Friday, 20 September 2019

Incoterms အကြောင်းသိကောင်းစရာများ (အပိုင်း-၃)


ကဲဒီနေ့တော့သူငယ်ချင်းများအားလုံးကို အပိုင်း ၃ ဖြစ်တဲ့ INCOTERMS လေးဆက်ကြရအောင်ဗျာ ဘာပဲပြောပြော အရမ်းအသုံးများတဲ့ FOB /CIF/Ex Works ကိုသိပြီဆိုတော့နောက်ကျန်တဲ့ Incoterms လေးထဲကနှစ်ခုလောက်ဆက်ရအောင်ဗျာ။
ဒါနဲ့ကျွန်နော့်အားတောင်းဆိုထားတဲ့ CIP လေးကိုဖေါ်ပြရင်းနဲ့သူနဲ့ဆင်တူသော CPT လေးကိုအရင်ရှင်းပြပါရစေဗျ။

#CPT - CARRIAGE PAID TO

👉လက်ရှိကျွန်တော်တို့ CPT တွင် ရောင်းသူ (seller)ရဲ့တာဝန်မှာ ကုန်ဝယ်သူ (buyer)သတ်မှတ်ထားသည် ကုန်ချဆိပ်ကမ်းအရောက် transporation charges /Freight charges/Customs clearance charges ကိုပေးချေရန်တာဝန်ရှိပြီး ကုန်ရောင်းသူ(seller) တာဝန်အနေဖြင့် ကုန်ပစ္စည်းများကို ကုန်ဝယ်သူ (buyer)နှင့်သတ်မှတ်ထားသော နေရာတစ်ခု တွင် ကုန်ဝယ်သူ(buyer)အား ကုန်ပစ္စည်းလွှဲအပ်ပြီးပါက ကုန်ရောင်းသူ(seller) တာဝန်ပြီးဆုံးမည်ဖြစ်ပါသည်။ ထို CPT သည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများတိုးတက်လာသည်နှင့်အမျှ MULTI MODEL TRANSPORT စနစ်သုံးပြီး RISK ကို ပထမဆုံးသယ်ယူသည့် ယာဉ်မှ ကုန်ချဆိပ်ကမ်း သတ်မှတ်ထားသည့်နေရာရောက်သည်အထိ အဆင့်ဆင့်လွှဲပြောင်းသယ်ယူခြင်းကို တာဝန်ယူရမည်ဖြစ်ပါသည်။
👍အချုပ်အားဆိုသော် ကုန်ရောင်းသူ သည် ကုန်ဝယ်သူနှင့် သဘောတူသတ်မှတ်ထားသည်နေရာ လွှဲပြောင်းချိန်အထိ အာမခံကြေး (Insurance)မှလွဲ၍ အခြားသောကုန်ကျစရိတ်များတာဝန်ယူရမည်ဖြစ်သည်။

ကဲအဲ့တော့သူနဲ့ဆင်တူဖြစ်တဲ့မှတ်ရလွယ်တဲ့တစ်ခုဆက်ရအောင်ဗျာ

#CIP - CARRIAGE AND INSURANCE PAID TO

👉CIP သည် ကုန်ရောင်းသူ (seller)က CPT ကဲ့သို့ပင် ကုန်ဝယ်သူနှင့်သတ်မှတ်ထားသော နေရာသို့ ပေးပို့ရန်အတွက် transporation charges /Freight charges / Customs clearance charges ပေးဆောင်ရသည့်အပြင် ပို့ဆောင်နေစဉ်အတွင်း ပျက်စီဆုံရှုံးမှုအတွက် အာမခံစရိတ် (Insuarance cost) ကိုလည်း ကုန်ကျခံပေးရပါသည်။ထို့ကြောင့် ကုန်ရောင်းသူ (seller) ၏တာဝန်မှာ သတ်မှတ်ထားသည့်နေရာ ထိ အာမခံနှင့် အခြားသော ကုန်ကျစရိတ် ကျခံကာ ပထမသယ်ဆောင်မည့်သူ (First Carrier)သို့ ကုန်ပစ္စည်းရောက်ရှိလျှင် ကုန်ရောင်းသူ (seller)တာဝန်ပြီယဆုံပြီ ဖြစ်ပါသည် ။ #CIP မှာမည်သည့်သယ်ယူ ပို့ဆောင်မှု့စနစ် တွက်မဆိုအသုံးပြုနိုင်ပြီး အထူးသဖြင့် MULTIMODEL TRANSPORT တွင်ပိုမိုအဆင်ပြေသင့်တော်မည်ဟုယူဆရပါသည်ခင်ဗျာ။
 
တစ်ဆက်တည်း myanmar customs deparment တွင် valuation သတ်မှတ်ရာတွင်လည်း CIF TERMS နဲ့ညှိမှာဖြစ်၍ #CPT တွင် ကုန်သည်စီက INSURANCE နှင့် သတ်မှတ်ထားသည့်နေရာမှ ကုန်ဝယ်သူ ဂိုထောင်အရောက် transporation charges များတောင်းမည်ဖြစ်သည်။
#CIP တွင် ကုန်ဝယ်သူတင်ပြသော INVOICE နှင့် SALE CONTRACT သေချာစစ်၍ သတ်မှတ်နေရာမှ ကုန်ဝယ်သူ ဂိုထောင်ထိ transporation charges တွေတောင်းမည်ဟုယူဆရပါသည်။ လက်ရှိအနေဖြင့် မည့်သည့်နေရာတွင် ပစ္စည်းလွှဲပြောင်းမည်ဆိုတာလည်းကွာခြားအုန်းမည်ဖြစ်သည့်အတွက် ယူဆချက်ကိုတင်ပြလိုက်ရပါသည်။

အဲ့ဒီတော့ ဒီနေ့တင်ပြရှင်းပြချက်နဲ့ဆိုလျှင် INCOTERMS 5 ခုပြီးဆုံးပြီဖြစ်ပါသည် အားလုံးနားလည်အောင်အခြေခံအသုံနှုန်းများနှင့်တင်ပြထားသည့်အတွက်နားလည်မည်ဟုယူဆရပါတယ်ခင်ဗျ ယခုတင်ပြချက်များသည် ကျွန်နော်နားလည်သလိုရေးသာတင်ပြထားသည့်အတွက် အမှားပါလျှင်ခွင့်လွတ်ပြီး ဝေဖန်အကြံပြုနိုင်ပါတယ်ခင်ဗျ ။နောက်ကျန်ရှိသော INCOTERM 6 ခုကိုအားရင်အားသလို တင်ပြရှင်းလင်းပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ကြရအောင်ဗျာနော်။အရင်သိချင်တဲ့ INCOTERMS များရှိရင် commet တွင်ရေသားတောင်းဆိုနိုင်ပါတယ်ခင်ဗျ။

မေးမြန်းသောစကားများကိုချက်ချက်ပြန်မဖြေပေးနိုင်ရင်းလည်းခွင့်လွတ်ပါအားတဲ့အချိန်ကြိုးစားဖြေကြားပေးမယ်ပြောရင်း Good night ဗျာ အားလုံး🤝🤝🤝🤝

                                                   လေးစားလျှက်
                                                     KO PYONE

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...