🙋🏻♂️🙋🏻♂️အားလုံး ကိုယ့်ဆရာ ကိုယ့်အမတို့မင်္ဂလာပါဗျ
Logistics Knowledge နဲ့ စပ်မိစပ်ရာ knowledge လေးတွေမရေးရတာကြာပြီဖြစ်လို့ ဒီနေ့တော့ အမေးများနေသော အကြောင်းရာလေး ရေးသားဖေါ်ပြပေးပါ့မယ်ဗျ။
👨💻👨💻30.10.2019 တွင်ဖွင့်သွားတဲ့ မြဝတီ ချစ်ကြည်ရေး
တံတား ၂ အကြောင်းလေးပြောကြရအောင်ဗျာ 😁😁
ကျွန်တော် လည်း တံတား ၂ ဖွင့်ပွဲ သွားရောက်ဖြစ်ခဲ့ပြီး ကျွနိတော် မထင်မှတ်တဲ့ကိစ္စတစ်ခုကြောင့် ကျွန်တော့် company RG ကားပုံကြီးနဲ့ ရေပန်းစားသွားခဲ့တဲ့အကြောင်းလေးပါပြောကြတာပေါ့ဗျာ 😃😃😃
👉အဖြစ်ပျက်ကဒီလိုဗျ ..........
ကျွန်တော်တို့ 30.10.2019 မှာဖွင့်ပွဲလုပ်မယ်ဆိုတော့ တံတား ၂ မှာ ညာဘက်ခြမ်း မဏ္ဍပ်ကြီးထိုးထားတယ်ဗျ အဲ့တော့ ကျွန်တော်တို့ dry run သွားမယ့် ကားသုံးစီး company 3 ခုပေါ့ဗျာ မြဝတီ တံတား ၁ ကနေ မနက် ၅ နာရီမှာ တံတား ၁ မှ မဲဆောက်ထဲဝင် ပြီးတော့ မဲဆောက် တံတား ၂ ရဲ့ မဲဆောက် BCF မှာ ကားထားပေါ့ တံတားပေါ်မှ ဝန်ကြီးများ ဖွင့်ပွဲ ဖဲကြိုးဖြတ် ပြီး မဲဆောက်တစ်ဖက်ကမ်းမှ မြန်မာ dry run 3 စီးနဲ့ ထိုင်း dry run 3 စီး စုစုပေါင်း ခြောက်စီးပေါဗျာ ဝင်လာမယ် မှတ်တမ်းတင်ဓာတ်ပုံရိုက်မယ် ပြီးမှ Thai ကား ၃ စီး ကမြန်မာ BCF ထဲကိုဝင် ပြီး တံတား ၁ ကပြန်ထွက်ပေါ့ ကျွန်တော် တို့ မြန်မာ ကား ၃ စီးကတော့ မြန်မာ BCF မှာ စာရင်းသွင်းပြီး တံတား ၂ ကနေပဲ TAK အထိ သွားကြမယ်ဗျ အစီစဉ်က ဒီလိုပေါ့ဗျာ
👉အဲ့တော့ ကျွန်တော်တို့ ကား ထိုင်းကား BCF ထဲကို ၆ စီး ဝင်ကြတာပေါ့ဗျာ ထိုင်းက ကားတွေက container နဲ့တစ်စီး ကျန်တာရိုးရိုးတွဲပေါ့ ပြီး ကျွန်တော်တို့ မြန်မားက container 2 စီး ရိုးရိုး ကုန်သည်ယာဉ် UD ကားက ၁ စီးပေါ့ဗျာ အဲ့ဒီမှာ ကျွန်တော့RG ကားကို ကျွန်တော်ကစမ်းသပ်ချင်ရျ် သူများတွဲထက်မြင့်သော ယိုးဒယား တွဲပေါ့ကို container HQ တင်ရျ် စမ်းသပ်လာခဲ့ပါသည် ထိုအချိန်တွင် ကျွန်တော်တို့ ကားမှာ BCF ယာဉ်စစ်ကွင်းသို့ ဝင်ရာ ဂိတ်တွင် အမိုး