ကျွန်တော် ဒီနေ့တော့နေမကောင်းလို့တစ်နေကုန်အိပ်နေတာပါဗျ ညနေပိုင်းမှထပြီး မနေ့က ကတိပေးထားတဲ့ VCCS အကြောင်းလေး နားလည်သလောက်ပြောပြပြီးလိုအပ်ချက်လေးတွေကိုအမြင်အတိုင်း ပြောပြဖို့ ကျွန်တ်ေနေမကောင်းတဲ့ကြားက ရေးသားတင်ပြလိုက်ရပါတယ်ဗျ ။
👨💻👨💻လက်ရှိ VCCS ကိုဘာမှန်းမသိသေးသူတွေအတွက်ကျွန်တော်သိသလောက် ရှင်းပြပေးပါ့မယ်ဗျ။
👉#VCCS ဆိုသည်မှာ Vehicle & Cargo Checking System ဖြစ်ပါတယ်ဗျ ကျွန်တော်တို့ မြဝတီ နယ်စပ်ဖြစ်တဲ့ ကုန်သွယ်မှု့ ဂိတ်ပေါက်ဖြစ်တဲ့ ယခု 30.Oct.2019 တွင်ဖွင့်လှစ်လိုက်ပြီးဖြစ်တဲ့ ချစ်ကြည်ရေး မြဝတီ တံတား ၂ နှင့် ထိုင်းမှ လွှဲပြောင်းပေးအပ်ခဲ့တဲ့ BCF တွင်သုံးရန် Myanmar Customs နှင့် KMD တို့ပူပေါင်းရေးဆွဲထားသော system ဖြစ်ပါတယ်ဗျ။
🖥🖥လုပ်ဆောင်ရမည်ပုံစံကတော့ဗျာ ကျွန်တော် တို့ တံတား ၂ ကဝင်လာပြီးဆိုလျှင် BCF အဝင်မှာကတည်းက VCCS system ထဲစာရင်းသွင်းရမယ်ဗျ sorry vccs system သွင်းမယ်ဆိုလျှင် ကျွန်တ်ေတို့ ပစ္စည်းလက်ခံမယ့် Warehouse code ရထားပြီးသားဖြစ်ရမယ် ထို warehouse ကလည်း ကုန်သွယ်ရေးဇုန်အတွင်းရှိရပါမည်ဗျ အဲ့တော့ ကျွန်တ်ေတို BCF ကို ထိုင်း ကားဝင်လျှင် VCCS system တွင် company IE တို့ Warehouse code တို့ ပစ္စည်းအမျိုးစားတို့ quantity တို့ဖြည့်သွင်းပြီး BCF တွင်စာရင်းသွင်း အမြင်စစ်ဆေးပြီး ကြေညာထားသော Warehouse ကို ပစ္စည်းသွားချရမည် ဖြစ်ပါတယ်ဗျ အဲ့တော့မှ location code ရထားသည့် Warehouse က သူတို့ မြင်တဲ့ အတိုင်း ပစ္စည်းအရေအတွက် ကိုစစ်ဆေးပြီး VCCS system ထဲဝင်ရျ် aprrove လုပ်ပေးရမှာဖြစ်ပါတယ်ဗျ နောက် ပစ္စည်း ပြန်ထွက်ရန် မြန်မာကားချိန်း Warehouse တွင် ကုန်တင်ပြီး စစ်ဆေးခံရန် ကုန်သွယ်ရေးဇုန်သို့ သွားရာတွင် လက်ရှိ တင်သွင်းလာစဉ်ကြေညာထားသော company IE သို့မဟုတ် code နံပါတ်တစ်ခုခုဖြင့်ပြန်လည်ခေါ်၍ ဇုန်အတွင်း စစ်ဆေးပေးမည့် customs Agent မှ HS များမှန်ကန်အောင်သေချာဖြေ၍ VCCS တွင် ကုန်ပစည်း Balance ဖြတ်ရမည်ဖြစ်သည် အဲ့တော့မှ customs ရဲ့ aprroved စာရွက် ရမှ ဇုန်အပြင်ကိုထွက်ခွါခွင့်ပြုမည်ဖြစ်သည်။
💡💡process flow ကတော့အဲ့လိုဗျ 😬😬ရှုပ်သွားကြပြီလား မှန်ပါတယ် မြဝတီ Agent အတော်များများ အလုပ်ကိုင်ပြောင်းဖို့စဉ်းစားနေကြပါပြီ😁😁😁 ကျွန်တော်ကြားခဲ့ရတာပါ ကျွန်တ်ေတို့ကသာ ASEAN DOING BUSINESS RANKING ဘယ်လောက်တက်ရမယ် logistics version မြင့်ဖို့လိုပြီး systematic အားလုံးဖြစ်ရမယ်ဘာညာပေါ့ ဒါပေမယ့် သူတို့ခင်ဗျာမှာလည်းသနားစရာဗျာ ဒါပေမယ့် တကယ့်ကောင်းတဲ့ နိုင်ငံတော်တိုးတက်မယ့် ကိုယ့်အတွက်လည်း save ဖြစ်မဲ့ system မျိုးသာဆိုလူတိုင်း အားပေးကြမှာပါ အနည်းစုတော့ ကန်လန့်ဖြစ်မပေါ့ ထုံးစံမို့ထားပါ ။
