ခွဲပြီး တင်ပြခဲ့ပြီဖြစ်ပါတယ်ခင်ဗျ။ဒီနေ့ ၇ ရက်မြောက်တဲ့နေ့မှာတော့ အလွန်ခေတ်စားနေတဲ့ CEPT (FTA ) အကြောင်းလေးလေ့လာထားသလောက် တင်ပြရေးသွားမှာဖြစ်ပါတယ်ခင်ဗျ သူငယ်ချင်းကုန်သည် တစ်ယောက်ကလဲ တောင်းဆိုထားတဲ့အတွက် Knowledge sharing ဖြစ်ပါတယ်ခင်ဗျ။
ကဲဗျာအပြောတွေနောက်ထားပြီး စလိုက်ကြရအောင်ဗျာ
👉ကျွန်တော်တို့ AFTA (asean free trade area ) ကိုထူထောင်ရန် Asean အဖွဲ့ဝင်နိုင်ငံအချင်းချင်း အကျိုးတူအခွင့်ရေးရရှိစေနိုင်မည့် အကောက်ခွန်လျှော့ပေါ့ရေး(Common Effective Prefertial Tariff -CEPT)ကိုအဓိက အသက်ဝင်အောင်ကြိုးစားခဲ့ကြသည်။
ပထမဆိုးအမိန်စာအမှတ် (၂၄၇/၉၇)(၁.၁.၁၉၉၈)
ဒုတိယအမိန့်စာအမှတ် (၁၁၁/၂၀၁၇)(၃၀.၁၁.၂၀၁၇)
တတိယအမိန်စြာအမှတ် (၂၁/၂၀၁၇)
ထိုသို့အမိန့်စာအမှတ်များအဆင့်ဆင့်ချုပ်ဆို၍ (ASEAN TRADE IN GOODS AGREEMENT - ATIGA) ကိ(Myanmar ATIGA Tariff Reduction Schedule ) ကိုရည်ညွှန်းစာအမိန်စာများနှင့်အကောင်ထည်ဖေါ်ခဲ့ပါသည်
👍ဒါတွေက knowledge ပဲအရေးမကြီးဘူး အရေးကြီးတာပဲပြောကြရအောင်ဗျာ
Association of Southeast Asian Nations 10 member states တွေကတော့ အားလုံးသိပြီးသားဖြစ်တဲ့
1.Brunei Darussalam 6.Myanmar
2.Cambodia 7.Philippines
3.Indonesia 8.Singapore
4.laos 9.Thailand
5.Malaysia 10.VietNam
ထိုနိုင်ငံများနဲ့ ATIGA /AFTA ဆိုပြီးအကျိုးတူခံစားခွင့်ရမယ့် လွတ်လပ်တဲ့ ကုယ်သွယ်မှု့ဒေသဟုသတ်မှတ်ခဲ့ကြတယ်ဗျ။
တခြား အဖွဲတွေလည်းရှိသေးတယ်ဗျ ECONOMIC PERTANERSHIPS များဖြစ်တဲ့ နိုင်ငံတွေကိုလည်း FTA (Free trade Area) သတ်မှတ်ပေးသေးတယ်ဗျ
1. ASEAN Free Trade Area -#AFTA/ATIGA (FORM D)
2.ASEAN- China Free Trade Area-#ACFTA(FORM E)
3.ASEAN-Korea Free Trade Aera- #AKFTA(FORM AK)
4.ASEAN-Japan Comprehensive Economic Cooperation - #AJCEP(FORM AJ)
5.ASEAN-Australia New Zealand Free Trade Area-#AANZFTA(FORM AANZ)
6.ASEAN -India Free Trade Aera- #AIFTA (FORM AI)ဆိုပြီး အသီးသီးခံစားခွင့်တင်နိုင်သော form များဖြစ်ပါသည်။
