Wednesday, 23 October 2019

တက်ရောက်ခဲ့သော CEPT ပွဲ



💁🏻‍♂️💁🏻‍♂️ဟုတ်ကဲ့ ကျွန်တော်တို့ ယနေ့ကျင်းပပြုလုပ်ခဲ့တဲ့ UMFCCI CEPT ပွဲတွင် ကိုယ့်ဆရာ ကိုယ့်အမိ များအားလုံးတက်ရောက် ပြီးအရေးပါတဲ့မေးခွန်းလေးတွေနဲ့ ဖြေ တစ်ချို့အရာများလည်း ပြန်လည်စီစစ်ပေးပါ့မည်ဟု အကောက်ခွန်မှ သေချာ ပြောကြားသွားတာကိုတွေ့ရှိရပါတယ်ဗျ တစ်ကယ်တမ်းတော့ အားသိပ်မရဘူးပေါ့နော် ဒါပေမယ့် ကိုယ်တိုင်ထမေးစရာမလိုပဲ တက်ရောက်သူများမေးတာနဲ့ပဲ အတော်ပြည့်စုံနေတာကို ကျွန်တော်တို့တွေ့ရမှာဖြစ်ပြီး အရင်က ဆွေးနွေးပွဲတွေထက်စာရင်တော့ ကျွန်တော် အတိုင်းတာတစ်ခုထိ ရှေ့ရောက်လာတယ်လို့တော့လက်ခံရမယ်ဗျ ထုတ်/သွင်း ညွှန်မှူး ကိုယ်တိုင်အရာအားလုံးသေချာလေ့လာပြီး တစ်ချက်ချင်းရှင်းသွားတာကိုလည်းတွေ့ရလို့ လေးစာစွာ ဖြင့် စာရေးခြင်းနဲ့ ပဲဂုဏ်ပြုလိုက်ရပါတယ်ဗျ

👉ကျွန်တော် ရဲ့ မအားလို့လာမတက်လိုက်ရတဲ့ မိတ်ဆွေအပေါင်းသင်းများနှင့် နယ်မှ ကိုယ်ဆရာ ကိုယ့်အမိများအားလုံးအတွက် လက်အညောင်းခံ ရိုက်ထားသော live များလည်းအောက်တွင် link ချပေးလိုက်ပါ့မယ်ဗျ။

🤝🤝အားလုံးအကောင်းကြီးတော့ မဟုတ်ပဲ အခက်ခဲ ရာခိုင်နှုန်း တော်တော်များများတော့ သိလိုက်ရတယ်ပေါ့နော် ဒါပေမယ့် ကျွန်တော်ထပ်ပြီး အကောက်ခွန် ဌာနကိုလိပ်မူပြီးပဲ တောင်းဆိုပါရစေ ကျွန်တ်ောတို့ ပြသနာမျိုးစုံနဲ့ Form D/E/AK စသဖြင့် လျှောက်လို့ ခံစားခွင့်ရပြီးချိန်တွင် Selectively အတိုင်းမသွားရပဲ RED ချပြီးဖိုင်တိုင်းစစ်ဆေးရပါသည် ထို့ကြောင့် အချိန်ကုန် ေ ငွကုန် ဆိပ်ကမ်းတွင် container တွေပုံ ပြီးတော့ ဆိပ်ကမ်းကလူတွေအတွက် ပြန်တက်ရင်ခံစားခွင့်မသေချာတဲ့အတွက် အဆင်ပြေအောင်ညှိုနှိုင်း တာနဲ့ပဲ အလုပ်ဖြစ်ထားပါ ကျွန်တော် အစည်းဝေးတိုင်းမှာ အကောက်ခွန်ဌာန နဲ့တွေ့ရင် မေးဖြစ်ပါတယ် အချိန်အတိုင်းတာတစ်ခု တော့စစ်ဆေးရအုန်းမှာပဲလို့ပြောပါတယ် ကျွန်တော် အများကြီးမတောင်းဆိုဘူးဗျာ ကျွန်တော်တို့ ကုန်သည်အတော်များများက Iteam တစ်ကြောင်း ထဲနဲ့ company စထောင်လာကတည်း ကစျေးကွက်မှာရပ်တည်လာတဲ့ ကုန်သည်တွေဆိုရင် အချိန်အတိုင်းတာတစ်ခုထိကြည့် ပြီးရင် Selectivety အတိုင်းသွားခိုင်းသင့်တယ်တော့ထင်တယ်ဗျ အဲ့ဒါမှလဲ အဆင်ပြေမယ်ထင်တယ်ဗျ အဘက်ဘက်က Item များလို့ဆိုရင်ကျွန်တော်တို့လက်ခံပါတယ် ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုတ်ခဲ့တာမှန်ပင်မယ့် ဝါးလုံးရှည်နဲ့ သိမ်းကြုံးရမ်းပြီး နှစ်နဲ့ချီတော့ မပုတ်ခိုင်းကြပါနဲ့ဗျာဟုတင်ပြလိုက်ရပါတယ်ဗျ။
                                လေးစားလျှက်
                               Ko Pyone

