Sunday, 1 December 2019

Temporary Admissions အကြောင်းပြောကြရ‌အောင်



ဟုတ်ကဲ့ ကိုယ့်ဆရာ ကိုယိ့အမိတို့ အားလုံးမင်္ဂလာပါဗျ ကျွန်တော် ကိုယ့်ဆရာ ကိုယ့်အမ သူငယ်ချင်းများ ကျွန်တော် လက်မထောင်ပေးပါဆိုတဲ့ post မှာ စိတ်အားထက်သန်စွာ comment ရေးခဲ့ပေးတဲ့သူငယ်ချင်းအားလုံးကျေးဇူးပါဗျ ကျွန်တော်လည်းမျှဝေရကျိုးနပ်ပါတယ်ဗျ ကျွန်တော့်ရဲ့ကိုယ့်ဆရာ ကိုယ့်အမိများလဲ ကျွန်တော် မျှဝေထားသော Knowledge လက်တွေ့အသုံးချနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ကဲဗျာ အလုပ်နဲ့သက်သေပြကြရအောင်👌👌👌
👨‍💻👨‍💻ကျွန်တော်ရှင်းပြမဲ့အကြောင်းအရာကတော့ က်ိုယ့်ဆရာတို့ကိုပြောထားတဲ့ ယာရီတင်သွင်းခြင်း(Temporary Admission )လို့ခေါ်တဲ့ TA တစ်ချို့ကတော့ Temporary importation (TI) လို့ခေါ်ကြပါတယ်ဗျ။
👨‍🏫👨‍🏫 TEMPORARY ADMISSION (TA/TI)
✔️TI ဆိုသည်မှာ သတ်မှတ်ကာလအတွင်း ပြန်လည်တင်ပို့ရန်စီစဉ်ထားရှိသော ပစ္စည်းများအား (အာမခံစပေါ်ငွေ) ထား၍အကောက်ခွန် နှင့်အခြားအခွန်အခများ အားလုံးကိုလည်းကောင်း တစ်စိတ်တစ်ဒေသကို လည်းကောင်းကင်းလွတ်ခွင့်ပေး၍ အကောက်ခွန်နယ်မြေထဲသို့ တင်သွင်းခြင်းကို ဆိုလိုတာပါဗျ ။
❓❓အာမခံစပေါ်ငွေဘယ်လောက်ထားရမလဲ❓❓
✔️ဟုတ်ကဲ့ အကောက်ခွန်က ယာရီတင်သွင်းခွင့်ပြုသောပစ္စည်းများအတွက် ပစ္စည်း၏ ကျသင့်သော အကောက်ခွန် (CD) ထက်မပိုသော ငွေပမာဏ ကိုအာမခံစပေါ်ငွေအဖြစ် အကောက်ခွန်ဦးစီးဌာနကိုသွင်းရပါမည်။
❓❓ဘယ်ကာလအပိုင်းခြားခွင့်ပြုမလဲဗျ❓❓
✔️ဟုတ်ကဲ့ ကျွန်တော်တို့ အကောက်ခွန်ကသတ်မှတ်ခွင့်ပြုထားသော ပစ္စည်းများကို ကာလအပိုင်းခြားက
1️⃣ 3 Months
2️⃣ 6 Months
2️⃣ 12 Months ခွင့်ပြုထားပါတယ်ဗျ။
❓❓ကဲဟုတ်ပါပြီ ဘယ်ပစ္စည်းအမျိုးစားကို ဘယ်လအပိုင်းခြားပေးတာလဲဗျ❓❓
✔️ 3 Months Permit Cargo
👨‍🏫Exhibitions /Fairs/ Meeting/Similar Events
👨‍🏫Container/Pallets/Packing/Samples & Other goods.
✔️ 6 Months Permit Cargo
👨‍🏫Equipment For the press
👨‍🏫Sound Broadcasting Equipment
👨‍🏫Television Broadcasting Equipment
👨‍🏫Live Animals
👨‍🏫Knowledge Sharing Equipment
✔️ 12 Months Permit Cargo
👨‍🏫Means Of Transport(Airplane/Ship)
👨‍🏫စီးပွါးရေးလုပ်ငန်းရှင်၊အတိုင်ပင်ခံပုဂ္ဂိုလ်များနှင့် ထုတ်လုပ်သူ ဆိုင်ရာကျွမ်းကျင်သူများ ၊စာရင်းကိုင်များနှင့်အဖွဲ့ဝင်များ ၊ပညာရှင်များ၊ ဆရာဝန်များ ၊ အလားတူကျွမ်းကျင်ပညာရှင်များ၏ Professional Equipment များ ။
👨‍🏫တည်ဆောက်ရေး ၊စမ်းသပ်ရေး ၊စက်ကိရိယာများပြင်ဆင် ထိန်းချုပ် ထိန်းသိမ်းမှု့တို့အတွက် လိုအပ်သည့်က်ရိယာများ။
❓❓ဆောင်ရန်ရှောင်ရန်တွေကရောဗျ❓❓
1️⃣ထိုစနစ်မှတင်သွင်းပစ္စည်းကိုလက်ဆင့်ကမ်းဌားရမ်းခြင်းမပြုရ။
2️⃣ထိုစနစ်မှ သတ်မှတ်ကာလအတွင်း အခြားစနစ်ပြောင်းခြင်လျှင် ကျသင့်သောအခွန်အခအားလုံးပေးဆောင်ရမည်။
3️⃣သတ်မှတ်ချိန်အတွင်းပြန်မပို့လျှင် အာမခံစပေါ်ငွေသိမ်းမည် ထို့အပြင် ကျန်သောအခွန်အခများထပ်မံပေးသွင်းရမည်။
4️⃣တင်သွင်းပစ္စည်းပြန်လည်တင်ပို့ချိန်တွင်မူလတင်သွင်းထားသောပစ္စည်းအတိုင်းဖြစ်ရမယ်။
💡💡ဟုတ်ကဲ့ဗျ ကျွန်တော်တို့ယခုပြောနေသော TI/TA ကို ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြေညာစာအမှတ် (၃၆/၂၀၁၆)တွင်ခွင့်ပြုထားပြီး စည်းကမ်းချက်များမလိုက်နာပါက ပုဒ်မ (၁၆၇(၁)) အရအရေးယူဆောင်ရွက်မည်ဟုကြေညာထားပါသည်ဗျ ။
🤝🤝ဟုတ်ကဲ့အခုလောက်ဆိုနားလည်မယ်ထင်ပါတယ်ဗျ အများကြီးရှိတဲ့အထဲမှ နားလည်လွယ်အောင်ထုတ်နုတ် ရှင်းပြလိုက်ရပါတယ်ဗျ အားလုံးပဲအသိပညာဗဟုသုတများတိုးပွါးပြီး Logistics ပိုင်ဆိုင်ရာမှာ အခြားနိုင်ငံနည်းတူတိုးတက်စေရန် အရွေ့ကိုရောက်ဖို့ တူပူးပေါင်းတွန်းကြသော သူများဖြစ်ကြပါစေဗျာ။
#Share ခြင်းဖြင့်အသိပညာကုသိုလ်ရကြပါစေ။
လေးစားလျှက်🙏🏻🙏🏻
Ko Pyone

No comments:

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...