Monday, 30 September 2019

Bonded Warehouse ကို Customsက ဘယ်လိုထိန်းချုပ်ထားသလဲ။


🙏🏻🙏🏻

🎈🎈ဟုတ်ကဲ့ ဒီနေ့တော့ စာရေးမဲ့အချိန်ကျရောက်လာပြီဖြစ်တဲ့အတွက် ခုစလိုက်ကြရအောင်ဗျ စောင့်နေကြတဲ့ သူငယ်ချင်းများအတွက် ကျွန်တော်ရေးသားတင်ပြလာတာဆိုရင် (၁၃)ရက်ရောက်တဲ့နေ့လေးဖြစ်ပါတယ်ဗျ။
မနေ့က Bonded Warehouse ရဲ့ Rule လေးတွေအကြောင်းပေါ့ဗျာ Customs ရဲ့ Bonded Warehouse ပေါ်ချမှတ်ထားတဲ့စည်းကမ်းတွေလို့ဆိုကြရအောင်ဗျာနော် ကဲစလိုက်ကြရအောင်ဗျာ။လောလောဆယ် ဘယ်လိုအချက်လက်တွေနဲ့လျှောက်ထားမလဲကြည့်ကြရအောင်ဗျာ။
🏠လျှောက်ထားခြင်း အကောက်ခွန်ဌာနသို့

1️⃣အကောက်ခွန်ပုံစံ 127 form ဖြင့်လျှေက်ထားရမည်
2️⃣အာမခံထားပြီးကြောင်းအထောက်ထား
3️⃣company registration
4️⃣သက်ဆိုင်ရာဌာန၏ထောက်ခံချက်
5️⃣ပြည်နယ်တိုင်းအစိုးရထောက်ခံချက်
6️⃣ကတိခံဝန်ချက်(ဥပဒေချိုးဖောက်ပါကဒဏ်ငွေပေးဆောင်မည်။
7️⃣ထည့်သွင်းထားရှိလိုသောပစ္စည်းအမျိုးအမည်
8️⃣ကုန်လှောင်ရုံ ပိုင်ဆင်မှု့အထောက်အထား/ဌားရမ်းစာချုပ်။
9️⃣မီးသတ် ထောက်ခံချက်
🔟CCTV တပ်ဆင်ထားရှိမှု့
1️⃣1️⃣WMS (Warehouse Management System)ရှိရမည်။(update information ပါ ကျွန်တော်ကြားထားတာပါ)

🆗ဒါကတော့ လျှောက်ထားရန်လိုအပ်ချက်တွေပေါ့ဗျာ စစ်ဆေးမှု့အပိုင်းကတော့အများကြီးပဲဗျ ကျွန်တော် ကိုယ်တိုင်တွေကြုံထားတဲ့စစ်ဆေးမှု့တွေကတော့ ရေသားပြောပြရင်ကုန်မှာမဟုတ်တော့လို့ မပြောတော့ပါဘူးဗျာ ဆက်ကြရအောင်....

✅ကုန်လှောင်ရုံ ခွင့်ပြုချက် ရရှိပြီးပါက လျှောက်ထားသူမှ အကောက်ခွန်ဌာန ငွေစာရင်းတွင် ကုန်လှောင်ရံုအမျိုးအစားအလိုက် စာရင်းသေအပ်ငွေဖြစ် အာမခံစပေါ်ငွေ ပမာဏကို ဘဏ်အာမခံ ငွေပမာန  နှင့် လိုင်စင်ကြေးကို အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်သည့်အတိုင်းပေးသွင်းရမည်။

✅ကုန်လှောင်ရုံသက်တမ်း ၃ နှစ် တစ်ကြိမ်အကောက်ခွန်မှ သတ်မှတ်ထားတဲ့ သတ်တမ်းတိုးကြေးပေးသွင်းရမည်။

✅သတ်တမ်းတိုးချိန်တွင် မူလနေထားရှိမရှိပြန်လည်အစစ်ဆေးခံရမည်။

✅ကုန်လှောင်ရုံ အတွင်းထည့်သွင်းထားရှိသောပစ္စည်းများကို အကောက်ခွန်အက်ဥပဒေ ပုဒ်မ-၉၂ အရ ချုပ်ဆိုထားသည့် ခံဝန်ချုပ်ပါ နေ့မှစ၍ (၃) နှစ်အတွင်ရထုတ်ယူရမည်။
 
✅ကုန်လှောင်ရုံသက်တမ်းမပြည့်မီ (၃)လကြိုတင်၍သတ်တမ်းတိုးရမည်။

✅သက်တမ်းကုန်ဆုံးပြီး သက်တမ်းတိုး လာရောက်လျှောက်ထားပါက ခွင့်ပြုမည်မဟုတ်တဲ့အပြင် အာမခံစ​ပေါ်ငွေကိုလည်း ပြည်သူ့ ဘဏ္ဍာအဖြစ်သိမ်းမည်။

✅သက်တမ်းအတွင်း လိုင်စင်ရုပ်သိမ်းခွင့်တင်လျှင် အာမခံစပေါ်ငွေပြန်အမ်းပေးမည်။

✅အကောက်ခွန်ကချမှတ်ထားသော ကုန်လှောင်စည်းကမ်းမလိုက်နာပါက ပင်လည်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ -၁၆၇ ပါ ပြစ်ဒဏ် များနှင့် တည်စဲဥပဒေအရအရေးယူခြင်းခံရမည်။

‼️ကဲတွေ့တယ်နော် ခေတ်တွေပြောင်းလဲလာပြီဆိုတော့ ကျွန်နော်တို့ကုန်သည်များကလည်း တကယ်မှန်ကန်စွာလုပ်ရင် နာမည်ကျန်မယ် အဆင်ပြေမဲ့ခေတ်ကိုရောက်လာပြီဗျ တစ်နပ်စား အကြံရှိသူများ အဝေးလွင့်မဲ့ခေတ်ဗျာ ထားပါတော့ ကျွန်တော် ထပ်တင်ပြရင် ပလကဥပဒေတွေတန်းစီနေတော့မှာဖြစ်လို့ SOP ထွက်လာမှပဲပြန်ပြီးအရေးကြီးတာတွေ ပြန်လည်မျှဝေပေးမယ်ဗျာ။

🤝🤝🤝ဟုတ်ကဲ့ ကျွန်တော်ယခုလို့ သိသင့်သိထိုက်တာများကို ရေးသားတင်ပြတာကို လိုတဲ့သူလည်းရှိသလိုအဖက်ဘက်က တိုက်ခိုက်သူမျာဍလည်းရှိပါတယ်ဗျ ပြသနာတော့မရှိပါဘူးဗျ တောင်းဆိုထားတဲ့ လိုချင်တဲ့သူတွေက်ုမျှဝေတယ်သူတို့ကျေးဇူးတင်တယ်ကျွန်တော်ကုသိုလ်ရတယ် ဒါပါပဲခင်ဗျ လို့ပြောရင်း ကျွန်တော်ရေးသားသောစာများသည် အကောက်ခွန်် ဥပဒေများထဲမှ မှတ်သားထားရသမျှကိုတင်ပြထားသည့်အတွက် ဝေဖန်အကြံပေးနိုင်ပါတယ်ဗျ အားလုံးပဲ Good Night ပါဗျ။🤝🤝🤝

                                            လေးစားလျှက်
                                             KO PYONE

Saturday, 28 September 2019

Types of Bonded Warehouse


🙏🏻🙏🏻

ကျွန်တော်ဒီနေ့နဲ့ဆိုရင် ကျွန်တော်ဆက်တိုက်ရေးသားဖေါ်ပြခဲ့တာ (၁၂) ရက်မြောက်တဲ့နေ့ဖြစ်ပါသည်ဗျ။
မနေ့က ကျွန်နော်တို့ Bonded Warehouse အကြောင်းလေးကိုဆက်လိုက်ကြရအောင်ဗျာ။ Warehouse ၅ မျ်ုးအကြောင်းပြောကြရအောင်ဗျာ

1️⃣#Public Bonded Warehouse(အများပိုင်အာမခံကုန်လှောင်ရုံ)
👉အများပိုင်ကုန်လှောင်ရုံဆိုသည်မှာ လူအများ ကုန်သည်အများမှ ပိုင်ဆိုင်သော ကုန်ပစ္စည်းများကို ကုန်လှောင်ရုံအတွင်းတွင် ကျသင့်ခွန်များ ပေးဆောင်ခြင်းမပြုမီ အကောက်ခွန် ဌာန ကြီးကြပ်မှု့ဖြင့် သိုလှောင်ထားသော ကုန်လှောင်ရုံ ကို အများပိုင် ကုန်လှောင်ရုံ (Public Bonded Warehouse)ဟုခေါ်ပါသည်။ အများပိုင်ကုန်လှောင်ရုံဆိုတာမျက်စိထဲ မြင်အောင်ပြောရရင်ဗျာ အကောက်ခွန်ကသတ်မှတ်ထားသည့် လေဆိပ် ကုန်လှောင်ရုံ ၊ ကုန်လှောင်ရုံဆိပ်ကမ်း တို့ကိုဆိုလိုပါသည်။(ထိုကုန်လှောင်ရုံကို ပင်လယ်ရေကြောင်းအကောက်ခွန်ဥပဒေပုဒ်မ-၁၅ အရ သတ်မှတ်ထားပါသည်)
2️⃣#Private Bonded Warehouse(ပုဂ္ဂလိကပိုင်အာမခံကုန်လှောင်ရုံ)
👉ပုဂ္ဂလိကပိုင်အာမခံကုန်လှောင်ရုံ ဆိုသည်မှာ အကောက်ခွန် မှအသိမှတ်ပြုထားသည့် လိုင်စင်ရရှိထားသူမှ ကျသင့်ခွန်များပေးဆောင်ခြင်းမပြုမီ အကောက်ခွန် ထိန်းချုပ်မှု့ဖြင့် သိုလှောင်ထားနိုင်သော နေရာကိုခေါ်ပါသည်။ မျက်လုံးထဲမြင်အောင်ပြေရရင်ဗျာ Duty Free Shop မှပစ္စည်းများ၊Ship Store & Spare Parts များ ထားသိုသော ကုန်လှောင်ရုံကိုဆိုလိုပါသည်။(ပင်လယ်ရေကြောင်းအကောက်ခွန်ဥပဒေပုဒ်မ-၁၆ အရသတ်မှတ်ထားပါသည်)
3️⃣#Manufacturing Bonded Warehouse(ကုန်ထုတ်လုပ်သောအာမခံကုန်လှောင်ရုံ)
👉ကုန်ထုတ်လုပ်သောအာမခံကုန်လှောင်ရုံဆိုသည်မှာ အကောက်ခွန်ဌာနကြီးကြပ်မှု့ဖြင့် ကုန်ပစ္စည်းထုတ်လုပ်သည့် ကုန်လှောင်ရုံအတွင်းထည့်သွင်ရထုတ်လုပ်ရရှိသော ကုန်ချောများကို ပြည်ပသို့တင်ပို့ခြင်းမပြုမီ သိုလှောင်ထားနိုင်သော ကုန်လှောင်ရုံကိုဆိုလိုပါသည်။
မျက်လုံးထဲမြင်အောင်ကျွန်တော့်အထင်ပြောရရင် (CMP)လိုပစ္စည်းတွေဖြစ်မယ်လို့တော့ထင်တယ်ဗျ။
4️⃣#Special Bonded Warehouse(အထူးကုန်လှောင်ရုံ)
👉အထူးကုန်လှောင်ရုံဆိုသည်မှာ အန္တရယ်ဖြစ်စေနိုင်စေနိုင်သော စက်သုံးဆီ နှင့် ဓါတုပစ္စည်းများကဲ့သို့ ပစ္စည်းများ ထားသိုရာ အခြားကုန်ပစ္စည်းများထိခိုက်မှု့မရှိအောင် သီးသန့်ထားရှိသော အကောက်ခွန် ကုန်လှောင်ရုံဖြစ်သည်။
5️⃣#Bonded Exhibition Warehouse (ကုန်စည်ပြပွဲတွက်သုံးပြုသော အာမခံကုန်လှောင်ရုံ)
👉ပြပွဲတွက်အသုံးပြုသော အာမခံ ကုန်လှောင်ရုံဆိုသည်မှာ ပြပွဲကျင်းပပြုလုပ်ရာတွင် ပြပွဲပြသမည့်ပစ္စည်းများအား အခွ်န်ပေးဆောင်မှု့မပြုပဲတင်သွင်းလာပြီးသိုလှောင်ထားနိုငသော နေရာက်ုဆိုလိုပါသည်။အကောက်ခွန်ဌာနမှ ပြပွဲကျင်းပခွင့် ကာလအတွက်သာ ပြပွဲကျင်းပသည့်နေရာကို ပြပွဲကုန်လှောင်ရုံအဖြစ်အသိမှတ်ပြုမည်ဖြစ်ပါသည်။