Link ရှဲပေးလိုက်ပါတယ်ဗျ

1 Q&A 
https://m.facebook.com/ko.pyone.79069323/videos/604162467056843/

2 CEPT Knowledge
https://m.facebook.com/ko.pyone.79069323/videos/604102810396142/

Thursday, 17 October 2019

DG CARGO ရဲ့ MARKING အကြောင်းဆွေးနွေးရအောင်


🙏🏻🙏🏻

🙋🏻‍♂️🙋🏻‍♂️ကဲ ကိုယ့်ဆရာကိုယ့်အမ တို့ သီတင်းကျွတ်ပိတ်ရက်မှာ ပျော်ရွှင်ကြမယ်လို့လဲထင်သလို ခရီးသွားပျော်ရွှင်တာတွေတော့ မြင်ရလို့ ဝမ်းသာပါတယ်ဗျ ကျွန်တော်တို့ logistics knowledge sharing နဲ့ စပ်မိစပ်ရာ လေးတင်ပြတာဆိုရင်ဖြင့် (၁၉) ရက်မြောက်ဖြစ်ပါတယ်ဗျ ဒီနေ့တော့ ကျွန်တော်တို့ logistics နှင့်ဆိုင်တဲ့ DG CARGO ရဲ့ MARKING တံဆိပ်ကပ်နှိပ်ခြင်းကိုမျှဝေသွားပါ့မယ်ဗျ။

#DangerousGoods (Marking)

👉အခုဖေါ်ပြမှာကတော့ ကျွန်တော်တို့ လက်ရှိအမြဲမြင်တွေ့နေရတဲ့ DG Cargo သယ်ဆောင်လာသောယာဉ်များ ပြီး container Marking နှင့် Tank Marking တို့ဖြစ်ပါတယ်ဗျ။ 

#Vehicle Marking

👉DG CARGO သယ်ဆောင်လာသောယာဉ်၏ ရှေ့နှင့်နောက် တွင် ပြောင်အလွတ် လိမ္မော်ရောင်သတ္ထုပြားအချပ် ပါရှိရမည် ထို လိမ္မာ်ရောင် သတ္ထုပြားသည်
40 CM X 40 CM X 30 CM ရှိရမည်ဖြစ်ပြီး အနက်ရောင် ဘေးအနားသားအထူသည် 15 MM ရှိရမည်ဖြစ်သည်။
ယာဉ်ငယ်များတွင်လည်း 30 CM X 30 CM X 12 CM ရှိရမည်ဖြစ်ပြီး အနက်ရောင်ဘေးသားအထူ မှာ 10 MM ရှိရမည် ဖြစ်ပါသည်။နောက်တွဲယာဉ်နှင့်သယ်ဆောင်ရင်လဲ နောက်တွဲပါတပ်ဆင်ရမည်။

