Wednesday, 23 October 2019

တက်ရောက်ခဲ့သော CEPT ပွဲ



💁🏻‍♂️💁🏻‍♂️ဟုတ်ကဲ့ ကျွန်တော်တို့ ယနေ့ကျင်းပပြုလုပ်ခဲ့တဲ့ UMFCCI CEPT ပွဲတွင် ကိုယ့်ဆရာ ကိုယ့်အမိ များအားလုံးတက်ရောက် ပြီးအရေးပါတဲ့မေးခွန်းလေးတွေနဲ့ ဖြေ တစ်ချို့အရာများလည်း ပြန်လည်စီစစ်ပေးပါ့မည်ဟု အကောက်ခွန်မှ သေချာ ပြောကြားသွားတာကိုတွေ့ရှိရပါတယ်ဗျ တစ်ကယ်တမ်းတော့ အားသိပ်မရဘူးပေါ့နော် ဒါပေမယ့် ကိုယ်တိုင်ထမေးစရာမလိုပဲ တက်ရောက်သူများမေးတာနဲ့ပဲ အတော်ပြည့်စုံနေတာကို ကျွန်တော်တို့တွေ့ရမှာဖြစ်ပြီး အရင်က ဆွေးနွေးပွဲတွေထက်စာရင်တော့ ကျွန်တော် အတိုင်းတာတစ်ခုထိ ရှေ့ရောက်လာတယ်လို့တော့လက်ခံရမယ်ဗျ ထုတ်/သွင်း ညွှန်မှူး ကိုယ်တိုင်အရာအားလုံးသေချာလေ့လာပြီး တစ်ချက်ချင်းရှင်းသွားတာကိုလည်းတွေ့ရလို့ လေးစာစွာ ဖြင့် စာရေးခြင်းနဲ့ ပဲဂုဏ်ပြုလိုက်ရပါတယ်ဗျ

👉ကျွန်တော် ရဲ့ မအားလို့လာမတက်လိုက်ရတဲ့ မိတ်ဆွေအပေါင်းသင်းများနှင့် နယ်မှ ကိုယ်ဆရာ ကိုယ့်အမိများအားလုံးအတွက် လက်အညောင်းခံ ရိုက်ထားသော live များလည်းအောက်တွင် link ချပေးလိုက်ပါ့မယ်ဗျ။

🤝🤝အားလုံးအကောင်းကြီးတော့ မဟုတ်ပဲ အခက်ခဲ ရာခိုင်နှုန်း တော်တော်များများတော့ သိလိုက်ရတယ်ပေါ့နော် ဒါပေမယ့် ကျွန်တော်ထပ်ပြီး အကောက်ခွန် ဌာနကိုလိပ်မူပြီးပဲ တောင်းဆိုပါရစေ ကျွန်တ်ောတို့ ပြသနာမျိုးစုံနဲ့ Form D/E/AK စသဖြင့် လျှောက်လို့ ခံစားခွင့်ရပြီးချိန်တွင် Selectively အတိုင်းမသွားရပဲ RED ချပြီးဖိုင်တိုင်းစစ်ဆေးရပါသည် ထို့ကြောင့် အချိန်ကုန် ေ ငွကုန် ဆိပ်ကမ်းတွင် container တွေပုံ ပြီးတော့ ဆိပ်ကမ်းကလူတွေအတွက် ပြန်တက်ရင်ခံစားခွင့်မသေချာတဲ့အတွက် အဆင်ပြေအောင်ညှိုနှိုင်း တာနဲ့ပဲ အလုပ်ဖြစ်ထားပါ ကျွန်တော် အစည်းဝေးတိုင်းမှာ အကောက်ခွန်ဌာန နဲ့တွေ့ရင် မေးဖြစ်ပါတယ် အချိန်အတိုင်းတာတစ်ခု တော့စစ်ဆေးရအုန်းမှာပဲလို့ပြောပါတယ် ကျွန်တော် အများကြီးမတောင်းဆိုဘူးဗျာ ကျွန်တော်တို့ ကုန်သည်အတော်များများက Iteam တစ်ကြောင်း ထဲနဲ့ company စထောင်လာကတည်း ကစျေးကွက်မှာရပ်တည်လာတဲ့ ကုန်သည်တွေဆိုရင် အချိန်အတိုင်းတာတစ်ခုထိကြည့် ပြီးရင် Selectivety အတိုင်းသွားခိုင်းသင့်တယ်တော့ထင်တယ်ဗျ အဲ့ဒါမှလဲ အဆင်ပြေမယ်ထင်တယ်ဗျ အဘက်ဘက်က Item များလို့ဆိုရင်ကျွန်တော်တို့လက်ခံပါတယ် ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုတ်ခဲ့တာမှန်ပင်မယ့် ဝါးလုံးရှည်နဲ့ သိမ်းကြုံးရမ်းပြီး နှစ်နဲ့ချီတော့ မပုတ်ခိုင်းကြပါနဲ့ဗျာဟုတင်ပြလိုက်ရပါတယ်ဗျ။
                                လေးစားလျှက်
                               Ko Pyone

Link ရှဲပေးလိုက်ပါတယ်ဗျ

1 Q&A 
https://m.facebook.com/ko.pyone.79069323/videos/604162467056843/

2 CEPT Knowledge
https://m.facebook.com/ko.pyone.79069323/videos/604102810396142/

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...