👍🎬ကဲဗျာ ဒီလောက်ဆို နားလည်ကြလောက်မယ်ထင်တယ်ဗျ ယခု Bonded Warehouse Function လည်း SOP အဆင့်ရောက်နေပြီဟုသိရှိရတဲ့အတွက် မျှော်လင့်စောင့်စားနေသော ကုန်သည်များအတွက် သီတင်းကောင်းပါးအပ်ပါတယ်ဗျ ကျွန်တော်တို့ကုန်သည်များပါမက Bonded Warehouse ဖြစ်မြောက်ရေးကို နိုင်ငံအသီးသီး NGO အဖွဲ့စည်းများကလည်းထောက်ပံ့ပေးနေ၍ မကြာသောကာလတစ်ခုမှာ တိုးတက်အောင်မြင်ရေး ပန်းတိုင်သို့လျှောက်လှမ်းနိုင်ကြပါစေဟုဆုတောင်းလိုက်ရပါတယ်ဗျ။

🤩🤩တကယ့် Bonded Warehouse အမျိုးမျိုးရဲ့အကြောင်းကိုတော့သိခဲရပြီဆိုပါတော့ နောက်ထပ် ဘာသိဖို့ လိုအုန်းမလဲဆိုရင် သူမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ၊ဘယ်လို လိုင်စင်လျှောက်ရမှာလဲ၊ဘာတွေပြည့်စုံမှရမလဲ၊သတ်တမ်းကရော ဘယ်လောက်လဲဆိုတာတွေကို ကျွန်တော် မနက်ဖြန်အားခဲ့ရင်ကြိုးစားရေးသားဖေါ်ပြပေးမည်ဟုပြောရင်း ယခုရေးသားဖေါ်ပြချက်သည် ကျွန်တော်လေ့လာထားသလောက်ကိုသာ   sharing လုပ်ထားတာဖြစ်တဲ့အတွက် ဝေဖန်အကြံပြုနိုင်ပါကြောင်း ပြောကြားလိုက်ရပါတယ်ဗျ။

🤪🤪🤪🤪Unicode Keyboard ဖြင့်ဒီစာများ ဖြစ်မြောက်အောင် ၁ နာရီခွဲလောက်အချိန်ယူလိုက်ရသည်ကိုပြောကြားရင်း ညောင်းပြီဗျာ good night🤪🤪🤪🤪
                                                              လေးစားလျှက်
                                                                  KO PYONE

Friday, 27 September 2019

Let's go to One Standard System!!

ဒီနေ့ ကျွန်တော် UMFCCI နှင့် Computer အသင်းချုပ်တို့ကြီးမှူးကျင်းပသော Unicode ပြောင်းလဲရေး ပွဲသို့တက်ရောက်ဖြစ်ခဲ့တယ်ဗျ၊ကျွန်တော်တက်ရောက်ဖြစ်ခဲ့ပုံမှာ ရုံးမှသွားရမည်ဆိုသောကြောင့်သာ သွားရောက်ဖြစ်ခဲ့သည် ကျွန်တော်လည်းတစ်ခြားသူများနည်းတူ အလုပ်ကများရတဲ့ကြားဆိုတော့ မသိချင်ယောင်ဆောင်နေတာပေါ့ဗျာ ။ဒါပေမယ့် ပွဲကပြန်လာပြီးနောက်ပိုင်း UNICODE ပြောင်းလဲရေးနှင့်အားလုံး ပြောင်းလဲဖို့တိုက်တွန်းမည်ဟု ဆုံဖြတ်ခဲ့တယ်ဗျ ဆုံးဖြတ်ခဲ့ပုံကဒီလိုဗျ

1️⃣တစ်ကမ္ဘာလုံးမှ သတ်မှတ်ထားသော စံသတ်မှတ်ချက်ကြောင့် system မြင့်ခြင်း။
2️⃣ကျွန်တော်တို့ကြိုက်တဲ့ဖုန်းကိုဝယ် unicode ပါပြီးသားဖြစ်တယ် ပြောင်းလဲနေရခြင်းမလို
3️⃣ကျွန်တော်တို့အားနည်းခဲ့သော တစ်ခြားဘာသာစကားများအားလုံးကို unicode သုံးလျှင် Google translate ဖြင့် ကြိုက်တဲ့ website တွင် မြန်မာဘာသာပြောင်းလဲ၍မှန်ကန်စွာလေ့လာနိုင်ပြီဖြစ်သည်။
4️⃣Voice keyboard  ပါ၍မြန်မာလိုပြောခြင်းကိုကောင်းစွာနားလည်၍ type ရိုက်စရာမလိုအဆင်ပြေမည်
5️⃣Google Map တွင်လည်း ကားမောင်းရင်းမြန်မာလိုလမ်းနာမည်ကိုမှန်ကန်စွာပြော၍လိုရာခရီးကိုရှာနိုင်မည်ဖြစ်သည်။ 
6️⃣ မြန်မာစကားတွင်သာမဟုတ် တိုင်းရင်းသား ၃၁ မျိုးသောစာတွေပါရေးနိုင်မည်ဖြစ်သည်။

👏👏ဒီအချက်တွေကြောင့်ကျွန်တော်ရွေးချယ်လိုက်ရပြီး သူငယ်ချင်းတို့ လည်း အောက်တိုဘာလ (၁) နေ့နောက်ဆုံးထား၍ ပြောင်းလဲကြရအောင်တိုက်တွန်းလိုက်ရပါတယ်ဗျ။

👉ဒီနေ့ပွဲကိုမနက်ရောက်နိုင်သောသူများ သိချင်တာများရှိရင် ကျွန်တော့အကောင့် တွင် ဝင်၍ live video ကိုဝင်ရောက်ကြည့်နိုင်ပါတယ်ဗျ အားလုံးအတွက်လက်အညောင်ခံ၍ရိုက်ထားတာနော်😉😉😉

⭐⭐⭐အော်မေ့လို့ဗျ မနက်ဖြန် UMFCCI ရဲ့ အသင်းဝင်ထဲက အသင်းတစ်သင်းဖြစ်တဲ့ ကျွန်တော့်ရဲ့ MBI အဖွဲမှကြီးမှူးကျင်းပနတဲ့ FDA CERTIFICTE လျှောက်ထားခြင်ဒအခက်ခဲများကိုဆွေးနွေးမည့်ပွဲဖြစ်သည်နှင့်တကွ ဌာနဆိုင်ရာများမှ အရာရှိများလည်းဖိတ်ကြားထားသည်ဖြစ်လို့ FDA နှင့်ပတ်သတ်သောသူငယ်ချင်းများ လာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ဗျ လာမည့်သူများလည်း commet တွင်စာရင်းပေးသွားနိုင်ပါကြောင်းပြောကြားရင်း GOOD NIGHT ဗျာ ✌️✌️✌️✌️

                                                          လေးစားလျှက်
                                                            KO PYONE

Wednesday, 25 September 2019

Warehouse Management System (WMS) ဆိုတာ



ဒီနေ့ဒီအချိန်ကိုကျရောက်လာပြီးဖြစ်လို့ တစ်နေကုန်ဘာတွေရှုပ်လို့ရှုပ်နေမှန်းမသိခဲ့ဘူးအချိန်ကုန်လာခဲ့တာ နားတဲ့အချိန်တော့ တစ်ခုခု အရာထင်အောင်ရှုပ်ကြရအောင်ဗျာ

😁စတာပါဗျာ အခုကျွန်တော်တို့နေ့တိုင်း တစ်ခုမဟုတ်တစ်ခု သိတာလေးတွေရေးသားတင်ပြလာတာဆိုရင် 9️⃣ ရက်မြောက်နေ့ကိုတော့ရောက်ရှိလာပါပြီဗျ ကဲဒီလိုဆိုတော့ ကျွန်တော်တို့ ယခုခေတ်စားနေတဲ့ WAREHOUSING MANAGEMENT မှာအရေးကြီးဆုံးဖြစ်တဲ့ ယခုခေတ်စားလာတဲ့ WMS (Warehouse Management System)အကြောင်းလေးပြောကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။

ကျွန်တော်တို့သိပ်မကြာသောအချိန်ကာလအပြောင်းအလဲတွင် BONDED WAREHOUSE တွေ CUSTOMS WAREHOUSE တွေကလည်း လိုင်စင်ကျရန် အကောက်ခွန်ဌာနမှလည်း အမြန်အကောင်ထည်ပေါ်ရေးကို ကြိုးစားရာ SOP အဆင့်သို့ရောက်နေပြီဟုလည်းသိရပါသည် ထို licence  ရဖို့ဆိုလျှင်လည်း မည်သည့် bonded warehouse မဆို INVENTORY MANAGEMENT SYSTEM /WAREHOUSE MANAGEMENT SYSTEM (WMS) များတပ်ဆပ်ပြီး Update Information ရဖို့အတွက် လုပ်ဆောင်သွားရမည်ဟုလည်းသိရပါတယ်ဗျ။

