Thursday, 19 September 2019

Incoterms အကြောင်း သိကောင်းစရာ (အပိုင်း-၂)



မနေ့က ကျွန်တော် တို့ INCOTERMS ရဲ့ နောက်ကြောင်းအနည်းငယ်နဲ့ TERMS 11 ခုဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။
နောက် အများဆုံးအသုံးပြုတဲ့ FOB (free on board)ကိုလည်းကျွန်တော်တို့ အခြေခံ seller /buyer ရဲ့တာဝန်ယူမှု့တာဝန်ခံမှု့ကိုနားလည်မယ်ထင်ပါတယ်ဗျ စပြီးလေ့လာသူများအတွက်ရည်ရွယ်ရေးသားထားတဲ့အတွက်ပါဗျ။

ကဲဗျာအဲ့တော့ဒီနေ့ အသုံးအများဆုံး incoterms ထဲက

 #CIF  - COST INSURANCE AND FREIGHT

  👉 CIF ရဲ့သဘောတရားမှာ ကုန်ရောင်းသူတာဝန်မှာ သူတင်ပို့မည့်ပစ္စည်းကုန်စည်အား (FOB) နည်းတူ သဘောင်္လက်ရမ်း သဘောင်္ပေါ်အရောက်တင်ပို့ပြီးပါက ကုန်ရောင်းသူ (seller) ၏တာဝန်ကျေပြီဖြစ်သော်လည်း သဘောင်္ကုန်ကျစရိတ် (freight) နှင့် တင်ပို့ကုန်စည် ပစ္စည်းအတွက် အာမခံ (insurance) ကို port of discharging တစ်ဖက်ဆိပ်ကမ်းရောက်သည်အထိ ကုန်ကျစရိတ်များကို ကုန်ရောင်းသူ (seller)မှ ကုန်ကျခံ တာဝန်ယူရမည့် တာဝန်ယူမှု့တာဝန်ခံမှု့ရှိပါသည်။

တစ်ဆက်တည်း myanmar customs တွင် clearance လုပ်လျှင်လည်း seller ဘက်ကကျသင့်သောကုန်ကျစရိတ်များအား ပေးခဲ့ရတာဖြစ်လို့ ထို shipment များတွင် invoice CIF စျေးကိုလက်ခံ၍ INSURANCE CERTIFICATE ကိုတောင်း၍သေချာစစ်ဆေး၍ CIF စျေးဖြင့်ပေးပါသည်ခင်ဗျာ ထို့ကြောင့် CIF TERMS ဖြင့်မှန်ကန်စွာသွင်းလာသော buyerbများမှာ ကိုယ်တိုင်လုပ်ထားသော sale contract များမဟုတ်ပဲ အမှန်ကန် sale cotract များတင်ပြ၍ မှန်ကန်သောစျေးနှုန်းဖြင့်ခံစားနိုင်ကြပါစေဗျာ။

ဒီနေ့တော့ CIF ကမှတ်ရလွယ်လို့ နောက် INCOTERMS တစ်ခုဆက်ရအောင်ဗျာ သူကတော့

#EXW - EX WORKS

👉 Ex Works ဆိုသည်မှာ ကုန်ရောင်းသူ (seller) တွင် အပေါ်က FOB/ CIF တို့လိုတာဝန်ခံမှု့မများတော့ပဲ အနည်းဆုံးဖြစ်ပါသည်။ကုန်ဝယ်သူ (Buyer)မှ ကုန်ပစ္စည်းကို ကုန်ရောင်းသူ(seller) ၏လုပ်ငန်းဌာနေ စက်ရုံ(factory)/သိုလှောင်ရုံ (warehouse) မှစ၍ ကုန်ပစ္စည်းလွှဲပြောင်းရယူပြီး ကုန်ကျစရိတ်များက်ု ကုန်ဝယ်သူဘက်မှ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သယ်ဆောင်ရသောကြောင့်ဖြစ်သည် ။ကုန်ဝယ်သူ (buyer)နှင့် ကုန်ရောင်းသူ (seller) ကြားတွင် ကုန်ပစ္စည်းတန်ဖိုးတစ်ခုသာ contract ရှိမည်ဖြစ်ပါသည်။

ထို့ကြောင့် myanmar customs တွင် CIF ဖြစ်အောင်ပြရမည်ဖြစ်သည့်အတွက် Ex works terms shipment အား တစ်ဖက်နိုင်ငံစက်ရုံမှ တင်ပို့မည့်ဆိပ်ကမ်း သိုသွားမည့် (1)transporation charges (2) Ship Freight charges
(3)Insurance charges ထိုအချက်များအပြင်ကုန်ကျခဲ့သော ကုန်ကျစရိတ်များကိုတောင်းပြီး valuation deparment မှ စျေးနှုန်းသတ်မှတ်ပေးတာဖြစ်ပါတယ်ခင်ဗျာ။
ok နားလည်တယ်လိုထင်ပါတယ်ခင်ဗျ ကျွန်တော်တင်ပြဖေါ်ပြရေးသားခြင်းသည်ကိုယ်နားလည်သလိုရေးထားတာဖြစ်လို့အမှားပါရင်လည်းဝေဖန်အကြံပြုနိုင်ပါကြောင်းပြောရင်းနဲ့ မနက်ဖြန်အားခဲ့လျှင် ကျန်သော INCOTERMS 8 မျိုးထဲမှ မည့်သည်ကိုဖေါ်ပြမယ်ဆိုတာကိုစောင့်မျှော်ကြရအောင်ဗျာ။

Ps.သိချင်လို့မေးမြန်းချက်များကို အချိန်မှိမဖြေနိုင်လို့စိတ်မဆိုးပါနဲ့ဗျ အားရင်အားသလိုဖြေပေးပါမယ်ဗျ။

                                                    လေးစားလျှက်
                                                    KO PYONE

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...