#Container Marking

👉ယာဉ်ပေါ်တွင် DG Cargo ၏ ကုန်ပစ္စည်းအလိုက် အမျိုးအစားနှင့် သက်ဆိုင်သောအမှတ်တံဆိပ် Label သို့ Placard ကို container ရှေ့နောက်ဘေး ကပ်ရမည် ထို Placard  သည် ၄၅ ဒီဂရီ  လေးထောင့်(စိန်ပုံသဏ္ဍန်/ မှန်ကူကွက်)ဖြစ်ရမည် ။ အနည်းဆုံးအတိုင်းအတာသည် 250 MM X 250 MM ဖြစ်ရမည်။ မှန်ကူကွက် ပုံအနားကွတ်မျဉ်းသည် Placard အနားသားနှင့် မျဉ်းပြိုင်ရှိရမည်ဖြစ်ပြီး  12.5 MM အကွာတွင်ရှိရမည်ဖြစ်သည် placard ပါ သယ်ဆောင်မည့် ကုန်ပစ္စည်း သတ်မှတ်ချက်နံပါတ် (Class/ Division No.)ကို အမှတ်တံဆိပ် label တွင်ပါရှိသည့်အတိုင်း တပ်ဆင်ရမည်ဖြစ်ပြီး  ကိန်းဂဏန်း၏အရွယ်အစားမှာ အနည်းဆုံး 25 MM ရှိရမည်။
ကျွန်တော်တို့ Numbered Orange Plate  တွင်လည်း 40 CM X 30CM  ဖြစ်၍ အနက်ရောင်ဘေးအနားသားအကျယ်မှာ 15 MM ရှိရမည်ဖြစ်ပြီး သတ္ထုပြားချပ်၏ အလယ်တွင် အနက်ရောင်ရေပြင်ညီမျဉ်းသည်လည်း 15 MM ရှိရမည်ဖြစ်သည် ထိုမျဉ်းအပေါ်တွင် အန္တရယ်ရှိအမှတ်သားပြနံပါတ်နှင့် အောက်တွင် UN number ဖေါ်ပြရမည် ထိုံနံပါတ် များသည် အနံ 100MM စာလုံးအထူ 15 MM ရှိရမည်ဖြစ်ပါသည်။

😄😄ကျွန်တော်အခုရေးသားဖေါ်ပြချက်များသည် တကယ့် Dangerous Cargo များသယ်ယူပို့ဆောင်နေသော Company များကိုရည်ညွှန်းရေးသားခြင်းဖြစ်လို့ အခုမှလေ့လာသူအဖို့ အတော်အဆင်မပြေရှုပ်ထွေးနေပါလိမ့်မယ်ဗျ လက်ရှိကျွန်တ်ေ တို့နိုင်ငံတိုးတက်ပြောင်းလံရန်အဓိကစိတ်ဓာတ်အရင်ပြင်ကြရမယ်ထင်တယ်ဗျ ဒီနိုင်ငံမှာ အခုအရေးယူတာမရှိဘူးဆိုလျှင် ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တွေမလိုက်နာတာတွေကိုတွေရှိနေရတယ်ဗျ လမ်းပေါ်သွားနေကြတဲ့ DG သယ်တဲ့ကား တွေတသ်ချို့ကဘာမှကိုမပါတာ ပါတဲ့ကားတွေကျတော့လည်း တစ်လွဲတွေတွေ့မြင်နေရတဲ့အတွက်ကျွန်တော်ရေးသားတင်ပြရခြင်းဖြစ်ပါတယ်ဗျ။

💁🏻‍♂️💁🏻‍♂️ကျွန်တော်ရေးသားတင်ပြချက်များသည် နိုင်ငံတော်တရားဝင် ထုတ်ထားတဲ့ ကုန်းလမ်း ပို့ဆောင်ရေး အမိန့်စာထဲကထုတ်နုတ်ဖေါ်ပြချက်ပါ ကျွန်တော်အမြင်တော့ company ကြီးတွေဆိုတော့ မသိတာတော့မဟုတ် မသိချင်ယောင်ဆောင်တာလိုပဲမြင်တယ်ဗျ ထားပါ နောက် DG Cargo သယ်မဲ့ logistics သမားများလဲဒီလိုတွေရှိပါလားဆိုတဲ့စိတ်နဲ့ အားလုံးနားလည်အောင်ဝေမျှရင်းနဲ့ ပြည်သူပြည်သားများ Dangerous Caro Marking လေးတွေကြည့်ရင်း အသက်အန္တရယ်မှရှောင်ရှားနိုင်ပါစေလို့ဆုတောင်းလိုက်ရပါတယ်ဗျ။

🤝🤝ဘာမှန်းမသိလို့အလုံးစုံလေ့လာချင်သူများအတွက်ကိုတော့ ကျွန်တော့်ရဲ့ comment မှာ Email လေးတွေ မန့်ထားပေးခဲ့ကြပါ ကျွန်တ်ော မနက်ဖြန် ညအားတဲ့အချိန် ကုန်းလမ်ပို့ဆောင်ရေးမှထုတ်ထားတဲ့ DG TRANSPORT နဲ့ပတ်သတ် ထုတ်ထားတဲ့ ပံုလေးတွေတွဲရက်ပါတဲ့ Notification လေးတွေ mail လွတ်ပေးပါ့မယ် ဟုပြောရင်း ဒီနေ့တော့ GOOD NIGHT ဗျာ 🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻

