ဒီနေ့တော့အချိန်လေးကျရောက်လာပြီဖြစ်တော့ INCOTERM ဘေး အပိုင်း (၅) လေးဆက်လိုက်ရအောင်ဗျာ။
INCOTERM 4 မျိုးကျန်တဲ့အထဲမှ ANY MODE OF TRANSPORT မှာ ကျန်နှစ်ခုကိုအရင်ပြောမယ်ဗျာ အားလုံးလည်းဖြည်းဖြည်းချင်းတူရာတူရာမှတ်တယ်ဆိုတော့နားလည်လောက်မယ်ထင်ပါတယ်ဗျ စာလိုမှတ်ရင်တော့အဆင်မပြေဘူးဗျ မျက်စိထဲပုံဖေါ်ကာ တွေားကြည့်ပြီးဖတ်လို့ရအောင်အရိုးရှင်းဆုံးပုံစံဖြင့် ထို့ကြောင့်တင်ပြထားခြင်းဖြစ်ပါသည်။
ကဲဗျာအလုပ်နဲ့သက်သေပြကြရအောင် အခုတင်ပြမှာကတော့ ကျွန်တော်တို့ FCA ပဲဖြစ်ပါတယ်ခင်ဗျ
#FCA - FREE CARRIER
👉FREE CARRIER (FCA) ဆိုသည်မှာ ရောင်းသူ (seller)မှာ ဝယ်သူ (buyer) ရဲ့ လိုလားချက်အတိုင်း ကားဂ်ိတ် ၊ လေဆိပ် ၊ ရထားဘူတာ (သတ်မှတ်ထားတဲနေရာ) ပေးပို့ရန် ရောင်းသူ (seller )မှတာဝန်ရှိပါသည်။ဝယ်သူသတ်မှတ်ထားသော နေရာသို့ ကုန်ပစ္စည်းသယ်ယူခကိုရောင်းသူ (seller) မှာတာဝန်ယူရမည်ဖြစ်ပြီး ကုန်ချနေရာ တွင် အကောက်ခွန်ရှင်းလင်းခ (customs clearance charges)၊သဘောင်္ခ (Freight charges)၊ကုန်ပစ္စည်း နောက်ဆုံးရောက်ရှိရာနေရာ သို့ သယ်ဆောင်ခ (transporation charges) တိုကို ဝယ်သူမှတာဝန်ယူ ကုန်ကျခံရမည်ဖြစ်သည်။FREE CARRIER (FCA)သည် သယ်ယူပို့ဆောင်ရေး နည်းလမ်းများတိုးတက်လာသည်နှင့်အမျှ Multimodel Transport များဖြစ်သော container စနစ်၊ Roll on /Roll off စနစ်များ ကြောင့် သုံးစွဲလာခြင်းဖြစ်ပါသည်။
👍FCA သည် FOB နဲ့အခြေခံအားဖြင့်တူသော်လည်း ကုန်ဝယ်သူသတ်မှတ်ပေးထားသော အမည်စာရင်းပေးထားသော စယ်ဆောင်သူ လက်သိုရောက် ပြီး သတ်မှတ်ထားသော နေရာ (Name Place)တွင်လွှဲအပ်ပြီးမှ ရောင်းသူတာဝန်ပြီးဆုံးသည်ဖြစ်ပါသည်။
ok နောက်လည်းကျနေပြီဆိုတော့နောက်ထပ်တစ်ခုဆက်လိုက်ုကရအောင်ဗျ ထပ်ပြီးဆက်မှာကတော့ DDP လေးပဲဖြစ်ပါတယ်ခင်ဗျ
#DDP - DELIVERED DUTY PAID
👉 DELIVERED DUTY PAID (DDP)ဆိုသည်မှာ ကုန်ရောင်းသူ (seller) အနေဖြင့် ကုန်ပစ္စည်းများအတွက်တာဝန်ယူ မှု့ အတိုင်းတာအများဆုံးသော incoterms တစ်ခုဖြစ်ပါသည်။ထိုစနစ်တွင် ကုန်ရောင်းသူသည် ကုန်ပစ္စည်းကို ကုန်ဝယ်သူသတ်မှတ်ထားသည့် ကုန်တင်သွင်းနိုင်ငံ ရှိသတ်မှတ်နေရာတစ်ခုသို့ ရောက်အောင် ပို့ပေးရမည်ဖြစ်ပြီး ရောက်သည်အထိ ကိစ္စအဝဝ ကို ကုန်ရောင်းသူ (seller)မှ တာဝန်ယူရမည်ဖြစ်ပါသည်။ ထိုတာဝန်များထဲတွင် တင်သွင်းနိုင်ငံအရောက် ပေးဆောင်ရမည့် အကောက်ခွန်နှင့် အခြားအခွန်ခများကို ကုန်ရောင်းသူ (seller ) မှပေးဆောင်ရမည်ဖြစ်ပါသည်။ထို DDP သည် ကုန်ပစ္စည်း လိုင်စင်အခက်ခဲရှိပါက တခြားသောကိစ္စရပ်များအဆင်မပြေပါက ကုန်ရောင်းစာချုပ်တွင် လက်ခံခြင်းမပြုပဲ တစ်ခြားစနစ်ဖြင့်ချုပ်ဆိုသင့်ပါသည်။
👍ကျွန်တော့အမြင်ပြောရရင်တော့ MIC ခွင့်ပြုမိန့်ဘာညာ ကင်းလွတ်ခွင့်ကြိုတင်ရပြီးသား နိုင်ငံတော် project စသောကိစ္စရပ်များမှလွဲ၍ အခြားသောပစ္စည်းများ DDP TERMS ဖြင့်တောအဆင်မပြေလောက်ဘူးထင်တယ်ဗျ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဌာနတွေများလွန်း ဌာနတစ်ခုနဲ့တစ်ခုစကားမပြော ကြားကAgent ခံနေသောအချိန်အတိုင်းတာတစ်ခုမကျော်လွန်မချင်း DDP terms နဲ့တင်သွင်းဖို့ RISK (90%)မြင်၍ ကျွန်တော့အမြင်ဖြင့် ဂရုစိုက်သေချာစွာ contract လုပ်ဖို့ အကြံပေးလိုက်ရပါတယ်ခင်ဗျာ
🤝ကဲဗျာ အချိန်သည်လူကိုမစောင့် ဆိုတဲ့စကားမှန်ကန်သည်ကိုထောက်ခံရမည်ဖြစ်သဖြင့်😉လက်စသတ်လိုက်ပါတော့မယ်ဗျ ယခုတင်ပြခြင်း ကိုယ်ပိုင် personal အမြင်ဖြင့်ရေးသားဖေါ်ပြလိုက်ရသည်ဖြစ်သဖြင့် အမှားပါရင်ဝေဖန်အကြံပေးနိုင်ပါကြောင်းပြောကြားရင်းနဲ့ အိပ်ရာဝင်တော့မယ်ဗျာ မနက်ကျ လည်း UMFCCI ပြခန်းမှာ booth ယူထားလို့သွားရမယ်ဆိုတော့ နှုတ်ဆက်လိုက်ရပါတယ်ဗျ good night🤩
လေးစားလျှက်
KO PYONE

No comments:
Post a Comment