🤩🤩နောက်ဆုံးစိတ်ဝင်စားဖို့အကောင်းဆုံးကတော့ ခံစားခွင့်ရရန်ဆောင်ရန်ရှောင်ရန်များဖြစ်ပါတယ်ခင်ဗျ
1. Form E/D Deperture date နဲ့ Sign Approve date သည်ရှေ့နောက် (၃ ရက်) ပဲကွာရမယ်ဗျ ၃ ရက်ထက်ပိုပြီးကွာရင်တော့ အမှတ် ၁၃ Issue Retroactively တွက်အမှန်ခြစ် သိသာထင်ရှားစွာ ထည့်ပေးရမည်
2. Form E/D အကွက် အမှတ် ၉ တွင် ဖော်ပြထားသော KG weight သည် B/L ပေါ်ရှိ Gross weight ဖြစ်ရမည်။
3. Invoice ပေါရှိစျေးသည် Form E/D ထက် 20% ဝန်းကျင်များရမည်ဟုသတ်မှတ်သည် ဘာလို့လဲဆိုတော့ FORM E/D သည် FOB စျေးဖြစ်၍ များတော့များနေရမည်။
4. Insurance စျေးသည် invoice စျေးထက် အနည်းဆုံး 10% များရမည်။
5. Form E ပေါရှိ အကွက်အမှတ် ၁၀ တွင်ဖေါ်ပြထားသော invoice number /date သည် လက်ရှိတင်ပြ invoice date နှင့်တူညီရမည်။
6. Form E အကွက်အမှတ် ၃ တွင်ဖေါ်ပြထားသော vessel number သည် BL ပေါရှိ vessel နှင့်တူညီရမည်။
7.Form E/D ပေါ်တွင်ဖေါ်ပြထားသော Expoter Name နဲ့ Consignee Name သည် B/L ပေါ်ရှိ Exporter နှင့် Consignee Name တူညီရမည်။
8. Form E/D အကွက် အမှတ် ၇ တွင်ဖေါ်ပြထားသောပစ္စည်းအမျိုးစား HS code သည် Import licence ဖေါ်ပြ HS ပြီး invoice ပါကုန်ပစ္စည်း၏ အမှန် HS နဲ့တူညီရမည်။
9. Customs မှ Form E စစ်ဆေးချိန်တွင် Online Check ကြည့်၍ကိုက်ညီမှု့မရှိက ခံစားခွင့်မရနိုင်ပါ။
👏👏ကဲဗျာ ဒီအချက် 9 ချက်ကနော့ customs ကတရားဝင်ထုတ်ထားတဲ့ notification မဟုတ်ပါဘူးဗျ ကိုယ်တိုင်ကြုံတွေ့ရတာလေးကိုဆောင်ရန်ရှောင်ရန်အနေဖြင့်ရေးသားဖေါ်ပြခြင်းဖြစ်ပါတယ်ခင်ဗျ ဒီ 9ချက်လွတ်တဲ့ Formဆိုခံစားခွင့်သေချာပါ့မယ်ဗျ
ကျွန်နော်ရေးသားဖော်ပြထားသောတစ်ခြားကိစ္စရပ်များသည် ခံစားလို့အဆင်ပြေအောင်ဖော်ပြထားခြင်းဖြစ်ပါသည်Rule အရအမြင်မတော်တာ သိနေတာတွေလဲရှိပါသည် ထို့ကိစ္စရပ်များညှိလာရင်တော့ ထုတ်/သွင်း အကောက်ခွန်ညွှန်မှုးထံ ရေးသာတင်ပြပြီး ဆုံးဖြတ်ချက်တောင်းခံနိုင်ပါသည်ဟု ပြောရင်း မိမိအမြင်ဖြင့်သာရေးသားဖော်ပြချက်ဖြစ်၍ အမှားပါရင်လည်း ေ ဝဖန်အကြံပြာနိုင်ပါကြောင်းပြောကြားလိုက်ရပါတယ်ဗျ အားလူံး good night.
လေးစားလျှက်
KO PYONE

No comments:
Post a Comment