                                             လေးစားလျှက်
                                              KO PYONE

Tuesday, 8 October 2019

IICBTA ရဲ့ ခရီးအစ




🙏🏻🙏🏻 အပိုင်း(၁၇)

🙋🏻‍♂️🙋🏻‍♂️ဟုတ်ကဲ့ ကျွန်တော် မအားလို့ logistics knowledge လေးများ မရှဲ တော့ဘူးလားလို့မေးတဲ့ ကိုယ့်ဆရာ ကိုယ့်အမများ နှင့် အခြားသော မိဘပြည်သူများ ပျော်ရွှင်သော သီတင်းကျွတ် အခါသမယ ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ဗျ ကျွန်တော် မြဝတီသွား ပြည်ထောင်စုဝန်ကြီးအစီးအဝေး သွားပြန်လာ အလုပ်တွေပိနေတာရယ် ခရီးပန်းလို့နေမကောင်းတာရယ်ကြောင့်မရေးဖြစ်တာပါဗျ ကဲပါ ဒါတွေနောက်ထား အလုပ်နဲ့ သက်သေပြရအောင်ဗျာ။

#IICBTA(Initial Implementation of a Cross-border Transport Agreement )

👉ကျွန်တော်တို့  မြန်မာ နှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံ IICBTA MOU ကို ထိုးထားပြီး ထိုင်းမှ မြန်မာ မြန်မာ မှ ထိုင်း နယ်စပ်ဖျက်ကျော်ပို့ဆောင်မှု့ လုပ်ငန်း များအဆင်ပြေချောမွေ့စေရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည် ။ယခုအခါ မြန်မာဘက်မှ ကားအစီး (၁၀၀) နှင့် ထိုင်းဘက်မှ အစီး (၁၀၀) သတ်မှတ်ထားပြီး မြန်မာကားများအနေဖြင့် ထိုင်းနိုင်ငံမှ ဆိပ်ကမ်းများအထိဝင်ရောက်နိုင်မည် ဖြစ်ပြီး ထိုင်းကားများမှ ရန်ကုန် SEZ / Dryport သို့ သယ်ယူပို့ဆောင်ပြီး မှ ထို SEZ သို့ DRYPORT တွင် customs အစစ်ဆေးခံရမည်ဟုလည်းကြားသိထားရပါသည်။ 
👉ထိုသတ်မှတ်ကား အစီ (၁၀၀) မှာလည်း ကုန်လမ်းပို့ဆောင်ရေးမှ သီးသန့် Cross Border Operator Licence ဆိုပြီး လျှောက်ထားရသည်ဟုလည်းသိရပါသည် ထို့သို့လျှောက်ထားပြီးလိုင်စင်ရထားသောကားများသာ နယ်စပ်ဖြတ်ကျော်လို့ရပမည်ဟုလည်းသိရပါသည်။
👉ထိုသို့ ကားများ နယ်စပ်ဖြတ်ကျော် အဆင်ပြေပြေကုန်သွယ်မှု့ ပြုရန်အတွက်  အမှတ် (၂) မြဝတီ ချစ်ကြည်ရေးတံတား ရှိ BCF( Border Control Facility) ကိုလည်း ထိုင်းဘက်မှ ဘက်သန်းပေါင်း ၃၉၇ သန်းခန့် အကုန်ကျခံကာ ကုန်သွယ်မှု့အရှိန် သုံးဆမြင့်တက်ရေးကိုရည်ရွယ်၍ အကုန်ကျခံထားကြောင်းသိရပါသည်။
👉ထို့ BCF တွင် ဌာနပေါင်းစုံ ရုံးခန်းများက်ုလည်းတွေရှိခဲ့ရပါသည် customs မှ လည်း Cross Border ဖြတ်ကျော်ကားများကို  seal ဖြင့်ခက်၍ VCCS (vehicle Cargo Checking System ) စနစ် မှတ်တမ်းတင် ပြီး check point ဖြစ်တဲ့ ကုန်သွယ်ရေးဇုံ OSS တွင် ဖွင့်ဖောက်စစ်ဆေးမည်မဟုတ်ပဲ မှတ်တမ်းဖြည့်သွင်းခြင်း ၊ Weight Record ယူခြင်း ယ်ာဉ်ထွက်စာရင်းဖြည့်ခြင်းပြုလုပ်၍ နှောင့်နှေးကြန့်ကြာမှု့မရှိအောင် ကုန်သွယ်ရေးဇုံ ခရီးသည်တင်ယာဉ် (မှန်လုံ)စစ်ဆေးသည်လမ်းမှ ဦးစားပေး လုပ်ဆောင်သွားပြီး VCCS မှသတ်မှတ်ထားသော ရန်ကုန် အမှတ် (၂) လမ်းမှ SEZ သို့ DRYPORT သို့ တောက်လျှောက်သယ်ယူရမည်ဟု သိရပါသည်။
👉ကျွန်တော်တို့ တက်ရောက်ဖြစ်ခဲ့သော (၅.၁၀.၂၀၁၉)ပြည်ထောင်စုဝန်ကြီးအစီးအဝေးတွင် ဖွင့်ပွဲဖွင့်မည်ရက် (၃၀.၁၀.၂၀၁၉)တွင် DRYRUN အနေဖြင့်ကုန်မပါသော လိုင်စင်ရကားများ ထိုင်းနိုင်ငံ သတ်မှတ် port များ အထိ driver practice နှင့် ယာဉ်ပိုင်ရှင်များစမ်းသပ်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးမှသဘောတူညီခဲ့ပါသည်။

