Saturday, 21 September 2019

Incoterms အကြောင်းသိကောင်းစရာများ (အပိုင်း-၄)


ဒီနေ့တော့ ကျွန်တော်တို့ အပိုင်း ၄ ဆက်လိုက်ကြရအောင်ဗျာ ကျန်တဲ့ INCOTERMS လေးတွေ ကျွန်တော်အခုအပိုင်းပိုင်းခွဲနေရသောသဘောမှာ ယခုမှစလေ့လာသူတွေအတွက်ရည်ရွယ်ပြီး ကိုယ်လုပ်ကိုင်နေသော shipment မှာအများဆုံးပါတဲ့ INCOTERMS ပဲသိကြတဲ့ ဘော်ဒါတွေအတွက် နည်းနည်းချင်းမှတ်မိရလွယ်အောင်တူရာစုပေးနေတာဖြစ်ပါတယ်ဗျ ထို့ကြောင့်လည်းနားလည်မယ်ထင်ပါတယ်ဗျ။

ကဲ Any Mode Of Transport မှ DAT နဲ့ DAP ကိုဆက်လိုက်ကြရအောင်ဗျာ။

#DAT - DELIVERED AT TERMINAL

👉DAT တွင် ကုန်ရောင်းသူ (seller) သည် ကုန်ဝယ်သူနှင့် အမည်သတ်မှတ်ထားသော နေရာတွင် ကုန်ပစ္စည်းကို ရောင်းသူမှ ဝယ်သူကိုအပ်သောစနစ်ကိုဆိုလိုသည်။ကုန်ချစခန်း(Terminal)ဆိုရာတွင် အမိုးအကာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၊ ဆိပ်ခံတံတား၊သိုလှောင်ရုံ ၊ကုန်သေတ္တာလက်ခံသည့်နေရာ ၊မော်တော်ယာဉ်ဝင် ၊မီးရထားဝန်း သို့မဟုတ် လေကြောင်းပို့ကုန်လက်ခံစခန်း စသည့်နေရာများပါဝင်ပါသည်။ရောင်းသူ (seller) ကုန်ပစ္စည်းများသတ်မှတ်နေရာ တွင် ချသည့်အချိန်ထိ တာဝန်ယူပေးရပါသည်။

တစ်လက်စာတည်း DAP လေးဆက်ရအောင်ဗျာ

#DAP - DELIVERED AT PLACE

👉DAP တွင် ကုန်ရောင်းသူ (seller) နှင့် ကုန်ဝယ်သူ (buyer) တို့ သဘောတူထားသောနေရာတွင် ကုန်ပစ္စည်းချယူနိုင်ရန်အသင့် ထား၍လွှဲအပ်သည်ကိုဆိုလိုသည်။ကုန်ရောင်းသူ (seller) မှာ ကုန်ပစ္စည်းသတ်မှတ်ထားသည့်နေရာအရောက်ထိ တာဝန်ယူပေးရပါသည်။

အဲ့သလောက်ဆိုရင်တော့ DAT နှင့် DAP မှာ နားလည်ရလွယ်သည်ဖြစ်၍ အဆင်ပြေမယ်လို့ထင်ပါတယ်ဗျ။
ကျွန်နော်လည်း တင်ပြပေး ရှင်းပြပေးမည်ဟု အချို့ညီငယ်များကိုကတိပေးထား၍ ပင်ပန်းတဲ့ကြားကတင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျ။အမှားပါရင်လည်းဝေဖန်အကြံပြုနိုင်တဲ့အကြောင်းပြောရင်း အားလုံး GOOD NIGHT ဗျာ။

CEPT နဲ့ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်များမေးထားသောမိတ်ဆွေများကိုလည်း INCOTERMS လေးပြီးမှ ကြိုးစားတင်ပြပေးမည်ဖြစ်ကြောင်းလေးစားစွာမေတ္တာရပ်ခံအပ်ပါတယ်ဗျ။

                                                     လေးစားလျှက်
                                                      KO PYONE

1 comment:

Saw Bah Soh Ghay @ စောဘာဆိုဂေ said...

2010 DAT Incoterms နဲ့ 2020 DPU Incoterms ကွာခြားချက်ရှိရင်သိချင်ပါတယ်။ Knowledge Sharing အတွက်ကျေးဇူးတင်ပါတယ်။

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...