Thursday, 17 October 2019

DG CARGO ရဲ့ MARKING အကြောင်းဆွေးနွေးရအောင်


🙏🏻🙏🏻

🙋🏻‍♂️🙋🏻‍♂️ကဲ ကိုယ့်ဆရာကိုယ့်အမ တို့ သီတင်းကျွတ်ပိတ်ရက်မှာ ပျော်ရွှင်ကြမယ်လို့လဲထင်သလို ခရီးသွားပျော်ရွှင်တာတွေတော့ မြင်ရလို့ ဝမ်းသာပါတယ်ဗျ ကျွန်တော်တို့ logistics knowledge sharing နဲ့ စပ်မိစပ်ရာ လေးတင်ပြတာဆိုရင်ဖြင့် (၁၉) ရက်မြောက်ဖြစ်ပါတယ်ဗျ ဒီနေ့တော့ ကျွန်တော်တို့ logistics နှင့်ဆိုင်တဲ့ DG CARGO ရဲ့ MARKING တံဆိပ်ကပ်နှိပ်ခြင်းကိုမျှဝေသွားပါ့မယ်ဗျ။

#DangerousGoods (Marking)

👉အခုဖေါ်ပြမှာကတော့ ကျွန်တော်တို့ လက်ရှိအမြဲမြင်တွေ့နေရတဲ့ DG Cargo သယ်ဆောင်လာသောယာဉ်များ ပြီး container Marking နှင့် Tank Marking တို့ဖြစ်ပါတယ်ဗျ။ 

#Vehicle Marking

👉DG CARGO သယ်ဆောင်လာသောယာဉ်၏ ရှေ့နှင့်နောက် တွင် ပြောင်အလွတ် လိမ္မော်ရောင်သတ္ထုပြားအချပ် ပါရှိရမည် ထို လိမ္မာ်ရောင် သတ္ထုပြားသည်
40 CM X 40 CM X 30 CM ရှိရမည်ဖြစ်ပြီး အနက်ရောင် ဘေးအနားသားအထူသည် 15 MM ရှိရမည်ဖြစ်သည်။
ယာဉ်ငယ်များတွင်လည်း 30 CM X 30 CM X 12 CM ရှိရမည်ဖြစ်ပြီး အနက်ရောင်ဘေးသားအထူ မှာ 10 MM ရှိရမည် ဖြစ်ပါသည်။နောက်တွဲယာဉ်နှင့်သယ်ဆောင်ရင်လဲ နောက်တွဲပါတပ်ဆင်ရမည်။

#Container Marking

👉ယာဉ်ပေါ်တွင် DG Cargo ၏ ကုန်ပစ္စည်းအလိုက် အမျိုးအစားနှင့် သက်ဆိုင်သောအမှတ်တံဆိပ် Label သို့ Placard ကို container ရှေ့နောက်ဘေး ကပ်ရမည် ထို Placard  သည် ၄၅ ဒီဂရီ  လေးထောင့်(စိန်ပုံသဏ္ဍန်/ မှန်ကူကွက်)ဖြစ်ရမည် ။ အနည်းဆုံးအတိုင်းအတာသည် 250 MM X 250 MM ဖြစ်ရမည်။ မှန်ကူကွက် ပုံအနားကွတ်မျဉ်းသည် Placard အနားသားနှင့် မျဉ်းပြိုင်ရှိရမည်ဖြစ်ပြီး  12.5 MM အကွာတွင်ရှိရမည်ဖြစ်သည် placard ပါ သယ်ဆောင်မည့် ကုန်ပစ္စည်း သတ်မှတ်ချက်နံပါတ် (Class/ Division No.)ကို အမှတ်တံဆိပ် label တွင်ပါရှိသည့်အတိုင်း တပ်ဆင်ရမည်ဖြစ်ပြီး  ကိန်းဂဏန်း၏အရွယ်အစားမှာ အနည်းဆုံး 25 MM ရှိရမည်။
ကျွန်တော်တို့ Numbered Orange Plate  တွင်လည်း 40 CM X 30CM  ဖြစ်၍ အနက်ရောင်ဘေးအနားသားအကျယ်မှာ 15 MM ရှိရမည်ဖြစ်ပြီး သတ္ထုပြားချပ်၏ အလယ်တွင် အနက်ရောင်ရေပြင်ညီမျဉ်းသည်လည်း 15 MM ရှိရမည်ဖြစ်သည် ထိုမျဉ်းအပေါ်တွင် အန္တရယ်ရှိအမှတ်သားပြနံပါတ်နှင့် အောက်တွင် UN number ဖေါ်ပြရမည် ထိုံနံပါတ် များသည် အနံ 100MM စာလုံးအထူ 15 MM ရှိရမည်ဖြစ်ပါသည်။