🤝🤝🤝ok ဒီလောက်ဆိုရင်တော့ General Knowledge အဖြစ် ဘာတွေလုပ်နေကြတာလဲမဖြစ်အောင်သိသွားကြပြီလို့ထင်ပါတယ် ကျွန်တော်ကတော့ အားပေးတယ်ဗျာ IICBTA ကြီးအောင်မြင်ရင် logistics cost တွေကျလာမယ် window time တွေလျှော့လာမယ် မြန်မြန်ဆန်ဆန် ကုန်တွေဖြန့်ဖြူးလာနိုင်မယ် driver တွေစည်းကမ်းတွေရှိလာမယ် ဟိုးပဝေနသီက လုပ်စားနေတဲ့ ကားအစုတ်ကြီး တွေလည်းတစ်ဖြည်းဖြည်းပပျောက်လာမယ် လို့ကျွန်တော့ထင်မြင်ချက်လေးအားတင်ပြရင်း အားလုံး Good Night ဗျာ🙏🏻🙏🏻🙏🏻🙏🏻🎈🎈🎈🎈 

                                                         လေးစားလျှက်
                                                          KO PYONE

Thursday, 3 October 2019

Logistics နဲ့ Supply Chain လေ့လာသင်ယူခဲ့သမျှ


🙏🏻🙏🏻🗽🗽🗽🗽

🙋🏻‍♂️🙋🏻‍♂️ဟုတ်ကဲ့ဗျ အချိန်လေးကလဲကျရောက်လာပြီဆိုတော့ logistics ဆိုင်ရာ တွေနဲ့ ဟိုပါဒီပါ knowledge လေးတွေ ပေးလာတာဆိုရင်ဖြင့်  အခုနဲ့ဆိုရင် (၁၆) ရက်မြောက်တဲ့နေ့လေး ဖြစ်ပါတယ်ဗျ ဒီနေ့တော့ အခု ကျွန်တော်တို့ လေ့လာခဲ့သော logistics supply chain ဘာသာရပ်တွေဘာတွေလဲဆိုတာကိုကျွနိတော်ပြောပြမှာဖြစ်ပါတယ်ဗျ အသေးစိတ်မဟုတ်ပါဘူးဗျ ဘာသာရပ် တွေကို သိချင်လို့ ကျွန်တော်ကိုအမြဲလာလာမေးသော ကိုယ့်ဆရာ ကိုယ့်အမိ တို့ အတွက် ဖေါ်ပြလိုက်ရပါတယ်ဗျ။

#LOGISTICS SUPPLY CHAIN🛳🚃✈️🛩🚛

1️⃣Fundamental of Logistics and Supply Chain Management 

2️⃣Transport Operation Management

3️⃣Risk Management (Including International Convention)
✅International Conventions(legal Framework)

