🙏🏻🙏🏻 အပိုင်း(၁၇)
🙋🏻♂️🙋🏻♂️ဟုတ်ကဲ့ ကျွန်တော် မအားလို့ logistics knowledge လေးများ မရှဲ တော့ဘူးလားလို့မေးတဲ့ ကိုယ့်ဆရာ ကိုယ့်အမများ နှင့် အခြားသော မိဘပြည်သူများ ပျော်ရွှင်သော သီတင်းကျွတ် အခါသမယ ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ဗျ ကျွန်တော် မြဝတီသွား ပြည်ထောင်စုဝန်ကြီးအစီးအဝေး သွားပြန်လာ အလုပ်တွေပိနေတာရယ် ခရီးပန်းလို့နေမကောင်းတာရယ်ကြောင့်မရေးဖြစ်တာပါဗျ ကဲပါ ဒါတွေနောက်ထား အလုပ်နဲ့ သက်သေပြရအောင်ဗျာ။
#IICBTA(Initial Implementation of a Cross-border Transport Agreement )
👉ကျွန်တော်တို့ မြန်မာ နှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံ IICBTA MOU ကို ထိုးထားပြီး ထိုင်းမှ မြန်မာ မြန်မာ မှ ထိုင်း နယ်စပ်ဖျက်ကျော်ပို့ဆောင်မှု့ လုပ်ငန်း များအဆင်ပြေချောမွေ့စေရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည် ။ယခုအခါ မြန်မာဘက်မှ ကားအစီး (၁၀၀) နှင့် ထိုင်းဘက်မှ အစီး (၁၀၀) သတ်မှတ်ထားပြီး မြန်မာကားများအနေဖြင့် ထိုင်းနိုင်ငံမှ ဆိပ်ကမ်းများအထိဝင်ရောက်နိုင်မည် ဖြစ်ပြီး ထိုင်းကားများမှ ရန်ကုန် SEZ / Dryport သို့ သယ်ယူပို့ဆောင်ပြီး မှ ထို SEZ သို့ DRYPORT တွင် customs အစစ်ဆေးခံရမည်ဟုလည်းကြားသိထားရပါသည်။
👉ထိုသတ်မှတ်ကား အစီ (၁၀၀) မှာလည်း ကုန်လမ်းပို့ဆောင်ရေးမှ သီးသန့် Cross Border Operator Licence ဆိုပြီး လျှောက်ထားရသည်ဟုလည်းသိရပါသည် ထို့သို့လျှောက်ထားပြီးလိုင်စင်ရထားသောကားများသာ နယ်စပ်ဖြတ်ကျော်လို့ရပမည်ဟုလည်းသိရပါသည်။
👉ထိုသို့ ကားများ နယ်စပ်ဖြတ်ကျော် အဆင်ပြေပြေကုန်သွယ်မှု့ ပြုရန်အတွက် အမှတ် (၂) မြဝတီ ချစ်ကြည်ရေးတံတား ရှိ BCF( Border Control Facility) ကိုလည်း ထိုင်းဘက်မှ ဘက်သန်းပေါင်း ၃၉၇ သန်းခန့် အကုန်ကျခံကာ ကုန်သွယ်မှု့အရှိန် သုံးဆမြင့်တက်ရေးကိုရည်ရွယ်၍ အကုန်ကျခံထားကြောင်းသိရပါသည်။
👉ထို့ BCF တွင် ဌာနပေါင်းစုံ ရုံးခန်းများက်ုလည်းတွေရှိခဲ့ရပါသည် customs မှ လည်း Cross Border ဖြတ်ကျော်ကားများကို seal ဖြင့်ခက်၍ VCCS (vehicle Cargo Checking System ) စနစ် မှတ်တမ်းတင် ပြီး check point ဖြစ်တဲ့ ကုန်သွယ်ရေးဇုံ OSS တွင် ဖွင့်ဖောက်စစ်ဆေးမည်မဟုတ်ပဲ မှတ်တမ်းဖြည့်သွင်းခြင်း ၊ Weight Record ယူခြင်း ယ်ာဉ်ထွက်စာရင်းဖြည့်ခြင်းပြုလုပ်၍ နှောင့်နှေးကြန့်ကြာမှု့မရှိအောင် ကုန်သွယ်ရေးဇုံ ခရီးသည်တင်ယာဉ် (မှန်လုံ)စစ်ဆေးသည်လမ်းမှ ဦးစားပေး လုပ်ဆောင်သွားပြီး VCCS မှသတ်မှတ်ထားသော ရန်ကုန် အမှတ် (၂) လမ်းမှ SEZ သို့ DRYPORT သို့ တောက်လျှောက်သယ်ယူရမည်ဟု သိရပါသည်။
👉ကျွန်တော်တို့ တက်ရောက်ဖြစ်ခဲ့သော (၅.၁၀.၂၀၁၉)ပြည်ထောင်စုဝန်ကြီးအစီးအဝေးတွင် ဖွင့်ပွဲဖွင့်မည်ရက် (၃၀.၁၀.၂၀၁၉)တွင် DRYRUN အနေဖြင့်ကုန်မပါသော လိုင်စင်ရကားများ ထိုင်းနိုင်ငံ သတ်မှတ် port များ အထိ driver practice နှင့် ယာဉ်ပိုင်ရှင်များစမ်းသပ်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးမှသဘောတူညီခဲ့ပါသည်။
🤝🤝🤝ok ဒီလောက်ဆိုရင်တော့ General Knowledge အဖြစ် ဘာတွေလုပ်နေကြတာလဲမဖြစ်အောင်သိသွားကြပြီလို့ထင်ပါတယ် ကျွန်တော်ကတော့ အားပေးတယ်ဗျာ IICBTA ကြီးအောင်မြင်ရင် logistics cost တွေကျလာမယ် window time တွေလျှော့လာမယ် မြန်မြန်ဆန်ဆန် ကုန်တွေဖြန့်ဖြူးလာနိုင်မယ် driver တွေစည်းကမ်းတွေရှိလာမယ် ဟိုးပဝေနသီက လုပ်စားနေတဲ့ ကားအစုတ်ကြီး တွေလည်းတစ်ဖြည်းဖြည်းပပျောက်လာမယ် လို့ကျွန်တော့ထင်မြင်ချက်လေးအားတင်ပြရင်း အားလုံး Good Night ဗျာ🙏🏻🙏🏻🙏🏻🙏🏻🎈🎈🎈🎈
လေးစားလျှက်
KO PYONE

No comments:
Post a Comment