ထားတော့ဗျာ စာများရင်ပျင်းဖို့ကောင်းသွားလ်ိမ့်မယ်

#WMS (WAREHOUSE MANAGEMENT SYSTEM)

👉ကျွန်တော်တို့ အခုလက်ရှိ Warehouse လုပ်ငန်းတွေအများအပြားပေါ်ပေ့က်လာတာတွေ့ရမည်ဖြစ်ပါသည်၊ ထို warehouse များတွင် ကိုပိုင် ပုံစံအမျိုးမျိုး ကုန်ပစ္စည်းအဝင်အထွက် ၊inbound outbound / Handling /First in / First out /last in/last out စသော warehouse management ကို WH Manager /Warehouse Supervisor/Warehouse Stuff/ MHE operator စသောဝန်ထမ်း 30/40 warehouse ကြီးရင်ကြီးသလို ကျွန်တေယ်တို့ warehousing process အစအဆုံး နောက်ဆုံး customer လက်ထဲ သို့မဟုတ် ဂိုထောင်အရောက် အိမ်ထိုင်ရာရောက် distribution လုပ်ပြီးသည်အထိ လုပ်ပေးကြရပါသည် ထို့ကြောင့်လည်း WH နဲ့ပတ်သတ်တာ knowledge ရှိရင် အလုပ်မရှားပဲ ဝင်ငွေကောင်းသောအလုပ်တစ်ခုဆိုတာ အလုပ်ခေါ်နေတာတွေသတိထားကြည့်ရင်တွေ့ကြရမှာပါ။

ဒါပေမယ့်ယခုအချိန်ရောက်လာပြန်တော့လည်း WH Knowledge ရှိတဲ့သူမလိုဘူးလားဆိုတော့လိုပါတယ် သို့သော်ပြောင်းလဲလာတဲ့ အတိုင်း အားလုံးက human worker လျှော့ချပြီးသေချာတဲ့ systematic ဖြစ်တာကိုပိုလိုတဲ့ခေတ်ရောက်လာပြီဖြစ်တဲ့အတွက် WMS (Warehouse Management System) ကိုအသုံးပြုလာကြပြီဖြစ်ပါတယ်။

👉WMS  ထဲတွင် customer များရဲ့ product အားအသေးစိတ် information/ name /weight/pices အထိ ရေတွက်အသေးစိတ် system ထဲတွင် create လုပ်ပြီး systemထဲတွင်အရင် Memory save လုပ်ထားပါသည် customer ဘယ်နှစ်ယောက်ရှိရှိအသေးစိတ် customer တစ်ယောက်မှာ product ဘယ်နှစ်မျိုးသွင်းတာလဲကစ system ထဲတွင် အသေးစိတ် customized လုပ်ထားလိုက်ပါသည် ။
👉နောက်တစ်ခုက ကိုယ့် warehouse ရဲ့ အနေထား Racking ရှိရင်လည်းသူ့နေရာနဲ့သူ မှတ်သားထား ပြီး warehouse အကျယ်ကို zone သတ်မှတ် ပြီးကျန်သော ကျွန်တော်တို့ picking system ဖြစ်တဲ့ standard pallet တွေမှာလည်း create လုပ်ထားတဲ့ pallet barcode system အားလုံးကို System တဲ့တွင် Create လုပ်ထားလိုက်ပါတယ်ဗျ
👉အပေါ်မှာ ဖေါ်ပြချက်များလုပ်ထားပြီးလျှင်စလို့ရပါပြီဗျ ဘယ်လိုစမလဲဆိုလျှင် ကျွန်တော်တို့ system အသုံးပြုဖို့အတွက် WMS နှင့်ချိတ်ဆက်ထားသော barcode scaner ဆိုသည့် device လေးကိုကိုင်ထားသော warehouse supervisor /MHE Operator မှဝင်လာသောကုန်ပစည်းများကို customer အလိုက် product အလိုက် တင်ဆောင်သော pick လုပ်သော pallet codeအလိုက် system ထဲတွင်ရိုက်ထည့်လိုက်ရင် Barcode Printer မှာထွက်လာသော Barcode sticker များကပ်၍ System ကိုင်သော Manager မှ management လုပ်လိုက်သောနေရာသို့ထားလိုက်လျှင် လုပ်ငန်းစဉ်ပြီးပြတ်ပါပြီ ထို့နောက် supervisor များကိုင်ထားသော ဖုန်းအရွယ်ရှိ သို့ သေနတ် ပုံစံရှိသော Barcode Scaner ဖြင့် ဝင်ရင် ဝင်တယ်မှတ် ထွက်ရင်ထွက်တယ်မှတ် ဆိုပြီး Scanဖြင့် ဖတ်လိုက်ရုံဖြင့် Inventory report သည် Management Control Computer တွင် အသေးစိတ်ကြည်ံလို့ရမည်ဖြစ်ပါသည်။
🤝ထို့ကြောင့် အကောက်ခွန်ဌာနမှ Bonded Warehouse များတွင် Inventory management ကို Syestem ကနေ check လုပ်ရမည်ဖြစ်သဖြင့် မဖြစ်မနေထည့်သွင်းပေးရသော system ဖြစ်လာပါသည်။တကယ်လည်းလူသက်သာပြီး inventory အတိကျထွက်ပါသည်။
ဒါသည် WMS ချည်းသာ အကြမ်းဖျင်းနားလည်အောင်ပြောခြင်းဖြစ်ပါသည် အခုလက်ရှိအခြေနေအားဖြင့် System များအမြောက်အများပေါ်နေပါပြီ customer များစီမှ order ကောက်တာမှစ နောက်ဆုံးပစ္စည်း customer စီပို့ပြီး invoice ထွက်ပြီး အချိန်မှန် payment မကောက်တာတို့ ငွေမဝင်တာတို့အထိ ပြီး အရှုံးအမြတ် Financial Report အထိပါ ရနေပြီဖြစ်ပါတယ်ဗျ ဒါ့ကြောင့်ကျွန်တော်တို့အမှီ လိုက်နိုင်မှတော်ရုံကြမယ်ဗျ။

စာရေးသူကျွန်တော် 2018 /Sep/10 ရက်နေ့က Chiang Saen International Institute for skill Development School တွင် Warehouse Management System (Advance Level) ကို သွားရောက်လေ့လာသင်ကြားခဲ့ရပါသည်။ထိုမှတစ်ဆင့် WMS အကြောင်းသင်၍ ချင်းမိုင်ရှိ Shopping mall ကြီးများတွင် WMS ကိုသေချာစွာကိုုတွယ်နေပုံများကိုအသေးစိတ်လေ့လာခဲ့ရာအတော်အသုံးဝင်တဲ့ Inventory reportကို အတိကျပေးနိုင်တဲ့အတွက် အကျိုးမြတ်များစွာရရှိတာကို လေ့လာခဲ့ရပါသည်။

🤝🤝ok ok နောက်မှပဲ လေ့လာခဲ့ရတာကိုမျှဝေပေးပါ့မယ်ဗျ အခုကျွန်တော်တင်ပြထားတဲ့အခြေခံကိုနားလည်ပြီဆိုပှပေါ့ဗျာ ကျွန်တော် အမြင်ဖြင့်ရေးသားထားခြင်းဖြစ်တဲ့အတွက် ဝေဖန် အကြံပြုနိုင်ပါတယ်ဗျ ဟုပြောရင်း Good Night ဗျာ ✌️✌️✌️✌️✌️

                                                                 လေးစားလျှက်
                                                                   KO PYONE

Tuesday, 24 September 2019

Transit Trade ဟုဆိုရာဝယ်









🙋🙋🙋ကျွန်တော်ဒီနေ့နဲ့ဆိုရင် သိထားတာလေးတွေကို အခြေခံအားဖြင့် logistics လုပ်ငန်း စပြီးလုပ်ကိုင်မဲ့သူများအတွက်ရည်ရွယ်ပြီး ရေးသားတင်ပြလာတာဆိုရင် ၈ ရက်မြောက်နေ့ကိုရောက်လို့လာပါပြီဗျ။ထိုတင်ပြချက်များကို လက်ခံပြီးဆွေးနွေးပေးတဲ့သူငယ်ချင်းများ နှင့် အကြံပေးတဲ့သူငယ်ချင်းများကျေးဇူးပါဗျ။

ဒီနေ့တော့ဗျာ TRANSIST TRADE အကြောင်း အသေးစိတ်ကြီးမသွားပဲ knowledge sharing လောက်ပဲသွားကြရအောင်ဗျာ။
🤝🤝ကဲအလုပ်နဲ့သက်သေပြကြရအောင်ဗျာ

TRANSIST TRADE (ဖြတ်သန်းကုန်သွယ်ခြင်း)
👉Transist Trade ဆိုသည်မှာ ပြည်ပနိုင်ငံ တစ်ခုမှ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ သတ်မှတ်ထားသည့် သဘောင်္ဆိပ်ကမ်း၊ လေဆိပ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုမှ တင်သွင်း၍ မြန်မာနိုင်ငံကို ဖြတ်သန်းသယ်ယူပြီး တစ်ခြားနိုင်ငံ တစ်ခုသို့ သတ်မှတ်ထားသည့် သဘောင်္ဆိပ်ကမ်း၊ လေဆိပ်နှင့် နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုမှ တစ်ဆင့်ပြန်လည်တင်ပို့ရန်အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များမှ သယ်ယူပို့တောင်ခနှင့် ကော်မရှင်ခကို ရယူဆောင်ရွက် သည့်စနစ်ဖြစ်ပါသည် 

👍မခက်ပါဘူးလွယ်လွယ်လေးပါ ထပ်ဆက်ရအောင်ဗျာ အခုပြောမှာကတော့ Transist Trade မှာကုန်သွယ်နိုင်တဲ့လမ်ကြောင်း ၇ ခုရှိတယ်ဗျ သူတို့ကတော့

1️⃣ တမူး-မုံရွာ-မန္တလေး-လားရှိုး-မူဆယ်-တရုတ်

2️⃣ရန်ကုန်-မန္တလေး-မုံရွာ-ကလေး-တမူး-အိန္ဒိယ

3️⃣ရန်ကုန်-မန္တလေး-လားရှိုး-မူဆည်-တရုတ်

4️⃣ရန်ကုန်-ဘားအံ့-မြဝတီ-ထိုင်း

5️⃣ထိုင်း-မြဝတီ-ဘာအံ့-ကျိုက်ထို-ပဲခူး-မန္တလေး-မုံရွာ-                ကလေး-တမူး-အန္ဒိယ