4️⃣Trade Management 
✅Uniform Customs and Practice for Documentary Credits UPC 600
✅Incoterms 2010

5️⃣Cargo Packing and Utilization

6️⃣MultimodalTransport Law and Operations

7️⃣Transport Logistics & Supply Chain Security/ Transport Corridor

8️⃣Warehouse Management

9️⃣Information Technology in Freight Transport & Supply Chain Management

1️⃣0️⃣Project Transport Management

1️⃣1️⃣Cross Border Operation in Laws

1️⃣2️⃣Dangerous Goods Handling (All Modes)

1️⃣3️⃣Marketing For Logistics

1️⃣4️⃣Logistics Planning and Analysis

1️⃣5️⃣Supply Chain Collaboration & Logistics Solutions

😁😁စသော Module 15 ခု Semester 5 ခု ကို ၁ နှစ်နဲ့ ၃ လတက်ခဲ့ရပါတယ်ဗျ AFFA(Asean  Freight Forwarder Association)1st Batch Diploma သင်တန်းဖြစ်ပါတယ်ဗျ။ ကျွန်တော် တင်ပြထားသော Module ခေါင်းစဉ်များအောက်တွင် chapter များစွာရှိပါသေးတယ်ဗျ။ 

🤝🤝ဟုတ်ကဲ့ကျွန်တော်ကို မေးမေးနေကြသော ကိုယ့်ဆရာများနှင့် ကိုယ့်အမိများအတွက် just knowledge sharing ပေးလိုက်ရပါတယ်ဗျ နောက်မှအဲ့ဒါတွေကို တစ်ခုချင်းဖြည်းဖြည်းအရေးပါတာလေးတွေက်ု ရေးသားတင်ပြသွားမယ့်အကြောင်း ရေးသားတင်ပြရင်းဒီနေ့တော့ ဒီလောက်နဲ့ပဲ GOOD NIGHT ဗျာ။🙏🏻🙏🏻

                                                လေးစားလျှက်
                                                  KO PYONE

Wednesday, 2 October 2019

CMP အကြောင်း သိသမျှ


🙏🏻🙏🏻🙏🏻

😎😎ဟုတ်ကဲ့ ရာသီဥတုကလည်းပူသထက်ပူလာတယ်နော် ကျွန်တော့ အမျိုးများနှင့် ကိုယ့်ဆရာတို့ အပြင်သွားသတိထားကြဗျ ကြောက်ဖို့ကောင်းတဲ့ရာသီဥတုပါ။ ကဲကျွန်တော်တို့ logistics နဲ့ပတ်သတ်တဲ့အကြောင်းရာ ဟိုပါဒီပါလေးတွေ ရေးသားတင်ပြတာဟာဆိုရင် (၁၅) ရက်မြောက်ဖြစ်ပါပြီဗျ ဒီနေ့တော့ ကျွနိတော် CMP ဆိုတာပါဘာလဲဆိုတာကို ကျွန်တော့်နည်းတူ စာဖတ်သူများ စာအများကြီးကို မဖတ်ရအောင်ကြိုးစားဖေါ်ပြသွားပါ့မယ်ဗျ။

#CMP (Cutting ,Making and Packing)
 
👉လုပ်ငန်းအမျိုးစားတွေဟာဆိုရင်ဖြင့်ဗျာ

1️⃣CMP Garment Enterprise(CMP အထည်ချုပ်)

2️⃣CMP Industrial Enterprise(CMP စက်မှု့ကုန်ထုတ်လုပ်ငန်း)
3️⃣CMP Fishery Enterprise(CMP ငါးအသားလွှာလုပ်ငန်း)

  🤝🤝ကဲဗျ တွေ့တဲ့အတိုင်းသုံးမျိုးတော့ရှိတယ်ဗျ သူ့ရဲ့သဘောသဘာဝတွေပြောပြရရင်တော့ဗျာ 

✅CMP စနစ်သည် ပြည်ပမှ ကုန်ကြမ်း တင်သွင်းပြီး ပြတွင်းတွင် ကုန်ချောများ ပြုလုပ်ကာ ပြည်ပသို့ပြန်လည်တင်ပို့သော လက်ခစား စနစ်ကိုခေါ်ပါသည်။
✅CMP လက်ခစားစနစ်ဖြင့်တင်သွင်းထားသော ပစ္စည်းများဖြင့် ထုတ်လုပ်သည့်ပစ္စည်းကိုသာတင်ပို့ခွင့်ပြုသည်။
✅CMP လက်ခစားစနစ်ကိုဆောင်ရွက်သော company သည် မြန်မာနိုင်ငံ ရင်နှိးမြုပ်နှံမှု့ကော်မရှင် (MIC) ၏ခွင့်ပြုမိန့်ရထားသော company ဖြစ်ရမည်။