😄😄ကျွန်တော်အခုရေးသားဖေါ်ပြချက်များသည် တကယ့် Dangerous Cargo များသယ်ယူပို့ဆောင်နေသော Company များကိုရည်ညွှန်းရေးသားခြင်းဖြစ်လို့ အခုမှလေ့လာသူအဖို့ အတော်အဆင်မပြေရှုပ်ထွေးနေပါလိမ့်မယ်ဗျ လက်ရှိကျွန်တ်ေ တို့နိုင်ငံတိုးတက်ပြောင်းလံရန်အဓိကစိတ်ဓာတ်အရင်ပြင်ကြရမယ်ထင်တယ်ဗျ ဒီနိုင်ငံမှာ အခုအရေးယူတာမရှိဘူးဆိုလျှင် ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တွေမလိုက်နာတာတွေကိုတွေရှိနေရတယ်ဗျ လမ်းပေါ်သွားနေကြတဲ့ DG သယ်တဲ့ကား တွေတသ်ချို့ကဘာမှကိုမပါတာ ပါတဲ့ကားတွေကျတော့လည်း တစ်လွဲတွေတွေ့မြင်နေရတဲ့အတွက်ကျွန်တော်ရေးသားတင်ပြရခြင်းဖြစ်ပါတယ်ဗျ။

💁🏻‍♂️💁🏻‍♂️ကျွန်တော်ရေးသားတင်ပြချက်များသည် နိုင်ငံတော်တရားဝင် ထုတ်ထားတဲ့ ကုန်းလမ်း ပို့ဆောင်ရေး အမိန့်စာထဲကထုတ်နုတ်ဖေါ်ပြချက်ပါ ကျွန်တော်အမြင်တော့ company ကြီးတွေဆိုတော့ မသိတာတော့မဟုတ် မသိချင်ယောင်ဆောင်တာလိုပဲမြင်တယ်ဗျ ထားပါ နောက် DG Cargo သယ်မဲ့ logistics သမားများလဲဒီလိုတွေရှိပါလားဆိုတဲ့စိတ်နဲ့ အားလုံးနားလည်အောင်ဝေမျှရင်းနဲ့ ပြည်သူပြည်သားများ Dangerous Caro Marking လေးတွေကြည့်ရင်း အသက်အန္တရယ်မှရှောင်ရှားနိုင်ပါစေလို့ဆုတောင်းလိုက်ရပါတယ်ဗျ။

🤝🤝ဘာမှန်းမသိလို့အလုံးစုံလေ့လာချင်သူများအတွက်ကိုတော့ ကျွန်တော့်ရဲ့ comment မှာ Email လေးတွေ မန့်ထားပေးခဲ့ကြပါ ကျွန်တ်ော မနက်ဖြန် ညအားတဲ့အချိန် ကုန်းလမ်ပို့ဆောင်ရေးမှထုတ်ထားတဲ့ DG TRANSPORT နဲ့ပတ်သတ် ထုတ်ထားတဲ့ ပံုလေးတွေတွဲရက်ပါတဲ့ Notification လေးတွေ mail လွတ်ပေးပါ့မယ် ဟုပြောရင်း ဒီနေ့တော့ GOOD NIGHT ဗျာ 🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻

                                             လေးစားလျှက်
                                              KO PYONE

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...