6️⃣ထိုင်း-မြဝတီ-ဘားအံ့-ကျိုက်ထို-ပဲခူး-မန္တလေး-လားရှိုး-မူဆည်-တရုတ်

7️⃣ထိုင်း-မြဝတီ-ဘာအံ-မော်လမြိုင်-ထားဝယ်ရေနက်ဆိပ်ကမ်းကိုဖြတ်၍ ထိုင်းတတိယနိုင်ငံ

ဒီလမ်းကြောင်းများကတော့ နိုင်ငံတော်ကသတ်မှတ်ထားသောလမ်းကြောင်းတွေပေါ့ဗျာ နောက်မှ GMS Country တို့ ပိုးသားလမ်းမကြီယတို့ဘာညာ နောက် transist trade လုပ်နိုင်ဖို့ရေးဘာညာ တွေကတော့ အတည်ပြုပြီးလက်ခံပြီဆိုမှ ထပ်မံတင်ပြသွားပါမယ်ဗျ။

👉ယခု transist trade လုပ်နေသူများပြောကြားချက်အရ အမှန်တင်သွင်း တန်သွင်းတန်ဖိုးရဲ့ 5% ကိုဆောင်ရပြီး ကုန်သွယ်ရေး နှင့် အကောက်ခွန် ကို 2.5 % စီပေးဆောင်ရသည်ဟုသိရပါတယ်ဗျ transist trade များလည်းပေးနေသည်ဟုသိရပါတယ်ဗျ မသွားဘူးသော cargoများကိုလည်း ကုန်သွယ်ရေးထံ စာတင်၍ လျှောက်ထားနိုင်ကြောင်းလည်းသိရပါတယ်ဗျ။

ကဲအခုပြောနေတာတွေ တင်ပြရေးသားချက်တွေရှည်နေပြီဆိုတော့ လက်စသတ်ရင်းနဲ့ ကိုယ်သိထားတာဘေးတွေ တင်ပြထားတာဖြစ်၍ ဝေဖန်အကြံပြုနိုင်ကြောင်းပြောကြားရင်းနဲ့ ပဲ Good Night ဗျာ✌️✌️✌️✌️

                                                               လေးစားလျှက်
                                                                KO PYONE

Monday, 23 September 2019

CEPT ( FTA ) အကြောင်း


✍️✍️✍️မနေ့ကတော့ ကျွန်တော်တို့ INCOTERMS လေးတွေတင်ပြလိုပြီးခဲ့သည်မှာ ၆ ရက်ခွဲပြီး တင်ပြခဲ့ပြီဖြစ်ပါတယ်ခင်ဗျ။ဒီနေ့ ၇ ရက်မြောက်တဲ့နေ့မှာတော့ အလွန်ခေတ်စားနေတဲ့ CEPT (FTA ) အကြောင်းလေးလေ့လာထားသလောက် တင်ပြရေးသွားမှာဖြစ်ပါတယ်ခင်ဗျ သူငယ်ချင်းကုန်သည် တစ်ယောက်ကလဲ တောင်းဆိုထားတဲ့အတွက် Knowledge sharing ဖြစ်ပါတယ်ခင်ဗျ။

ကဲဗျာအပြောတွေနောက်ထားပြီး စလိုက်ကြရအောင်ဗျာ

👉ကျွန်တော်တို့  AFTA (asean free trade area ) ကိုထူထောင်ရန် Asean အဖွဲ့ဝင်နိုင်ငံအချင်းချင်း အကျိုးတူအခွင့်ရေးရရှိစေနိုင်မည့် အကောက်ခွန်လျှော့ပေါ့ရေး(Common Effective Prefertial Tariff  -CEPT)ကိုအဓိက အသက်ဝင်အောင်ကြိုးစားခဲ့ကြသည်။
ပထမဆိုးအမိန်စာအမှတ် (၂၄၇/၉၇)(၁.၁.၁၉၉၈)
ဒုတိယအမိန့်စာအမှတ်     (၁၁၁/၂၀၁၇)(၃၀.၁၁.၂၀၁၇)
တတိယအမိန်စြာအမှတ် (၂၁/၂၀၁၇)

ထိုသို့အမိန့်စာအမှတ်များအဆင့်ဆင့်ချုပ်ဆို၍ (ASEAN TRADE IN GOODS AGREEMENT - ATIGA) ကိ(Myanmar ATIGA Tariff Reduction Schedule ) ကိုရည်ညွှန်းစာအမိန်စာများနှင့်အကောင်ထည်ဖေါ်ခဲ့ပါသည် 

👍ဒါတွေက knowledge ပဲအရေးမကြီးဘူး အရေးကြီးတာပဲပြောကြရအောင်ဗျာ 

Association of Southeast Asian Nations 10 member states တွေကတော့ အားလုံးသိပြီးသားဖြစ်တဲ့
1.Brunei Darussalam  6.Myanmar
2.Cambodia                 7.Philippines
3.Indonesia                 8.Singapore
4.laos                           9.Thailand
5.Malaysia                   10.VietNam
ထိုနိုင်ငံများနဲ့  ATIGA /AFTA ဆိုပြီးအကျိုးတူခံစားခွင့်ရမယ့် လွတ်လပ်တဲ့ ကုယ်သွယ်မှု့ဒေသဟုသတ်မှတ်ခဲ့ကြတယ်ဗျ။
တခြား အဖွဲတွေလည်းရှိသေးတယ်ဗျ ECONOMIC PERTANERSHIPS များဖြစ်တဲ့ နိုင်ငံတွေကိုလည်း FTA (Free trade Area) သတ်မှတ်ပေးသေးတယ်ဗျ
1. ASEAN Free Trade Area -#AFTA/ATIGA (FORM D)
2.ASEAN- China Free Trade Area-#ACFTA(FORM E)
3.ASEAN-Korea Free Trade Aera-  #AKFTA(FORM AK)
4.ASEAN-Japan Comprehensive Economic Cooperation - #AJCEP(FORM AJ)
5.ASEAN-Australia New Zealand Free Trade Area-#AANZFTA(FORM AANZ)
6.ASEAN -India Free Trade Aera- #AIFTA (FORM AI)ဆိုပြီး အသီးသီးခံစားခွင့်တင်နိုင်သော form များဖြစ်ပါသည်။

🤩🤩နောက်ဆုံးစိတ်ဝင်စားဖို့အကောင်းဆုံးကတော့ ခံစားခွင့်ရရန်ဆောင်ရန်ရှောင်ရန်များဖြစ်ပါတယ်ခင်ဗျ 

1.  Form E/D Deperture date နဲ့ Sign Approve date သည်ရှေ့နောက် (၃ ရက်) ပဲကွာရမယ်ဗျ ၃ ရက်ထက်ပိုပြီးကွာရင်တော့ အမှတ် ၁၃ Issue Retroactively တွက်အမှန်ခြစ် သိသာထင်ရှားစွာ ထည့်ပေးရမည်
2.  Form E/D အကွက် အမှတ် ၉ တွင် ဖော်ပြထားသော KG weight သည် B/L ပေါ်ရှိ Gross weight ဖြစ်ရမည်။
3.  Invoice  ပေါရှိစျေးသည် Form E/D ထက် 20% ဝန်းကျင်များရမည်ဟုသတ်မှတ်သည် ဘာလို့လဲဆိုတော့ FORM E/D သည် FOB စျေးဖြစ်၍ များတော့များနေရမည်။
4.  Insurance စျေးသည် invoice စျေးထက် အနည်းဆုံး 10% များရမည်။
5.  Form E ပေါရှိ အကွက်အမှတ် ၁၀ တွင်ဖေါ်ပြထားသော invoice number /date သည် လက်ရှိတင်ပြ invoice date နှင့်တူညီရမည်။
6.  Form E အကွက်အမှတ်  ၃ တွင်ဖေါ်ပြထားသော vessel number သည် BL ပေါရှိ vessel နှင့်တူညီရမည်။
7.Form E/D ပေါ်တွင်ဖေါ်ပြထားသော Expoter Name နဲ့ Consignee Name  သည် B/L ပေါ်ရှိ Exporter နှင့် Consignee Name တူညီရမည်။
8. Form E/D အကွက် အမှတ် ၇ တွင်ဖေါ်ပြထားသောပစ္စည်းအမျိုးစား HS code သည် Import licence ဖေါ်ပြ HS ပြီး invoice ပါကုန်ပစ္စည်း၏ အမှန် HS နဲ့တူညီရမည်။
9. Customs မှ Form E စစ်ဆေးချိန်တွင် Online Check ကြည့်၍ကိုက်ညီမှု့မရှိက ခံစားခွင့်မရနိုင်ပါ။

👏👏ကဲဗျာ ဒီအချက် 9 ချက်ကနော့ customs ကတရားဝင်ထုတ်ထားတဲ့ notification မဟုတ်ပါဘူးဗျ ကိုယ်တိုင်ကြုံတွေ့ရတာလေးကိုဆောင်ရန်ရှောင်ရန်အနေဖြင့်ရေးသားဖေါ်ပြခြင်းဖြစ်ပါတယ်ခင်ဗျ ဒီ 9ချက်လွတ်တဲ့ Formဆိုခံစားခွင့်သေချာပါ့မယ်ဗျ

ကျွန်နော်ရေးသားဖော်ပြထားသောတစ်ခြားကိစ္စရပ်များသည် ခံစားလို့အဆင်ပြေအောင်ဖော်ပြထားခြင်းဖြစ်ပါသည်Rule အရအမြင်မတော်တာ သိနေတာတွေလဲရှိပါသည် ထို့ကိစ္စရပ်များညှိလာရင်တော့ ထုတ်/သွင်း အကောက်ခွန်ညွှန်မှုးထံ ရေးသာတင်ပြပြီး ဆုံးဖြတ်ချက်တောင်းခံနိုင်ပါသည်ဟု ပြောရင်း  မိမိအမြင်ဖြင့်သာရေးသားဖော်ပြချက်ဖြစ်၍ အမှားပါရင်လည်း ေ ဝဖန်အကြံပြာနိုင်ပါကြောင်းပြောကြားလိုက်ရပါတယ်ဗျ အားလူံး good night.

