Saturday, 7 December 2019

Drawback အကြောင်း တီးခေါက်မိ သမျှ

ဟုတ်ကဲ့ ကျွန်တော့် ကိုယ့်ဆရာ ကိုယ့်အမိများအားလုံးမင်္ဂလာပါခင်ဗျ ကျွန်တော် TA/TI လေးကို အားလုံး နားလည်မယ်လိုထင်ပါတယ်ဗျ အထူးသဖြင့် လက်ရှိ ထိုစနစ်ဖြင့် လုပ်မည်ဖြစ်၍ တောင်းဆိုသော ကိုယ့်ဆရာများနားလည်မယ်လို့ထင်ပါတယ်ဗျ အဲ့မှာ ကျွန်တော် ထိုစနစ်လိုပဲ အကောက်ခွန်မှ သတ်မှတ်ထားသော စနစ်တစ်ခုအကြောင်းလေးပြောပေးပါ့မယ်ဗျ အဲ့စနစ်ကတော့ DRAWBACK ပဲဖြစ်ပါတယ်ဗျ ဒီစနစ်ကကုန်တင်သွင်းသောမည်သူအတွက်အရေးပါလဲ ဗဟုသုတအနေနဲ့ လေ့လာကြရအောင်ဗျာ။
👨‍🏫ဘာလဲဗျDRAWBACK (ပြန်လျှော့အကောက်ခွန်)❓❓
✍️ဟုတ်ကဲ့ DrawBack ဆိုသည်မှာ TI/TA မဟုတ်သော တင်သွင်းခြင်းဖြစ်ပြီး လုပ်ငန်းသဘာဝ လိုအပ်ချက် အလျှောက် ပြည်တွင်း၌ အသုံးပြုရန် ယာဉ်/စက်ကိရိယာ နှင့် ပစ္စည်းများကို ပြန်ပမှယာယီ တင်သွင်းခွင့် ပြုသည်စနစ်ကိုပြောတာပါဗျ ရှင်းပါတယ်😀😀
❓❓ကဲထားပါ ဘာကိုဘယ်လိုလျှော့တာလဲ အဲ့ဒါအဓိကသိချင်တာ 😁😁😁❓❓
🤣🤣ဟုတ်ကဲ့ ကျွန်တော်တို့ တင်သွင်းလာသော ကုန်ပစ္စည်း ကျသင့်အကောက်ခွန် အပြည့်အဝ ကောက်ခံပြီး သတ်မှတ်ချက်များနှင့်အညီ ပြန်လည်တင်ပို့ရာတွင် ပင်လည်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၄၂ နှင့်အညီ ကျသင့်သောအကောက်ခွန်၏ ၈ ပုံ ၇ ပုံ ကိုပြန်အမ်းပေးရန် သတ်မှတ်ထားပါတယ်ဗျ မဆိုးဘူးနော်😀
❓❓မဆိုးဘူး😁😁ပြန်ပို့ရင်ကောဘယ်လိုပုံစံနဲ့ပြန်ပို့ရမလဲ သတ်တမ်းကရော ဘယ်လောက်လဲ ❓❓
💡💡ဟုတ်ကဲ့ ပြန်ပို့ရင်တော့မူလ တင်ပြလျှောက်ထားခဲ့သောပုံစံ မူလတင်သွင်းခဲ့သောပုံစံ အတိုင်းဖြစ်ရမယ်ဗျ နောက်ပြီး သတ်တမ်းကတော့ 2 နှစ်ခွင့်ပြုထားတယ်ဗျ သတ်တမ်းသတ်မှတ်တာက ကုန်ပစ္စည်း DrawBack စနစ်နဲ့စတင်ဝင်ရောက်တဲ့နေ့ပေါ့ဗျာ လွယ်ပါတယ်မှတ်ရတာ ဒါပေမယ့် ၂ နှစ်နည်းလား ရသေးတယ် ဗျ ခိုင်လုံသော လူကြီးမင်း၏အကြောင်းပြချက်ကောင်းခဲ့လျှင် Customs DG က 1 နှစ်ထပ်တိုးပေးတယ်တဲ့ဗျ ။
❓❓ဟုတ်ပါပြီ အဲ့တော့ ပစ္စည်းတင်ပို့ပြီး ဘယ်ချိန် Refund ပြန်ရမလဲ❓❓
💡💡ဟုတ်ကဲ့ Refund က ပစ္စည်း တင်ပို့ပြီး 6 လအတွင်းပြန်တောင်းနိုင်သည် 6 လကျော်ပြီးလာလျှောက်သူများကိုတော့ လျှောက်ထားခွင့်ပေးတော့မည်မဟုတ်ပါ သတိထားပါ။
❓❓ဆောင်ရန်ရှောင်ရန်တွေကကော❓❓
💡💡ဟုတ်ကဲ့
1️⃣တင်သွင်းပစ္စည်း မတင်သွင်းမှီအကောက်ခွန်သို့ Drawback စနစ်အသုံးပြမည့်ခွင့်ပြုချက်တင်ရမည်။
2️⃣ပြန်ပိုမည်ဆိုလျှင်လည်း မပို့မှီ တစ်လအလို လျှောက်ထားနိုင်သည်။
3️⃣တင်သွင်းပစ္စည်းတင်ပို့ပစ္စည် တစ်သွေမတိန်းကိုက်ညီမှန်ကန်မှု့ရှိရမည်။
4️⃣တင်သွင်းခွင့်မရှိသောပစ္စည်းများ
✔️အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၈ /၁၉ ကန့်သတ်ကုန်များ
✔️သုံး၍ကုန်သွားသောပစ္စည်းများ
✔️ဥပဒေအရ အခွန်ကင်းလွတ်ခွင့်ပစ္စည်းများ
✔️ကာလကြာရှည်စွာ အခိုင်အမာ တပ်ဆင်တည်ဆောက်အသုံးပြမယ့်ပစ္စည်းများ
✔️တစ်ဆင့်ပြန်လည်ရောင်းချမည့် ပစ္စည်းများ
🤝🤝ဟုတ်ကဲ့အဲ့လောက်ဆိုတော့သဘောပေါက်လောက်ပြီထင်ပါတယ်ဗျ လက်ရှိ ပြန်လျှော့အကောက်ခွန် (DrawBack) ကို ဘဏ္ဍာရေးဝန်ကြီးဌာန အမိန်ကြော်ငြာစာအမှတ် ၃၇/၂၀၁၆ ပြဌာန်းအတည်ပြုသောစနစ်လို့ပြောကြားရင်း ကိုယ်တင်သွင်းမည့်ကုန်ပစ္စည်းဘယ်လိုနည်းနဲ့သွင်းမလဲဆိုတဲ့ ဗဟုသုတများရကြပါစေ။
#Share ခြင်းအားဖြင့်အသိပညာကုသိုလ်ရကြပါစေ။
လေးစားလျှက်🙏🏻🙏🏻
Ko Pyone

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...