တွင်ကပ်ရျ် CCTV CAMERA မှာ အမိုးတွင် တွဲလောင်းချ တစ်ပေ ခန့်အောက်ကို တွဲလောင်းစွဲထားတာကိုတွေ့ရှိရပါသည် တခြားကားလွတ်သော်လည်း ကျွန်တော့ကားမှာ ထိုင်းတွဲ Ctn HQ ဖြစ်ရျ် ၁၅ ပေ အမြင့်ရှိရျ် မျက်နှာကျပ် မှာ ၁၆ ပေစွန်းစွန်းသာရှိရျ် camera ၁ ပေအောက်ချထားသဖြင့် မလွတ်နိုင်ရျ် တာဝန်ရှိသူများကို ကျွန်တော်ကိုယ်တိုင်ပြောရျ် ဖြုတ်ခိုင်းလိုက်ရပါသည် camera ဖြုတ်လိုက်သောအခဲ တစ်ပေ ၃ လက်မ လောက်လွတ်သွားပါသည်။အဖြစ်ပျက်ကတော့ဒီလိုဗျ။
#အမိုးနဲ့တိုက်မိခြင်းမဟုတ်ပါဗျ
#ထို့ကောင့်ကားတွေပိတ်တယ်ဆိုတာလည်းမဟုတ်ရပါ အဲ့နေ့က မြန်မာကား ၃စီး ထိုင်းကား ၃ စီး ပေါင်း ၆စီးတည်းပါဗျ။
👍ကျွန်တော်ယခုတင်ပြချက်သည် ကိုယ်တိုင်ဖြစ်လို့ဖေါ်ပြတာရယ် ပြီး မဟုတ်မမှန်တဲ့စကားတွေနဲ့မြင်ရာတွေမပြောကြဖို့ရယ် အမှန်တိုင်းပြောကြပြီး လိုအက်ချက်များကိုပုတ်ခက်တဲ့စကားမဟုတ်ပဲ ညှိနှိုင်းမှု့သက်သက် Real issue လေးတွေပြောကြရအောင်ဗျာ။
🕵️♂️🕵️♂️ကျွန်တော်အမြင်ပြောမယ်ဗျာ
1️⃣BCF နဲ့ တံတား ၂ ကို Thai ဘက်မှအားလုံးအကုန်ကျခံသွားတာဟာဖြင့် မယုံနိုင်စရာပါ သို့ရာတွင် ကျွန်တော်တို့ ဘက်ကဘာမှရဖို့မရှိလျှင်သူတို့မရင်းပါထို့ကြောင့် ကျွန်တော်တို့ ဘက် ဌာနဆိုင်ရာများက လုပ်ပေးသမျှကို ခေါင်းညိမ့်၍ အားနာသောသဘောဖြင့် လက်မခံသင့်ပါ ကိုယ့်ဘက်နှင့် ဆိုင်သောကိစ္စရပ်တွေက်ို ကိုယ်သာလျှင်အသိဆုံးဖြစ်၍ ဌာနဆိုင်ရာအသီးသီးညှိနှိုင်းသင့်သည်ဟု ကျွန်တော်ထင်ပါသည် ကျွန်တော်တို့ တံတား ၂ ဖွင့်ပွဲ ကို Thai ဘက်မှ အကုန်ဦးဆောင်သွားတာကိုကျွန်တော်တွေ့ရပါသည် ။
2️⃣ထို့သို့ Thai ဘက်မှဦးဆောင်သည့်အတွက် ကျွန်တော်တို့နိုင်ငံအတွက် အားစိုက်ပြီး လုပ်ရန်အချိန်တွေပိုမည်ဟုကျွန်တော် ထင်ခဲ့ပါသည် သိုသော် ကျွန်တော်တို့ နိုင်ငံတွင် များစွာသော အဖွဲ့စည်း နှင့် များစွာသောဌာန များမှ ဌာနဆိုင်ရာတစ်ခုနှင့်တစ်ခုမဆိုနှင့် ဌာနတစ်ခုတည်း အထက်နဲ့အောက်တောင် link မရှိပါ ကျွန်တော်တို့ company များအတော်ဒုက္ခရောက်ခဲ့ပါသည်။မည့်သူကို ဆရာတင်ရမယ်မှန်မသိဖြစ်ခဲ့ရပါသည်။