                                                    လေးစားလျှက်
                                                     KO PYONE

CEPT (FTA) လေ့လာမိသလောက်


✍️✍️✍️မနေ့ကတော့ ကျွန်တော်တို့ INCOTERMS လေးတွေတင်ပြလိုပြီးခဲ့သည်မှာ ၆ ရက်ခွဲပြီး တင်ပြခဲ့ပြီဖြစ်ပါတယ်ခင်ဗျ။ဒီနေ့ ၇ ရက်မြောက်တဲ့နေ့မှာတော့ အလွန်ခေတ်စားနေတဲ့ CEPT (FTA ) အကြောင်းလေးလေ့လာထားသလောက် တင်ပြရေးသွားမှာဖြစ်ပါတယ်ခင်ဗျ သူငယ်ချင်းကုန်သည် တစ်ယောက်ကလဲ တောင်းဆိုထားတဲ့အတွက် Knowledge sharing ဖြစ်ပါတယ်ခင်ဗျ။

ကဲဗျာအပြောတွေနောက်ထားပြီး စလိုက်ကြရအောင်ဗျာ

👉ကျွန်တော်တို့  AFTA (asean free trade area ) ကိုထူထောင်ရန် Asean အဖွဲ့ဝင်နိုင်ငံအချင်းချင်း အကျိုးတူအခွင့်ရေးရရှိစေနိုင်မည့် အကောက်ခွန်လျှော့ပေါ့ရေး(Common Effective Prefertial Tariff  -CEPT)ကိုအဓိက အသက်ဝင်အောင်ကြိုးစားခဲ့ကြသည်။
ပထမဆိုးအမိန်စာအမှတ် (၂၄၇/၉၇)(၁.၁.၁၉၉၈)
ဒုတိယအမိန့်စာအမှတ်     (၁၁၁/၂၀၁၇)(၃၀.၁၁.၂၀၁၇)
တတိယအမိန်စြာအမှတ် (၂၁/၂၀၁၇)

ထိုသို့အမိန့်စာအမှတ်များအဆင့်ဆင့်ချုပ်ဆို၍ (ASEAN TRADE IN GOODS AGREEMENT - ATIGA) ကိ(Myanmar ATIGA Tariff Reduction Schedule ) ကိုရည်ညွှန်းစာအမိန်စာများနှင့်အကောင်ထည်ဖေါ်ခဲ့ပါသည် 

👍ဒါတွေက knowledge ပဲအရေးမကြီးဘူး အရေးကြီးတာပဲပြောကြရအောင်ဗျာ 

Association of Southeast Asian Nations 10 member states တွေကတော့ အားလုံးသိပြီးသားဖြစ်တဲ့
1.Brunei Darussalam  6.Myanmar
2.Cambodia                 7.Philippines
3.Indonesia                 8.Singapore
4.laos                           9.Thailand
5.Malaysia                   10.VietNam
ထိုနိုင်ငံများနဲ့  ATIGA /AFTA ဆိုပြီးအကျိုးတူခံစားခွင့်ရမယ့် လွတ်လပ်တဲ့ ကုယ်သွယ်မှု့ဒေသဟုသတ်မှတ်ခဲ့ကြတယ်ဗျ။
တခြား အဖွဲတွေလည်းရှိသေးတယ်ဗျ ECONOMIC PERTANERSHIPS များဖြစ်တဲ့ နိုင်ငံတွေကိုလည်း FTA (Free trade Area) သတ်မှတ်ပေးသေးတယ်ဗျ
1. ASEAN Free Trade Area -#AFTA/ATIGA (FORM D)
2.ASEAN- China Free Trade Area-#ACFTA(FORM E)
3.ASEAN-Korea Free Trade Aera-  #AKFTA(FORM AK)
4.ASEAN-Japan Comprehensive Economic Cooperation - #AJCEP(FORM AJ)
5.ASEAN-Australia New Zealand Free Trade Area-#AANZFTA(FORM AANZ)
6.ASEAN -India Free Trade Aera- #AIFTA (FORM AI)ဆိုပြီး အသီးသီးခံစားခွင့်တင်နိုင်သော form များဖြစ်ပါသည်။

🤩🤩နောက်ဆုံးစိတ်ဝင်စားဖို့အကောင်းဆုံးကတော့ ခံစားခွင့်ရရန်ဆောင်ရန်ရှောင်ရန်များဖြစ်ပါတယ်ခင်ဗျ 

1.  Form E/D Deperture date နဲ့ Sign Approve date သည်ရှေ့နောက် (၃ ရက်) ပဲကွာရမယ်ဗျ ၃ ရက်ထက်ပိုပြီးကွာရင်တော့ အမှတ် ၁၃ Issue Retroactively တွက်အမှန်ခြစ် သိသာထင်ရှားစွာ ထည့်ပေးရမည်
2.  Form E/D အကွက် အမှတ် ၉ တွင် ဖော်ပြထားသော KG weight သည် B/L ပေါ်ရှိ Gross weight ဖြစ်ရမည်။
3.  Invoice  ပေါရှိစျေးသည် Form E/D ထက် 20% ဝန်းကျင်များရမည်ဟုသတ်မှတ်သည် ဘာလို့လဲဆိုတော့ FORM E/D သည် FOB စျေးဖြစ်၍ များတော့များနေရမည်။
4.  Insurance စျေးသည် invoice စျေးထက် အနည်းဆုံး 10% များရမည်။
5.  Form E ပေါရှိ အကွက်အမှတ် ၁၀ တွင်ဖေါ်ပြထားသော invoice number /date သည် လက်ရှိတင်ပြ invoice date နှင့်တူညီရမည်။
6.  Form E အကွက်အမှတ်  ၃ တွင်ဖေါ်ပြထားသော vessel number သည် BL ပေါရှိ vessel နှင့်တူညီရမည်။
7.Form E/D ပေါ်တွင်ဖေါ်ပြထားသော Expoter Name နဲ့ Consignee Name  သည် B/L ပေါ်ရှိ Exporter နှင့် Consignee Name တူညီရမည်။
8. Form E/D အကွက် အမှတ် ၇ တွင်ဖေါ်ပြထားသောပစ္စည်းအမျိုးစား HS code သည် Import licence ဖေါ်ပြ HS ပြီး invoice ပါကုန်ပစ္စည်း၏ အမှန် HS နဲ့တူညီရမည်။
9. Customs မှ Form E စစ်ဆေးချိန်တွင် Online Check ကြည့်၍ကိုက်ညီမှု့မရှိက ခံစားခွင့်မရနိုင်ပါ။

👏👏ကဲဗျာ ဒီအချက် 9 ချက်ကနော့ customs ကတရားဝင်ထုတ်ထားတဲ့ notification မဟုတ်ပါဘူးဗျ ကိုယ်တိုင်ကြုံတွေ့ရတာလေးကိုဆောင်ရန်ရှောင်ရန်အနေဖြင့်ရေးသားဖေါ်ပြခြင်းဖြစ်ပါတယ်ခင်ဗျ ဒီ 9ချက်လွတ်တဲ့ Formဆိုခံစားခွင့်သေချာပါ့မယ်ဗျ

ကျွန်နော်ရေးသားဖော်ပြထားသောတစ်ခြားကိစ္စရပ်များသည် ခံစားလို့အဆင်ပြေအောင်ဖော်ပြထားခြင်းဖြစ်ပါသည်Rule အရအမြင်မတော်တာ သိနေတာတွေလဲရှိပါသည် ထို့ကိစ္စရပ်များညှိလာရင်တော့ ထုတ်/သွင်း အကောက်ခွန်ညွှန်မှုးထံ ရေးသာတင်ပြပြီး ဆုံးဖြတ်ချက်တောင်းခံနိုင်ပါသည်ဟု ပြောရင်း  မိမိအမြင်ဖြင့်သာရေးသားဖော်ပြချက်ဖြစ်၍ အမှားပါရင်လည်း ေ ဝဖန်အကြံပြာနိုင်ပါကြောင်းပြောကြားလိုက်ရပါတယ်ဗျ အားလူံး good night.

                                                    လေးစားလျှက်
                                                     KO PYONE

Sunday, 22 September 2019

Incoterms အကြောင်းသိကောင်းစရာ (အပိုင်း-၆)


🕵️🕵️🕵️ဒီနေ့တော့ INCOTERMS များ တူရာတူရာ နည်းနည်းချင်းစီစုပြီး ဖော်ပြရေးသားတင်ပြလာရာ ၁၁ ခုပြီးမြောက်မယ့် နောက်ဆုံးနေ့ အပိုင်း ၆ က်ုရောက်ရှိလို့လာပါပြီဗျ အားလုံးနားလည်မယ်လို့ကျွန်တော်မျှော်လင့်လိုက်ပါတယ်ဗျ။

ယခုကျွန်တော်တင်ပြသွားမှာက SEA AND INLAND WATERWAY TRANSPORT မှကျန်သော FAS နှင့် CFR ပဲဖြစ်ပါတယ်ခင်ဗျ ကဲစလိုက်ကြရအောင်ဗျာ

#FAS - FREE ALONGSIDE SHIP 

👉FAS ဆိုသည်မှာ  ကုန်ရောင်းသူ (seller )အနေဖြင့် တင်ပို့မည့်ပစ္စည်း များကိုသယ်ဆောင်မည့် သဘောင်္ပေါ်သို့ ကပ်ပေးလိုက်ရုံဖြင့် ကုန်ရောင်းသူ တာဝန်ပြီးဆုံးမည်ဖြစ်ပါသည်။ ထိုသ်ု့ ဘေးချင်းယှဉ်ထားသောနေရာမှ သဘောင်္ပေါသို့ တင်ရာတွင်  ကုန်ကျစရိတ် (Crane charges)၊ အာမခံကြေး (insurance charges)၊သဘောင်္တင်ဆောင်ခ (freight charges) နှင့် တင်သွင်းနိုင်ငံရောက် အကောက်ခွန်ရှင်းလင်းခ (clearance charges ) ပါ ဝယ်သူမှတာဝန်ယူ ကုန်ကျခံရမည်ဖြစ်ပါသည်။

#CFR - COST AND FREIGHT

👉(CFR/CNF) သည် ကုန်ရောင်းသူအနေဖြင့်တင်ပို့ပစ္စည်းများကို FOB ကဲ့သို့ သဘောင်္လက်ရမ်းကျော်လျှင်မိမိကိစ္စပြီသော်ညားလဲ သဘောင်္ကုန်ကျစရိတ် (Freight charges)ကိုတာဝန်ယူရမည်ဖြစ်သည်။ ကုန်ပစ္စည်းအာမခံကြေး (Insuarance charges)ကိုကုန်ဝယ်သူမှတာဝန်ယူရမည်ဖြစ်သည်။

👍ကုန်ပစ္စည်း အလေးချိန် အရည်အသွေးစသည်တို့ကိုမူ သဘော်ကြီးပေါ်သို့ရောက်သည်အထိ ရောင်းသူ (seller)မှာတာဝန်ယူပြီး ယင်းနောက်ပိုင်းမှစ၍ ကျန်သောကိစ္စအဝဝ ကို ဝယ်သူ (buyer) မှတာဝန်ယူရပါသည်။

OK ဒီနေ့ဟာ ကျွန်တော် INCOTERMS တင်ပြချက်ဟာ 6 ရက်မြောက်နေ့ လည်းဖြစ်သလို လက်စသတ်ပြီးသည့်နေ့လည်းဖြစ်ပါသည် အားလုံးလဲ ကျွန်နော့်ရဲ့တင်ပြချက်ကိုနားလည်မယ်လို့ယုံကြည့်ပါတယ် ဘာလို့လဲဆိုတော့ နဲနဲ ဖြည်းဖြည်း မှန်မှန်လေ့လာလို့ရအောင် တင်ပြထားတဲ့အတွက်ပါဗျ 

