
🙋🙋🙋ကျွန်တော်ဒီနေ့နဲ့ဆိုရင် သိထားတာလေးတွေကို အခြေခံအားဖြင့် logistics လုပ်ငန်း စပြီးလုပ်ကိုင်မဲ့သူများအတွက်ရည်ရွယ်ပြီး ရေးသားတင်ပြလာတာဆိုရင် ၈ ရက်မြောက်နေ့ကိုရောက်လို့လာပါပြီဗျ။ထိုတင်ပြချက်များကို လက်ခံပြီးဆွေးနွေးပေးတဲ့သူငယ်ချင်းများ နှင့် အကြံပေးတဲ့သူငယ်ချင်းများကျေးဇူးပါဗျ။
ဒီနေ့တော့ဗျာ TRANSIST TRADE အကြောင်း အသေးစိတ်ကြီးမသွားပဲ knowledge sharing လောက်ပဲသွားကြရအောင်ဗျာ။
🤝🤝ကဲအလုပ်နဲ့သက်သေပြကြရအောင်ဗျာ
TRANSIST TRADE (ဖြတ်သန်းကုန်သွယ်ခြင်း)
👉Transist Trade ဆိုသည်မှာ ပြည်ပနိုင်ငံ တစ်ခုမှ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ သတ်မှတ်ထားသည့် သဘောင်္ဆိပ်ကမ်း၊ လေဆိပ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုမှ တင်သွင်း၍ မြန်မာနိုင်ငံကို ဖြတ်သန်းသယ်ယူပြီး တစ်ခြားနိုင်ငံ တစ်ခုသို့ သတ်မှတ်ထားသည့် သဘောင်္ဆိပ်ကမ်း၊ လေဆိပ်နှင့် နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုမှ တစ်ဆင့်ပြန်လည်တင်ပို့ရန်အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များမှ သယ်ယူပို့တောင်ခနှင့် ကော်မရှင်ခကို ရယူဆောင်ရွက် သည့်စနစ်ဖြစ်ပါသည်
👍မခက်ပါဘူးလွယ်လွယ်လေးပါ ထပ်ဆက်ရအောင်ဗျာ အခုပြောမှာကတော့ Transist Trade မှာကုန်သွယ်နိုင်တဲ့လမ်ကြောင်း ၇ ခုရှိတယ်ဗျ သူတို့ကတော့
1️⃣ တမူး-မုံရွာ-မန္တလေး-လားရှိုး-မူဆယ်-တရုတ်
2️⃣ရန်ကုန်-မန္တလေး-မုံရွာ-ကလေး-တမူး-အိန္ဒိယ
3️⃣ရန်ကုန်-မန္တလေး-လားရှိုး-မူဆည်-တရုတ်
4️⃣ရန်ကုန်-ဘားအံ့-မြဝတီ-ထိုင်း
5️⃣ထိုင်း-မြဝတီ-ဘာအံ့-ကျိုက်ထို-ပဲခူး-မန္တလေး-မုံရွာ- ကလေး-တမူး-အန္ဒိယ
6️⃣ထိုင်း-မြဝတီ-ဘားအံ့-ကျိုက်ထို-ပဲခူး-မန္တလေး-လားရှိုး-မူဆည်-တရုတ်
7️⃣ထိုင်း-မြဝတီ-ဘာအံ-မော်လမြိုင်-ထားဝယ်ရေနက်ဆိပ်ကမ်းကိုဖြတ်၍ ထိုင်းတတိယနိုင်ငံ
ဒီလမ်းကြောင်းများကတော့ နိုင်ငံတော်ကသတ်မှတ်ထားသောလမ်းကြောင်းတွေပေါ့ဗျာ နောက်မှ GMS Country တို့ ပိုးသားလမ်းမကြီယတို့ဘာညာ နောက် transist trade လုပ်နိုင်ဖို့ရေးဘာညာ တွေကတော့ အတည်ပြုပြီးလက်ခံပြီဆိုမှ ထပ်မံတင်ပြသွားပါမယ်ဗျ။
👉ယခု transist trade လုပ်နေသူများပြောကြားချက်အရ အမှန်တင်သွင်း တန်သွင်းတန်ဖိုးရဲ့ 5% ကိုဆောင်ရပြီး ကုန်သွယ်ရေး နှင့် အကောက်ခွန် ကို 2.5 % စီပေးဆောင်ရသည်ဟုသိရပါတယ်ဗျ transist trade များလည်းပေးနေသည်ဟုသိရပါတယ်ဗျ မသွားဘူးသော cargoများကိုလည်း ကုန်သွယ်ရေးထံ စာတင်၍ လျှောက်ထားနိုင်ကြောင်းလည်းသိရပါတယ်ဗျ။
ကဲအခုပြောနေတာတွေ တင်ပြရေးသားချက်တွေရှည်နေပြီဆိုတော့ လက်စသတ်ရင်းနဲ့ ကိုယ်သိထားတာဘေးတွေ တင်ပြထားတာဖြစ်၍ ဝေဖန်အကြံပြုနိုင်ကြောင်းပြောကြားရင်းနဲ့ ပဲ Good Night ဗျာ✌️✌️✌️✌️
လေးစားလျှက်
KO PYONE

No comments:
Post a Comment