ဥပမာ:ကျွန်တော်တို့ ကား ၃ စီး တံတား ၁ ကားသွား ထိုင်း တံတား ၂ BCF သွားရာ ကျွန်တော်တို့ဘက်မှ အောက်ကတာဝန်ရှိသူများမသိပါ နောက်ပြီး မဲဆောက် စစ်ဆေးရေးဂိတ်တွင်တာဝန်ပေးထားသော အဖွဲ့စည်လာကြိုမယ်ပြောပြီး လုံးဝတစ်ယောက်မှမတွေပါ အဲ့တော့ ထိုင်:ရဲရစ်၍ မနက် ၆ နာရီကျော်မှ ကျွန်တော်တို့ company များမှ ကြိုးစား ထိုင်းစကားနားလည်သူများနှင့်သွားရောက်ကြိုးစား ဖုန်းတွေလိုက်ပတ်ဆက် မှသာ မနက် ၆ နာရီမှ pass ဖြစ်ပါသည်။ ထိုင်းဘက်တံတား ၂ ရောက်တော့ ထိုင်းဘက်မှတာဝန်ရှိသူများမှအားလုံးတာဝန်ယူပေးပါသည်။ ကျွန်တော်တို့နိုင်ငံရဲ့ များလွန်းသော ဌာနတွေရယ် အပေါ်အောက်စကားမပြောခြင်းတွေရယ် များပြားလွန်းတဲ့ အဖွဲ့စည်းတွေကြောင့်လို့တော့ကျွန်တော်ထင်ပါတယ် တကယ့်ကိုယ်တွေ့ဖြစ်ပျက်တဲ့အဖြစ်ပျက်ပါ။ ဒါကိုအထက်မှ လူများသိရျ် ပွဲတစ်ပွဲလုပ်မည်ဆိုလျှင် project ဖွဲ့ တာဝန်ပေးသင့်သည်လို့မြင်တယ်ဗျ ကျွန်တော် ဥပမာ အနေဖြင့် ပြောတာပါ ပြသနာတွေကတော့အများကြီးဗျ BCF အကြောင်းပြောမယ်ဗျာ
3️⃣ကျွန်တော်တို့ BCF အဝင် Gate တွင် ၁၆ ပေထက် မြင့်သော GC ကုန်ဆိုလျှင် ဝင်၍မရပါ ထို့ထက်မြင့်သင့်တယ်ဟုမြင်ပါသည်။
4️⃣BCF Import စစ်ဆေးသောနေရာတွင် ဘောင်ထိုးသောနေရာနှင့် Export စစ်ဆေးဘောင်ထိုးသောနေရာတွင်လဲ အမိုးမှာ အမြင့်ပေ ၁၅ ပေကျော်ကျော်သာရှိပါသည် ထို့ကြောင့်အဆင်မပြေနိုင်ပါ။
ယခုအခြေနေတွင် 31.10.2019 မှစရျ် တံတား ၂. မှဝင်ထွက်၍ ယနေ့ အချိန်အထိ VCCS system မကျင့်သုံးသေး၍ Manual သာသွားကြောင်းသိရှိရပါသည်။
🤝🤝ယခုရေးသားတင်ပြချက်များသည် ကိုယ့်တွေ့ကြုံတွေ့ခဲ့၍ ကောင်းသောအမြင်ဖြင့် ပြုပြင်ပြောင်းလဲစေရန်ရည်ရွယ်၍ ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။
👌မနက်ဖြန်ကျ VCCS အကြောင်းပြောကြမယ်ဗျာနော်။
လေးစားလျှက်
KO PYONE

No comments:
Post a Comment