👏👏ကျွန်တော်နောက်နေ့များမှာလည်း တစ်ခြား Trade နှင့်သတ်ဆိုင်သော Myanmar Customs နှင့်သတ်ဆိုင်သော ဥပမာ :DUTY FREE SHOP
                 :TRANSIST 
                 :CMP
                 :CEPT 
                 :SO    သို့သောသို့သော အကြောင်းအရာတွေကိုရေးသားတင်ပြသွားဖို့စဉ်းစားထားပါတယ်ဗျ ကျွန်တော်အာမခံထားသလို နေ့တိုင်း INCOTERMS ကိုရေးသာဖော်ပြခဲ့လို့ကျွန်နော်တာဝန်ကျေပါပြီဗျ ကျွန်တော့်အလုပ်ချိန်တွင် မေးသောအကိုအမများမအားလို့ပြန်မဖြေဖြစ်တာ sorry ပါဗျ ထို့ကြောင့်အားတဲ့အချိန် ၁ နာရီပေး၍ သိသင့်သောအကြောင်းရာများကို ကြိုးစား၍ရေးသားဖေါ်ပြမည်ကြောင်းပြောကြားရင်းနဲ့ GOOD NIGHT ပါဗျ🤩🤩🤩

                                                       လေးစားလျှက်
                                                        KO PYONE

Incoterms အကြောင်းသိကောင်းစရာ (အပိုင်း-၅)


ဒီနေ့တော့အချိန်လေးကျရောက်လာပြီဖြစ်တော့ INCOTERM ဘေး အပိုင်း (၅) လေးဆက်လိုက်ရအောင်ဗျာ။

INCOTERM 4 မျိုးကျန်တဲ့အထဲမှ ANY MODE OF TRANSPORT မှာ ကျန်နှစ်ခုကိုအရင်ပြောမယ်ဗျာ အားလုံးလည်းဖြည်းဖြည်းချင်းတူရာတူရာမှတ်တယ်ဆိုတော့နားလည်လောက်မယ်ထင်ပါတယ်ဗျ စာလိုမှတ်ရင်တော့အဆင်မပြေဘူးဗျ မျက်စိထဲပုံဖေါ်ကာ တွေားကြည့်ပြီးဖတ်လို့ရအောင်အရိုးရှင်းဆုံးပုံစံဖြင့် ထို့ကြောင့်တင်ပြထားခြင်းဖြစ်ပါသည်။

ကဲဗျာအလုပ်နဲ့သက်သေပြကြရအောင် အခုတင်ပြမှာကတော့ ကျွန်တော်တို့  FCA ပဲဖြစ်ပါတယ်ခင်ဗျ

#FCA - FREE CARRIER

👉FREE CARRIER (FCA) ဆိုသည်မှာ ရောင်းသူ (seller)မှာ ဝယ်သူ (buyer) ရဲ့ လိုလားချက်အတိုင်း ကားဂ်ိတ် ၊ လေဆိပ် ၊ ရထားဘူတာ (သတ်မှတ်ထားတဲနေရာ) ပေးပို့ရန် ရောင်းသူ (seller )မှတာဝန်ရှိပါသည်။ဝယ်သူသတ်မှတ်ထားသော နေရာသို့ ကုန်ပစ္စည်းသယ်ယူခကိုရောင်းသူ (seller) မှာတာဝန်ယူရမည်ဖြစ်ပြီး ကုန်ချနေရာ တွင် အကောက်ခွန်ရှင်းလင်းခ (customs clearance charges)၊သဘောင်္ခ (Freight charges)၊ကုန်ပစ္စည်း နောက်ဆုံးရောက်ရှိရာနေရာ သို့ သယ်ဆောင်ခ (transporation charges) တိုကို ဝယ်သူမှတာဝန်ယူ ကုန်ကျခံရမည်ဖြစ်သည်။FREE CARRIER (FCA)သည် သယ်ယူပို့ဆောင်ရေး နည်းလမ်းများတိုးတက်လာသည်နှင့်အမျှ Multimodel Transport များဖြစ်သော container စနစ်၊ Roll on /Roll off စနစ်များ ကြောင့် သုံးစွဲလာခြင်းဖြစ်ပါသည်။
👍FCA သည် FOB နဲ့အခြေခံအားဖြင့်တူသော်လည်း ကုန်ဝယ်သူသတ်မှတ်ပေးထားသော အမည်စာရင်းပေးထားသော စယ်ဆောင်သူ လက်သိုရောက် ပြီး သတ်မှတ်ထားသော နေရာ (Name Place)တွင်လွှဲအပ်ပြီးမှ ရောင်းသူတာဝန်ပြီးဆုံးသည်ဖြစ်ပါသည်။

ok နောက်လည်းကျနေပြီဆိုတော့နောက်ထပ်တစ်ခုဆက်လိုက်ုကရအောင်ဗျ ထပ်ပြီးဆက်မှာကတော့ DDP လေးပဲဖြစ်ပါတယ်ခင်ဗျ

#DDP - DELIVERED DUTY PAID

👉 DELIVERED DUTY PAID (DDP)ဆိုသည်မှာ ကုန်ရောင်းသူ (seller) အနေဖြင့် ကုန်ပစ္စည်းများအတွက်တာဝန်ယူ မှု့ အတိုင်းတာအများဆုံးသော incoterms တစ်ခုဖြစ်ပါသည်။ထိုစနစ်တွင်  ကုန်ရောင်းသူသည် ကုန်ပစ္စည်းကို ကုန်ဝယ်သူသတ်မှတ်ထားသည့် ကုန်တင်သွင်းနိုင်ငံ  ရှိသတ်မှတ်နေရာတစ်ခုသို့ ရောက်အောင် ပို့ပေးရမည်ဖြစ်ပြီး ရောက်သည်အထိ ကိစ္စအဝဝ ကို ကုန်ရောင်းသူ (seller)မှ တာဝန်ယူရမည်ဖြစ်ပါသည်။ ထိုတာဝန်များထဲတွင် တင်သွင်းနိုင်ငံအရောက် ပေးဆောင်ရမည့် အကောက်ခွန်နှင့် အခြားအခွန်ခများကို ကုန်ရောင်းသူ (seller ) မှပေးဆောင်ရမည်ဖြစ်ပါသည်။ထို DDP သည် ကုန်ပစ္စည်း လိုင်စင်အခက်ခဲရှိပါက တခြားသောကိစ္စရပ်များအဆင်မပြေပါက ကုန်ရောင်းစာချုပ်တွင် လက်ခံခြင်းမပြုပဲ တစ်ခြားစနစ်ဖြင့်ချုပ်ဆိုသင့်ပါသည်။

👍ကျွန်တော့အမြင်ပြောရရင်တော့ MIC ခွင့်ပြုမိန့်ဘာညာ ကင်းလွတ်ခွင့်ကြိုတင်ရပြီးသား နိုင်ငံတော် project စသောကိစ္စရပ်များမှလွဲ၍ အခြားသောပစ္စည်းများ DDP TERMS ဖြင့်တောအဆင်မပြေလောက်ဘူးထင်တယ်ဗျ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဌာနတွေများလွန်း ဌာနတစ်ခုနဲ့တစ်ခုစကားမပြော ကြားကAgent ခံနေသောအချိန်အတိုင်းတာတစ်ခုမကျော်လွန်မချင်း DDP terms နဲ့တင်သွင်းဖို့ RISK (90%)မြင်၍ ကျွန်တော့အမြင်ဖြင့် ဂရုစိုက်သေချာစွာ contract လုပ်ဖို့ အကြံပေးလိုက်ရပါတယ်ခင်ဗျာ

🤝ကဲဗျာ အချိန်သည်လူကိုမစောင့် ဆိုတဲ့စကားမှန်ကန်သည်ကိုထောက်ခံရမည်ဖြစ်သဖြင့်😉လက်စသတ်လိုက်ပါတော့မယ်ဗျ ယခုတင်ပြခြင်း ကိုယ်ပိုင် personal အမြင်ဖြင့်ရေးသားဖေါ်ပြလိုက်ရသည်ဖြစ်သဖြင့် အမှားပါရင်ဝေဖန်အကြံပေးနိုင်ပါကြောင်းပြောကြားရင်းနဲ့ အိပ်ရာဝင်တော့မယ်ဗျာ မနက်ကျ လည်း UMFCCI ပြခန်းမှာ booth ယူထားလို့သွားရမယ်ဆိုတော့ နှုတ်ဆက်လိုက်ရပါတယ်ဗျ good night🤩

                                                            လေးစားလျှက်
                                                             KO PYONE

Saturday, 21 September 2019

Incoterms အကြောင်းသိကောင်းစရာများ (အပိုင်း-၄)


ဒီနေ့တော့ ကျွန်တော်တို့ အပိုင်း ၄ ဆက်လိုက်ကြရအောင်ဗျာ ကျန်တဲ့ INCOTERMS လေးတွေ ကျွန်တော်အခုအပိုင်းပိုင်းခွဲနေရသောသဘောမှာ ယခုမှစလေ့လာသူတွေအတွက်ရည်ရွယ်ပြီး ကိုယ်လုပ်ကိုင်နေသော shipment မှာအများဆုံးပါတဲ့ INCOTERMS ပဲသိကြတဲ့ ဘော်ဒါတွေအတွက် နည်းနည်းချင်းမှတ်မိရလွယ်အောင်တူရာစုပေးနေတာဖြစ်ပါတယ်ဗျ ထို့ကြောင့်လည်းနားလည်မယ်ထင်ပါတယ်ဗျ။

ကဲ Any Mode Of Transport မှ DAT နဲ့ DAP ကိုဆက်လိုက်ကြရအောင်ဗျာ။

#DAT - DELIVERED AT TERMINAL

👉DAT တွင် ကုန်ရောင်းသူ (seller) သည် ကုန်ဝယ်သူနှင့် အမည်သတ်မှတ်ထားသော နေရာတွင် ကုန်ပစ္စည်းကို ရောင်းသူမှ ဝယ်သူကိုအပ်သောစနစ်ကိုဆိုလိုသည်။ကုန်ချစခန်း(Terminal)ဆိုရာတွင် အမိုးအကာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၊ ဆိပ်ခံတံတား၊သိုလှောင်ရုံ ၊ကုန်သေတ္တာလက်ခံသည့်နေရာ ၊မော်တော်ယာဉ်ဝင် ၊မီးရထားဝန်း သို့မဟုတ် လေကြောင်းပို့ကုန်လက်ခံစခန်း စသည့်နေရာများပါဝင်ပါသည်။ရောင်းသူ (seller) ကုန်ပစ္စည်းများသတ်မှတ်နေရာ တွင် ချသည့်အချိန်ထိ တာဝန်ယူပေးရပါသည်။