👨💻👨💻ကျွန်တော်တို့ကတော့လူငယ်မို့လားမသိ system ဆိုအားပေးတယ်ဗျ သို့သော် ဝန်ထုတ်ဝန်ပိုးတော့မဖြစ်စေနဲ့ပေါ့ဗျာ ဝန်ထုတ်ဝန်ပိုးဖြစရင် system လိုမခေါ်ဘူး နိုင်ငံတော်အနေထားပြည်သူအနေနဲ့ပြောရရင် စားပေါက်ဖြစ်မှာအရမ်းသိုးရိမ်မိတယ် ။ကျွန်တော်တို့ ယခု VCCS လုပ်မယ်ဆိုရင် ရှိထားပြီးသား MACCS ရယ် နယ်စပ်ကုန်သွယ်ရေးအတွက် Form ရယ် VCCS ရယ်ဆိုရင် သုံးမျိုးစလုံးစုံမှ ကားထွက်ခွင့်ရတော့မှာဖြစ်တဲ့အတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်ရလေအောင်သေချာ customized လုပ်ပေးသင့်ပါတယ်ဗျ အခုယခု VCCS နဲ့ပါတ်သက်လို့ ကျွန်တော့အမြင်ရယ် ပတ်ဝန်ကျင်က ကြားသောစကားများတင်ပြပါ့မယ်ဗျ ညှိနှိုင်းရမဲ့ issue လေးတွေဆိုရင်ပိုမှန်မယ်ဗျ။
🕵️♂️🕵️♂️🕵️♂️🕵️♂️🕵️♂️🕵️♂️🕵️♂️🕵️♂️
1️⃣ကျွန်တော်တို့ ကုန်ပစ္စည်း ဝင်လာပြီဆိုလျှင် လက်ရှိ ဂိုထောင်ကနေ နယ်ကိုမဆင်းပဲ မြို့အတွင်းရောင်းလိုက်တဲ့ပစ္စည်းအပေါ် Warehouse တွင် balance ပေါနေလျှင်ဘယ်လိုအရေးယူးမလဲ အရေးယူမှုရှိမရှိ system မှာရောဘယ်လိုလုပ်မလဲပေါ့။
2️⃣တစ်ချို့ကုန်သည်တွေက Agent နဲ့ပဲလွှဲထားတယ် ဝင်လာပစ္စည်း VCCS တွင်စာရင်းစသွင်းချိန်တွင် company တစ်ခု ဇုန်တွင် စစ်ပြီး duty ဆောင်မည့်အချိန်တွင် အမှန်company တစ်ခု ဆိုတာကိုဘယ်လို system တွင်ပြောင်းပေးနိုင်မလဲ အရေးယူမှုရှိမရှိ။
3️⃣နောက်တော့ ကျွန်တ်ေတို့တံတားတင်သွင်းထားတဲ့ company မတူပစ္စည်းကို ကျွန်တော်တို့ကုန်သည်များက တခြား company နာမည်ဖြင့် ကားတစ်စီးထဲပေါင်းပြီး consolidation cargo ဖြင့်ပေါင်းစပ်သွားမယ်ဆိုရင်ကော system ကလုပ်နိုင်မလုပ်နိုင်။
4️⃣နောက်ဆုံးဗျာ ကျွန်တော်တို့ Declearance တင်တဲ့ MACCS နဲ့ချိတ်လို့ရမယ်ဆိုရင်ကျွန်တော်တို့ပိုအဆင်ပြေလိမ့်မယ်ပေါ့နော် ဒါပေမယ့်ဒီနှစ်ခုက မတူဘူးဆိုတော့မရနိုင်မှန်းသိတယ်ဗျ ဒါမှမဟုတ် Japan နဲ့ညှိပြီး VCCS system ဆွဲမယ်ဆိုလျှင်ကော 😄😄 ကျွန်တော် ကိုယ့်လူတွေအတွက် စိတ်ကူးယဉ် ပြီးပြောကြည့်တာပါဗျ။
💡💡ပြောတာလည်းရှည်သွားပြီဆိုတော့ အချုပ်ပြောရရင် နိုင်ငံတိုးတက်ဖို့ဆိုတာ logistics တို့တက်ဖို့ကအလွန်အရေးပါသော အခန်း ကဏ္ဍ တစ်ခုပါဝင်တာမို့ systematic ဖြစ်စေချင်တာ လူငယ်အားလုံးရဲ့အိမ်မက်ပါဒါကြောင့် ဟိုမရောက်ဒီမရောက် system လိုလို Manual လိုလို ပေးရတဲ့နေရာပိုမသွားအောင်ဆုတောင်းပေးရင်း နယ်စပ်က ကုန်သွယ်လုပ်ငန်းရှင် နှင့် Agent များအဆင်ပြေချောမွေ့ကြပါစေလို့ကျွန်တော်စဆုတောင်းပေးလိုက်ရပါတယ်ဗျ။FIGHTING💪💪💪💪
လေးစားလျှက်
KO PYONE

No comments:
Post a Comment