ထိုကဲ့သို့ ပြည်တွင်းသုံးစွဲမှု့မဟုတ်ပဲ တင်သွင်း/တင်ပို့မှု့ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြေညာစာအမှတ် (၁၀/၉၁ )နှင့် (၅/၉၁ ) အရ အကောက်ခွန်နှင့် ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ပြုထားပါသည်။ပြည်ပမှတင်သွင်းလာသောကုန်ကြမ်းပစ္စည်းများကို ဆိပ်ကမ်းမှထုတ်ယူလာသောနေ့မှ ၁ နှစ်အတွင်းပြန်လည်တင်ပို့ရသည်။အပို့ဖြစ်ပါကတစ်နှစ်မပြည်မီသတ်တမ်းတိုးရမည် ထိုသို့မပို့နိုင်လျှင် အကောက်ခွန်ဌာနသို့ သတ်တမ်းကာလတိုးမြှင့်ခွင့်လျှောက်လျှင် ၃ နှစ်ရသည် သို့သော် တစ်နှစ်တစ်ခါသတ်တမ်းတိုးရမည်ဖြစ်သည်။

👍လက်ရှိကျွန်တော်တို့နိုင်ငံတွင်အသုံးများဆိုက တော့ CMP Garment Enterprise ဖြစ်ပါသည်။ အခုကျွန်တော်တင်ပြချက်ကတော အခြေခံ ဗဟုသာတအနေနဲ့ဖြစ်၍ စာရှည်မှာဆိုး၍ ဆက်ပြီးမတင်ပြတော့ပါဘူးဗျ ဆက်တင်ပြရင်. ဘယ် ပလကဥပဒေ မှာဘာလုပ်ရမယ်ဆိုတာအသေးစိတ်ပြောရမှာဖြစ်တဲ့အတွက်ဒီလောက်နဲ့ပဲတော်ရအောင်ဗျာ ။အခုရေးသားဖေါ်ပြသော အကြောင်းရာများသည် အကောက်ခွန်နည်းဥပဒေများထဲမှ လေ့လာထားသော စာများရေးသားဖေါ်ပြလိုက်ခြင်းဖြစ်တဲ့အတွက်အားလုံးပဲ နေရာတိုင်းမှာ နှာတစ်ဖျားအသာနဲ့ လုပ်ငန်းများ အောင်မြင်ကြပါစေဟုပြောရင်း ကိုယ့်ဆရာတို့ GOOD NIGHT ဗျာ။

                                                     လေးစားလျှက်
                                                       KO PYONE

Tuesday, 1 October 2019

အသိများတဲ့ Duty Free Shop


🙏🏻🙏🏻

🤝ဟုတ်ကဲ့ပါ ကျွန်တော် logistics နဲ့ပတ်သတ်တဲ့ သိသလောက်အကြောင်းရာလေးတွေဝေမျှတာဟာဆိုရင်ဖြင့် အခုဆို (၁၄)ရက်နေ့ကိုရောက်ရှိလို့လာပါပြီဗျ။
မနေ့က Bonded Warehouse အကြောင်းလေးတွေရေးသားတင်ပြထားတာဆိုတော့ ဒီနေ့တော့ဆက်စပ်မှု့လေးရှိတဲ့ DUTY FREE SHOP လေးအကြောင်းတင်ပြသွားမှာဖြစ်ပါတယ်ဗျ။

#DUTY FREE SHOP (အကောက်ခွန်လွတ်အရောင်းဆိုင်)

👉Duty Free Shop ဆိုသည်မှာ ပြည်တွင်းစားသုံးရန်မဟုတ်ပဲ ဥပဒေအရသတ် မှတ်ထားသောအာမခံကုန်လှောင်ရုံ များအတွင်း ထည့်သွင်းသိုလှောင်ကာ ပြဌာန်းထားသည့် အမိန့်ညွှန်ကြားချက်နဲ့အညီပြန်လည်ထုတ်ယူ၍ နိုင်ငံခြားငွေဖြင့်ရောင်းချကာ ပြည်ပသို့ ပြန်လည်ထုတ်ယူမည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန်ပေးဆောင်ရန်မလိုပဲ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ထိုကဲ့ သို့ လေဆိပ်များတွင်ရောင်းချသောဆိုင်များကို Duty Free Shop ဟုခေါ်သည်။