တစ်လက်စာတည်း DAP လေးဆက်ရအောင်ဗျာ

#DAP - DELIVERED AT PLACE

👉DAP တွင် ကုန်ရောင်းသူ (seller) နှင့် ကုန်ဝယ်သူ (buyer) တို့ သဘောတူထားသောနေရာတွင် ကုန်ပစ္စည်းချယူနိုင်ရန်အသင့် ထား၍လွှဲအပ်သည်ကိုဆိုလိုသည်။ကုန်ရောင်းသူ (seller) မှာ ကုန်ပစ္စည်းသတ်မှတ်ထားသည့်နေရာအရောက်ထိ တာဝန်ယူပေးရပါသည်။

အဲ့သလောက်ဆိုရင်တော့ DAT နှင့် DAP မှာ နားလည်ရလွယ်သည်ဖြစ်၍ အဆင်ပြေမယ်လို့ထင်ပါတယ်ဗျ။
ကျွန်နော်လည်း တင်ပြပေး ရှင်းပြပေးမည်ဟု အချို့ညီငယ်များကိုကတိပေးထား၍ ပင်ပန်းတဲ့ကြားကတင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျ။အမှားပါရင်လည်းဝေဖန်အကြံပြုနိုင်တဲ့အကြောင်းပြောရင်း အားလုံး GOOD NIGHT ဗျာ။

CEPT နဲ့ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်များမေးထားသောမိတ်ဆွေများကိုလည်း INCOTERMS လေးပြီးမှ ကြိုးစားတင်ပြပေးမည်ဖြစ်ကြောင်းလေးစားစွာမေတ္တာရပ်ခံအပ်ပါတယ်ဗျ။

                                                     လေးစားလျှက်
                                                      KO PYONE

Friday, 20 September 2019

Incoterms အကြောင်းသိကောင်းစရာများ (အပိုင်း-၃)


ကဲဒီနေ့တော့သူငယ်ချင်းများအားလုံးကို အပိုင်း ၃ ဖြစ်တဲ့ INCOTERMS လေးဆက်ကြရအောင်ဗျာ ဘာပဲပြောပြော အရမ်းအသုံးများတဲ့ FOB /CIF/Ex Works ကိုသိပြီဆိုတော့နောက်ကျန်တဲ့ Incoterms လေးထဲကနှစ်ခုလောက်ဆက်ရအောင်ဗျာ။
ဒါနဲ့ကျွန်နော့်အားတောင်းဆိုထားတဲ့ CIP လေးကိုဖေါ်ပြရင်းနဲ့သူနဲ့ဆင်တူသော CPT လေးကိုအရင်ရှင်းပြပါရစေဗျ။

#CPT - CARRIAGE PAID TO

👉လက်ရှိကျွန်တော်တို့ CPT တွင် ရောင်းသူ (seller)ရဲ့တာဝန်မှာ ကုန်ဝယ်သူ (buyer)သတ်မှတ်ထားသည် ကုန်ချဆိပ်ကမ်းအရောက် transporation charges /Freight charges/Customs clearance charges ကိုပေးချေရန်တာဝန်ရှိပြီး ကုန်ရောင်းသူ(seller) တာဝန်အနေဖြင့် ကုန်ပစ္စည်းများကို ကုန်ဝယ်သူ (buyer)နှင့်သတ်မှတ်ထားသော နေရာတစ်ခု တွင် ကုန်ဝယ်သူ(buyer)အား ကုန်ပစ္စည်းလွှဲအပ်ပြီးပါက ကုန်ရောင်းသူ(seller) တာဝန်ပြီးဆုံးမည်ဖြစ်ပါသည်။ ထို CPT သည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများတိုးတက်လာသည်နှင့်အမျှ MULTI MODEL TRANSPORT စနစ်သုံးပြီး RISK ကို ပထမဆုံးသယ်ယူသည့် ယာဉ်မှ ကုန်ချဆိပ်ကမ်း သတ်မှတ်ထားသည့်နေရာရောက်သည်အထိ အဆင့်ဆင့်လွှဲပြောင်းသယ်ယူခြင်းကို တာဝန်ယူရမည်ဖြစ်ပါသည်။
👍အချုပ်အားဆိုသော် ကုန်ရောင်းသူ သည် ကုန်ဝယ်သူနှင့် သဘောတူသတ်မှတ်ထားသည်နေရာ လွှဲပြောင်းချိန်အထိ အာမခံကြေး (Insurance)မှလွဲ၍ အခြားသောကုန်ကျစရိတ်များတာဝန်ယူရမည်ဖြစ်သည်။

ကဲအဲ့တော့သူနဲ့ဆင်တူဖြစ်တဲ့မှတ်ရလွယ်တဲ့တစ်ခုဆက်ရအောင်ဗျာ

#CIP - CARRIAGE AND INSURANCE PAID TO

👉CIP သည် ကုန်ရောင်းသူ (seller)က CPT ကဲ့သို့ပင် ကုန်ဝယ်သူနှင့်သတ်မှတ်ထားသော နေရာသို့ ပေးပို့ရန်အတွက် transporation charges /Freight charges / Customs clearance charges ပေးဆောင်ရသည့်အပြင် ပို့ဆောင်နေစဉ်အတွင်း ပျက်စီဆုံရှုံးမှုအတွက် အာမခံစရိတ် (Insuarance cost) ကိုလည်း ကုန်ကျခံပေးရပါသည်။ထို့ကြောင့် ကုန်ရောင်းသူ (seller) ၏တာဝန်မှာ သတ်မှတ်ထားသည့်နေရာ ထိ အာမခံနှင့် အခြားသော ကုန်ကျစရိတ် ကျခံကာ ပထမသယ်ဆောင်မည့်သူ (First Carrier)သို့ ကုန်ပစ္စည်းရောက်ရှိလျှင် ကုန်ရောင်းသူ (seller)တာဝန်ပြီယဆုံပြီ ဖြစ်ပါသည် ။ #CIP မှာမည်သည့်သယ်ယူ ပို့ဆောင်မှု့စနစ် တွက်မဆိုအသုံးပြုနိုင်ပြီး အထူးသဖြင့် MULTIMODEL TRANSPORT တွင်ပိုမိုအဆင်ပြေသင့်တော်မည်ဟုယူဆရပါသည်ခင်ဗျာ။
 
တစ်ဆက်တည်း myanmar customs deparment တွင် valuation သတ်မှတ်ရာတွင်လည်း CIF TERMS နဲ့ညှိမှာဖြစ်၍ #CPT တွင် ကုန်သည်စီက INSURANCE နှင့် သတ်မှတ်ထားသည့်နေရာမှ ကုန်ဝယ်သူ ဂိုထောင်အရောက် transporation charges များတောင်းမည်ဖြစ်သည်။
#CIP တွင် ကုန်ဝယ်သူတင်ပြသော INVOICE နှင့် SALE CONTRACT သေချာစစ်၍ သတ်မှတ်နေရာမှ ကုန်ဝယ်သူ ဂိုထောင်ထိ transporation charges တွေတောင်းမည်ဟုယူဆရပါသည်။ လက်ရှိအနေဖြင့် မည့်သည့်နေရာတွင် ပစ္စည်းလွှဲပြောင်းမည်ဆိုတာလည်းကွာခြားအုန်းမည်ဖြစ်သည့်အတွက် ယူဆချက်ကိုတင်ပြလိုက်ရပါသည်။

အဲ့ဒီတော့ ဒီနေ့တင်ပြရှင်းပြချက်နဲ့ဆိုလျှင် INCOTERMS 5 ခုပြီးဆုံးပြီဖြစ်ပါသည် အားလုံးနားလည်အောင်အခြေခံအသုံနှုန်းများနှင့်တင်ပြထားသည့်အတွက်နားလည်မည်ဟုယူဆရပါတယ်ခင်ဗျ ယခုတင်ပြချက်များသည် ကျွန်နော်နားလည်သလိုရေးသာတင်ပြထားသည့်အတွက် အမှားပါလျှင်ခွင့်လွတ်ပြီး ဝေဖန်အကြံပြုနိုင်ပါတယ်ခင်ဗျ ။နောက်ကျန်ရှိသော INCOTERM 6 ခုကိုအားရင်အားသလို တင်ပြရှင်းလင်းပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ကြရအောင်ဗျာနော်။အရင်သိချင်တဲ့ INCOTERMS များရှိရင် commet တွင်ရေသားတောင်းဆိုနိုင်ပါတယ်ခင်ဗျ။

မေးမြန်းသောစကားများကိုချက်ချက်ပြန်မဖြေပေးနိုင်ရင်းလည်းခွင့်လွတ်ပါအားတဲ့အချိန်ကြိုးစားဖြေကြားပေးမယ်ပြောရင်း Good night ဗျာ အားလုံး🤝🤝🤝🤝

                                                   လေးစားလျှက်
                                                     KO PYONE

Thursday, 19 September 2019

Incoterms အကြောင်း သိကောင်းစရာ (အပိုင်း-၂)



မနေ့က ကျွန်တော် တို့ INCOTERMS ရဲ့ နောက်ကြောင်းအနည်းငယ်နဲ့ TERMS 11 ခုဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။
နောက် အများဆုံးအသုံးပြုတဲ့ FOB (free on board)ကိုလည်းကျွန်တော်တို့ အခြေခံ seller /buyer ရဲ့တာဝန်ယူမှု့တာဝန်ခံမှု့ကိုနားလည်မယ်ထင်ပါတယ်ဗျ စပြီးလေ့လာသူများအတွက်ရည်ရွယ်ရေးသားထားတဲ့အတွက်ပါဗျ။

ကဲဗျာအဲ့တော့ဒီနေ့ အသုံးအများဆုံး incoterms ထဲက

 #CIF  - COST INSURANCE AND FREIGHT

  👉 CIF ရဲ့သဘောတရားမှာ ကုန်ရောင်းသူတာဝန်မှာ သူတင်ပို့မည့်ပစ္စည်းကုန်စည်အား (FOB) နည်းတူ သဘောင်္လက်ရမ်း သဘောင်္ပေါ်အရောက်တင်ပို့ပြီးပါက ကုန်ရောင်းသူ (seller) ၏တာဝန်ကျေပြီဖြစ်သော်လည်း သဘောင်္ကုန်ကျစရိတ် (freight) နှင့် တင်ပို့ကုန်စည် ပစ္စည်းအတွက် အာမခံ (insurance) ကို port of discharging တစ်ဖက်ဆိပ်ကမ်းရောက်သည်အထိ ကုန်ကျစရိတ်များကို ကုန်ရောင်းသူ (seller)မှ ကုန်ကျခံ တာဝန်ယူရမည့် တာဝန်ယူမှု့တာဝန်ခံမှု့ရှိပါသည်။

တစ်ဆက်တည်း myanmar customs တွင် clearance လုပ်လျှင်လည်း seller ဘက်ကကျသင့်သောကုန်ကျစရိတ်များအား ပေးခဲ့ရတာဖြစ်လို့ ထို shipment များတွင် invoice CIF စျေးကိုလက်ခံ၍ INSURANCE CERTIFICATE ကိုတောင်း၍သေချာစစ်ဆေး၍ CIF စျေးဖြင့်ပေးပါသည်ခင်ဗျာ ထို့ကြောင့် CIF TERMS ဖြင့်မှန်ကန်စွာသွင်းလာသော buyerbများမှာ ကိုယ်တိုင်လုပ်ထားသော sale contract များမဟုတ်ပဲ အမှန်ကန် sale cotract များတင်ပြ၍ မှန်ကန်သောစျေးနှုန်းဖြင့်ခံစားနိုင်ကြပါစေဗျာ။

ဒီနေ့တော့ CIF ကမှတ်ရလွယ်လို့ နောက် INCOTERMS တစ်ခုဆက်ရအောင်ဗျာ သူကတော့

#EXW - EX WORKS

👉 Ex Works ဆိုသည်မှာ ကုန်ရောင်းသူ (seller) တွင် အပေါ်က FOB/ CIF တို့လိုတာဝန်ခံမှု့မများတော့ပဲ အနည်းဆုံးဖြစ်ပါသည်။ကုန်ဝယ်သူ (Buyer)မှ ကုန်ပစ္စည်းကို ကုန်ရောင်းသူ(seller) ၏လုပ်ငန်းဌာနေ စက်ရုံ(factory)/သိုလှောင်ရုံ (warehouse) မှစ၍ ကုန်ပစ္စည်းလွှဲပြောင်းရယူပြီး ကုန်ကျစရိတ်များက်ု ကုန်ဝယ်သူဘက်မှ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သယ်ဆောင်ရသောကြောင့်ဖြစ်သည် ။ကုန်ဝယ်သူ (buyer)နှင့် ကုန်ရောင်းသူ (seller) ကြားတွင် ကုန်ပစ္စည်းတန်ဖိုးတစ်ခုသာ contract ရှိမည်ဖြစ်ပါသည်။

ထို့ကြောင့် myanmar customs တွင် CIF ဖြစ်အောင်ပြရမည်ဖြစ်သည့်အတွက် Ex works terms shipment အား တစ်ဖက်နိုင်ငံစက်ရုံမှ တင်ပို့မည့်ဆိပ်ကမ်း သိုသွားမည့် (1)transporation charges (2) Ship Freight charges
(3)Insurance charges ထိုအချက်များအပြင်ကုန်ကျခဲ့သော ကုန်ကျစရိတ်များကိုတောင်းပြီး valuation deparment မှ စျေးနှုန်းသတ်မှတ်ပေးတာဖြစ်ပါတယ်ခင်ဗျာ။
ok နားလည်တယ်လိုထင်ပါတယ်ခင်ဗျ ကျွန်တော်တင်ပြဖေါ်ပြရေးသားခြင်းသည်ကိုယ်နားလည်သလိုရေးထားတာဖြစ်လို့အမှားပါရင်လည်းဝေဖန်အကြံပြုနိုင်ပါကြောင်းပြောရင်းနဲ့ မနက်ဖြန်အားခဲ့လျှင် ကျန်သော INCOTERMS 8 မျိုးထဲမှ မည့်သည်ကိုဖေါ်ပြမယ်ဆိုတာကိုစောင့်မျှော်ကြရအောင်ဗျာ။

Ps.သိချင်လို့မေးမြန်းချက်များကို အချိန်မှိမဖြေနိုင်လို့စိတ်မဆိုးပါနဲ့ဗျ အားရင်အားသလိုဖြေပေးပါမယ်ဗျ။

                                                    လေးစားလျှက်
                                                    KO PYONE

Wednesday, 18 September 2019

Incoterms အကြောင်း သိကောင်းစရာ (အပိုင်း-၁)




သူငယ်ချင်းများမေးမေးနေလို့ သိသလောက် INCOTERMS အကြောင်းဖေါ်ပြလိုက်ရပါတယ်ဗျ
TRADE နဲ့ပတ်သတ်ရင်အရေးကြီးဆုံးသိရန်လိုအပ်ချက် TERMS တွေပေါ့ဗျာ☺️☺️

INCOTERMS မှာ International Rules for the Interpretation of Trade Terms ဟုအရှည်ခေါ်ဆိုပါတယ်
 ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့ incoterms 13 ခုကနေ ၂၀၁၀ ခုနှစ်မှ ယခုအချိန်အထိ 11 မျိုးပြင်ဆင်သတ်မှတ်ခဲ့ကြပါသည် ။ပြီးခဲ့တဲ့ long long ago ပြန်မသွားတော့ပဲအခုသုံးနေတာတွေကိုပဲ ဆက်ကြရအောင်ဗျာ

2010 မှစ၍ လက်ရှိကျင့်သုံးနေသော INCOTERMS များ
မှတ်ရလွယ်အောင်ခွဲပြောပေးမယ်ဗျာ

#ANY MODE OF TRANSPORT 
1.EXW -      EX_ WORK
2.FCA-       FREE CARRIER
3.CPT -      CARRIAGE PAID TO
4.CIP  -    CARRIAGE AND INSURANCE PAID TO
5. DAT-    DELIVERED AT TERMINAL
6. DAP-    DELIVERED AT PLACE
7. DDP-     DELIVERED DUTY PAID

#SEA AND INLAND WATERWAYS TRANSPORT
8.FAS - FREE ALONGSIDE SHIP
9.FOB - FREE ON BOARD
10.CFR - COST AND FREIGHT
11.CIF -  COST INSURANCE AND FREIGHT

OK 11 ခုလုံးရပြီဆိုတော့တစ်ခုခြင်းစီရဲ့ကုန်ပို့သူ ကုန်လက်ခံသူ တာဝန်ယူမှူ့တာဝန်ခံမှူ့အကြောင်းအသေးစိတ်ကိုကျွန်တော် အားလုံးနားလည်အောင်ရှင်းပြပေးပါ့မယ်ခင်ဗျာ
ဒီနေ့တော့မိုးလည်းချုပ်ပြီဆိုတော့ဗျာ အခုလက်ရှိအသုံးများဆုံး INCOTERMS ဖြစ်တဲ့ FOB ကိုဒီညရှင်းပြပါ့မယ်ဗျ

#FOB - FREE ON BOARD
FOB တွင် ကုန်ရောင်းသူ တာဝန်မှာ သူတင်ပို့မည့်ပစ္စည်းအား သဘောင်္လက်ရမ်းကျော်၍ သဘောင်္ပေါ်ရောက်လျှင်သူ၏တာဝန်ကျေပြီဖြစ်၍ ကျန်သော သဘောင်္ပေါ်တွင်အိတ်စီခ (stowage Charges) ၊ရေကြောင်းအာမခံကြေး(Insurance)၊သဘောင်္ခ (Freight) တို့ကို ကုန်ဝယ်သူမှ တာဝန်ယူရပါသည်။သို့သော် ရောင်းသူဝယ်သူ ညှိနှိုင်း၍ သဘောင်္ပေါ်တွင် အိတ်စီခ (Stowage Charges) ကိုကုန်ရောင်းသူကျခံစေရန်သဘောတူညီထားလျှင် စာချုပ် (Contract )တွင် FOB (Stoved) ဟုထည့်သွင်းစာချုပ်ချုပ်ဆိုနိုင်ပါသည်။ ထိုကဲ့သို့ချုပ်ဆိုပါက တိတိကျကျ စာချုပ်တွင် ရေးသားချုပ်ဆိုသင့်ပါသည်။

ကဲ့အဲ့ဒီတော့ ဒီဘက်နိုင်ငံရောက် Customs သတ်မှတ်ချက်လေးတစ်ဆက်တည်းပြောကြရအောင်ဗျာ
Myanmar Customs မှ FOB နဲ့တင်ပြလာသော Shipment များက်ုအရင်က FOB ဆိုလျှင် 20% (1.2 time) ဆိုပြီးinvoice price ပေါ်ထပ်ပေါင်းပြီးစျေး သတ်မှတ်ထားရှိခဲ့တယ်ဗျ အချိန်ကာလတစ်ခုထိ ကုန်သည်များပေးခဲ့ရတယ်ဗျ။အခုချိန် များမကြာမှီကာလ မှ FOB shipment ဆိုလျှင် INSURANCE တောင်းတယ် FREIGHT တောင်းတယ် ဒီနှစ်ခုရရင်အမှန်စင်စစ်ဖြစ်လျှင် ထိုစျေးနဲ့ခွင့်ပြုခဲ့တယ်ဗျ
ထို့ပြင်လည်း August 21 ,2019 customs နှင့် MBI အစီးဝေးတွင်လည်း Customs ဘက်မှ အမှန်ကန် insurance/freight တင်ပြ၍ တင်ပြတဲ့အတိုင်းဖြစ်စေရမည်နှင့် မတင်ပြနိုင်ရင်လည်း ပွင့်လင်းရိုးသားစွာကုန်သည်များဘက်ကတင်ပြချက်ကို ဖြေရှင်းပေးပါမည်ဆိုတဲ့အကြောင်းလည်း ညွှန်ချုပ်ကြီးနဲ့တကွ အရာရှိကြီးများမှဖြေကြားခဲ့ပါတယ်ခင်ဗျ။
ထိုကြောင့် ကျွန်တော်တို့ကုန်သည်များဘက်ကလည်းမှန်ကန်စွာတင်ပြနိုင်၍ မှန်ကန်သော Valuation မှန်ကန်ဝယ်ရင်းစျေးရအောင် ပူပေါင်းပါဝင်ပေးရန်မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ။
အခုလက်ရှိဖေါ်ပြချက်သည် ကျွန်တော်တို့မျိုးဆက်သစ် Trade ကိုဝါသနာပါသူများနှင့် အခုမှ Import လောကကိုဝင်လာသောသူငယ်ချင်းများကိုရည်ရွယ်ပါသည် ကျွန်တာ့ FB တွင်ရှိသောသူအများမှာကျွမ်းကျင်သူသာများ၍ တစ်ခုခုအမှားပါရင်လဲဝေဖန် အကြံပေးနိုင်ပါတယ်ခင်ဗျ နောက်နေ့များမှာလည်းအားရင်အားသလိုသိသလောက်ရှင်းပြသွားမည့်အကြောင်းပြောရင်း မနက်ဖြန် CIF ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
                                                      လေးစားလျှက်
                                                        KO PYONE

Logisticsသမားများရဲ့ HS Code အဘိဓာန်လှန်နည်း

Logisticsသမားများရဲ့အဘိဓာန်လှန်နည်း ဟုတ်ကဲ့ ကိုယ့်ဆရာကိုယ့်အမိ များအားလုံးမင်္ဂလာပါဗျ ကျွန်တော်လဲ မအားတာနဲ့ လိုင်းပေါ် logistics knowledge မ...