😁အဲ့ဒါက တော့ အမှန်တကယ် rule ပေါ့ဗျာ အမှန်တကယ်တော့ အားလုံးသိကြတဲ့အတိုင်း လေဆိပ်တွေမှာ ဘယ်လိုဘယ်ပုံဝယ်ပြီး ဘယ်လိုဘယ်ပုံ အတုတွေဖြစ်နေတာဆိုတာလဲ ကျွန်တော်တို့ အား လုံးနဲ့သတ်ဆိုင်တယ်တော့ထင်တယ်ဗျ မသိတာတောတော့မဖြစ်နိုင်ဘူး ဘာကြောင့်လဲပေါ့ဗျာ တစ်ချို့ကတော့ပြောမယ် ဒီကောင်အဆင်ပြေနေတာ အဆင်မပြေအောင်လုပ်တယ်လို့ပေါ့ 😃😃ဒါပေမယိ့ဗျာ ကျွန်တော်တို့သွားချင်တဲ့ target ကတိုးတက်အောင်မြင်တဲ့ စည်းကမ်းရှိတဲဒီမိုကရေစီ နိုင်ငံတော်လေ တစ်ယောက်ချင်းစီစည်းကမ်းဆိုတာပြနိုင်မှ နိုင်ငံက တိုးတက်မှာဗျ အားလုံး ကောင်းဖို့ကျွန်တော်မဆိုလိုဘူးဗျ ကျွန်တော်ဘာသာကောင်းအောင်တောင်မနည်းကြိုးစားရတယ် 😀😀ကဲဆက်ရအောင်ဗျာ😁😁😁😁

✅နိုင်ငံတော်က အကောက်ခွန်လွတ်အရောင်းဆိုင်ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များပေါ့ဗျာ

1️⃣မီးခိုးမဲ့ စက်မှု့လုပ်ငန်း (smokeless Industry)ဟုတင်စားခေါ်ဝေါ်သည့် ကမ္ဘာလည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစည်ပင်မှု့ကို အထောက်ကူပြုစေရန်။ 

2️⃣မိမိနိုင်ငံတွင်လာရောက် တာဝန်ထမ်းဆောင်သည့် ကုလသမဂ္ဂ အဖွဲ့စည်းများ အခြားအခွန်ကင်းလွတ်ခွင့်ရအဖွဲ့စည်းများအနေဖြင့် လူသုံးကုန် စားသောက်ကုန်များကို ပြည်ပမှမှာယူစားသောက်စရာမလိုပဲပြည်တွင်းအလွယ်တကူ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့်ဝယ်ယူရန်။

3️⃣နိုင်ငံခြားလေဆိပ်၊ဆိပ်ကမ်းများသို့ ထွက်ခွါ မည့် ယာဉ်များပေါ်ခရီးသည်များစားသုံးရန်ဝယ်ယူ တင်ဆောင်ခွင့်ရရန်။

4️⃣ထိုဆိုင်များမှ နိုင်ငံတော်အတွက် နိုင်ငံခြားငွေ ရရှိခြင်း

5️⃣နိုင်ငံတကာရင်ဘောင်တန်းနိုင်ရေး

👍ထိုကဲ့သို့ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ထားပါသည်။သူနဲ့ပတ်သတ်တဲ့အသေးစိတ်ကတော့အများကြီးပေါ့ဗျာ အခုရေးသားတင်ပြထားတာတော့ သိသင့်တဲ့ knowledge ပေါ့ဗျာ အခုရေးသားတင်ပြသောအကြောင်းရာများကို အကောက်ခွန်ဝန်ဆောင်မှု့သင်တန်း များမှလေ့လာပြီးရေးသားတင်ပြလိုက်ရပါတယ်ဟုပြောကြားရင်း တစ်နေ့ထက်တစ်နေ့ ဗဟုသုတတွေတိုးပွါးကြပါစေ။

                                                          လေးစားလျှက်
                                                           KO PYONE

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...